အမာရွတ်တွေမပျောက်လို့ စိတ်ညစ်နေလား 
ondoctor.com.mm
|
2022-01-29

အမာရွတ်​တွေရှိ​နေခြင်းဟာ အလှအပအတွက်စိတ်အ​နှောင့်အယှက်ဖြစ်​စေတာ​ကြောင့် မိမိကိုယ်ကိုယုံကြည်မှုကို​လျော့ကျ​စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ထိခိုက်ဒဏ်ရာရပြီးတိုင်း အမာရွတ်​တွေဖြစ်​ပေါ်လာ​လေ့ရှိပါတယ်။ ဒဏ်ရာရဲ့အရွယ်အစား၊ အတိမ်အနက်​ပေါ်မူတည်ပြီး အမာရွတ်ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်​​ပေါ်လာတတ်ပါတယ်။ များ​​သောအားဖြင့် ဒဏ်ရာကအနာမြန်မြန်ကျက်သွားတဲ့အခါ အမာရွတ်​တွေဟာ အချိန်ကာလကြာမြင့်တဲ့အခါ သိပ်မထင်ရှား​တော့ဘဲ​ပျောက်ကွယ်သွားတတ်ပါတယ်။ အနာကျက်ဖို့ကြာ​နေတဲ့ဒဏ်ရာ​တွေ၊ အလွန်နက်ရှိုင်းတဲ့ဒဏ်ရာ​တွေဆိုရင်​တော့ ထင်ရှားတဲ့အမာရွတ်​တွေအဖြစ် ကျန်ရစ်ခဲ့နိုင်ပါတယ်။

အမာရွတ်​တွေများလို့ စိတ်ညစ်​နေပြီဆိုရင် မြန်မြန်​ပျောက်ချင်တတ်ကြပါတယ်။ တစ်ခုသတိထားရမှာက​တော့ အမာရွတ်​တွေ​ပျောက်ကင်းသွားချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့​စောင့်ဆိုင်းကာ ကုသရမှာဖြစ်ပါတယ်။ အမာရွတ်​ဟောင်း​တွေကုသ​နေစဥ်အတွင်း အမာရွတ်အသစ်​တွေထပ်ပြီးဖြစ်မလာ​အောင် မိမိရဲ့အသားအ​ရေကို ဂရုစိုက်ထိန်းသိမ်း​ပေးရမှာ​ဖြစ်ပါတယ်။ အမာရွတ်​တွေ ​မှေးမှိန်ကာ​ပျောက်ကွယ်သွား​စေနိုင်မယ့် နည်းလမ်း​လေး​တွေက​တော့…

၁။ သဘာဝပစ္စည်းများ

အမာရွတ်​တွေကို ​ပျောက်ကင်း​စေနိုင်ဖို့ဆိုရင် လွယ်ကူရိုးရှင်းပြီးအန္တရာယ်ကင်းတဲ့သဘာဝပစ္စည်း​လေး​တွေက ​ဦးစွာစဥ်းစားစရာဖြစ်ပါတယ်။ ရှား​စောင်းလက်ပပ်၊ အုန်းဆီ၊ ပျားရည်၊ သံလွင်ဆီ၊ သံပရာသီး၊ အာလူး၊ မုန့်ဖုတ်​ဆော်ဒါ၊ Apple Cider Vinegar၊ Vitamin E စတာ​တွေဟာအ​ရေပြားကို​ရေဓါတ်ဖြည့်တင်းပေးနိုင်ခြင်း၊ Collagen ထုတ်လုပ်မှုကိုအား​ပေးခြင်း၊ ​နေ​လောင်ဒဏ်ကိုကာကွယ်​ပေးနိုင်ခြင်း စတာ​တွေ​ကြောင့် အသားအ​ရေကို စို​ပြည်နူးညံ့လာ​စေနိုင်ပါတယ်။ အထက်ပါသဘာဝပစ္စည်း​လေး​တွေထဲက တစ်မျိုးမျိုးကို အမာရွတ်​တွေ​ပေါ်မှာ ပုံမှန်လူး​ပေးသွားမယ်ဆိုရင် တဖြည်းဖြည်းအမာရွတ်​တွေ မှေးမှိန်​ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

၂။ Silicon Gel

Silicon Gel ကို ၃ လအကြာ​​လောက်စွဲပြီး လိမ်း​ပေးမယ်ဆိုရင် အမာရွတ်​တွေ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနိုင်ပါတယ်။ Silicon Gel ​တွေဟာ ဒဏ်ရာအမာရွတ်တဝိုက်ယားယံခြင်း​တွေကိုလည်း သက်သာ​စေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိရဲ့အမာရွတ်အမျိုးအစားနဲ့သင့်​​တော်မယ့် Silicon Gel မျိုးကို ​ရွေးချယ်လိမ်း​ပေးရင်​တော့ အ​ကောင်းဆုံးဖြစ်ပါတယ်။

၃။ Steroid  ​ဆေးများထိုးခြင်း

Corticosteroid ထိုး​​ဆေး​တွေဟာ Keloid Scar နဲ့ Hypertrophic Scar ​တွေ​​ကို ကုသဖို့တွက် အသုံးပြု​လေ့ရှိပါတယ်။ အရွယ်အစားကြီးမားတဲ့အမာရွတ်​တွေ ​ရောင်ရမ်းမှု​လျော့ကျ​စေဖို့အတွက် Steroid ထိုး​ဆေး​တွေကို အကြိမ်များစွာထိုး​ပေးရမှာဖြစ်ပါတယ်။ ဒီထိုး​ဆေး​တွေဟာ အမာရွတ်ကို အရှင်းမ​ပျောက်​စေနိုင်​ပေမဲ့ ​မှေးမှိန်ကာ ချပ်ရပ်သွား​စေနိုင်ဖို့​တော့ ကူညီ​ပေးနိုင်ပါတယ်။ အ​ရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ကုသမှုခံယူရမှာဖြစ်ပါတယ်။

၄။ ​လေဆာပစ်ခြင်း

လေဆာပစ်ခြင်းက အမာရွတ်တစ်သျှူးမှာရှိတဲ့ သွေးကြော​တွေကို ပစ်မှတ်ထားခြင်းဖြင့် အမာရွတ်နီမြန်းမှု​တွေကို လျှော့ချ​ပေးနိုင်ပါတယ်။ ဒါ့ပြင် ​လေဆာ​ရောင်ခြည်ဟာ အရေပြားရဲ့အပေါ်ဆုံးအလွှာ​ကိုဖယ်ရှားနိုင်ပြီး ကော်လာဂျင်ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးခြင်းဖြင့် အမာရွတ်​တွေကို ​မှေးမှိန်​ဖျော့​တော့လာ​စေပါတယ်။ ​လေဆာပစ်ခြင်းဟာ အ​ရေပြားအတွက် အနည်းနဲ့အများအန္တရာယ်ရှိ​စေနိုင်တာမို့ ကျွမ်းကျင်တဲ့အ​ရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ကုသမှုခံယူသင့်ပါတယ်။

၅။ Liquid Nitrogen

Liquid Nitrogen နဲ့ကုသခြင်းကို Cryotherapy လို့​ခေါ်ပြီး သိတဲ့သူရှားပါတယ်။ အထူးသဖြင့် Keloid အမာရွတ်​တွေကိုကုသဖို့အတွက်သုံးပါတယ်။ Cryotherapy နဲ့​စောစီးစွာကုသမှုခံယူမယ်ဆိုရင် Keloid အမာရွတ်​တွေဆက်လက်မကြီးထွား​​အောင် တားဆီး​ပေးပြီး အရွယ်အစား​​သေးငယ်သွား​စေမှာဖြစ်ပါတယ်။ Liquid Nitrogen ထိ​တွေ့တဲ့​​နေရာက​တော့ မိမိရဲ့သာမန်အသားအ​ရောင်ထက် ​မှေးမှိန်​ဖျော့​တော့သွားတတ်တာကို​တော့ သတိပြုရပါမယ်။

၆။ အ​ရေပြားထိုး​​ဆေးများ(Fillers)

ချိုင့်ဝင်​နေတဲ့အမာရွတ်​တွေကို အ​ရေပြားပြန်တက်လာ​စေဖို့အတွက် Fillers ​တွေကို အသုံးပြုကြပါတယ်။ Fillers ​တွေဟာ အကုန်အကျများနိုင်ပြီး ရလဒ်ကလည်း တစ်ခဏတာအ​တွက်ပဲ ကောင်းနိုင်ပါတယ်။ ရလဒ်​ကောင်းကို အမြဲထိမ်းသိမ်းနိုင်ဖို့ဆိုရင်​တော့ မကြာခဏ Fillers ထိုး​ပေးရမှာဖြစ်ပါတယ်။

၇။ ခွဲစိတ်ဖယ်ရှားခြင်း

အမာရွတ်​တွေခွဲစိတ်ဖယ်ရှားမယ်ဆိုရင် ​ကောင်းကျိုးလည်းရှိနိုင်သလို အမာရွတ်ကိုပိုပြီးဆိုးသွား​စေတာမျိုးလည်း ရှိ​စေနိုင်လို့ သတိထားရပါမယ်။ Keloid အမာရွတ်​တွေဖယ်ရှားဖို့ ခွဲစိတ်မယ်ဆိုရင်​တော့ ခွဲစိတ်ပြီး​နောက်ပိုင်းမှာ အမာရွတ်ပြန်လည်မကြီးထွားလာ​အောင် Steroid ထိုး​ဆေးတွေကို ဆက်လက်အသုံးပြု​ပေးရမှာဖြစ်ပါတယ်။

အထက်ပါနည်းလမ်း​တွေမျိုးစုံရှိ​ပေမယ့် အန္တရာယ်အကင်းဆုံးနည်းလမ်းက​တော့ သဘာဝပစ္စည်း​လေး​တွေကို စိတ်ရှည်ရှည်နဲ့ပုံမှန်လိမ်း​ပေးခြင်းပဲ ဖြစ်ပါတယ်။ သဘာဝပစ္စည်း​တွေကို ရှာ​ဖွေဝယ်ယူဖို့အချိန်မရဘူးဆိုရင်​တော့ အန္တရာယ်ကင်းပြီး Reviews ​ကောင်း​တွေများတဲ့ Bio-Oil ကိုအသုံးပြု​ပေးလို့ရပါတယ်။ Bio-Oilမှာဆိုရင် သဘာဝအသီးအရွက်အဆီများ၊ အပင်များမှရရှိ​​သော အဆီအနှစ်များနဲ့ရနံ့အဆီများ၊ ဗီတာမင်များနဲ့သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းများ စသဖြင့် ၁၀၀ရာခိုင်နှုန်း သဘာဝပစ္စည်းများသာပါဝင်လို့ အန္တရာယ်ကင်းပြီး အသုံးပြုရလည်းလွယ်ကူအဆင်​ပြေ​​စေပါတယ်။

Bio-Oil ဟာဆိုရင် အမာရွတ်များ၊ အ​ရေပြားအ​ကြောပြတ်ရာများ၊ အ​ရေပြားအ​ရောင်မညီညာမှု၊ အသားအ​ရေအိုမင်းရင့်​ရော်မှု၊ အသားအ​ရေ​ခြောက်​သွေ့မှု စတာ​တွေကို သက်သာ​စေနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အသားအ​ရေထိန်းသိမ်းမှုအဆီပဲဖြစ်ပါတယ်။ အသားအ​ရေကို​ ရေဓာတ်ဖြည့်တင်း​ပေးနိုင်ပြီး ​ချွေး​ပေါက်တွေကိုလည်း မပိတ်​စေပါဘူး။ ဓာတ်မတည့်မှုဖြစ်​စေတဲ့ပစ္စည်း​တွေမပါဝင်​တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီး​တွေပါမကျန် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။

Bio-Oil ကို တစ်​နေ့ ၂ ကြိမ်နဲ့ အနည်းဆုံး ၃ လ လိမ်း​ပေးရပါမယ်။  ကိုယ်ဝန်ရှိစဥ်အချိန်အတွင်း အသုံးပြုလိုပါက ကိုယ်ဝန်ပထမသုံးလမှ မီးဖွားပြီးသည်အထိ တစ်​နေ့  ၂ ကြိမ်လိမ်း​ပေးပါ။ တစ်ဦးချင်းပေါ် မူတည်၍ ရလဒ်တွေ ကွဲပြားနိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှုဖြစ်တတ်သူတွေနဲ့ ထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ အလွယ်တကူအ​ရေပြားတွင်းသို့ စိမ့်ဝင်နိုင်ပြီး​စေးကပ်မှုလည်းမရှိတာ​ကြောင့် လိမ်းရလွယ်ကူ​စေပါတယ်။ မကျက်​သေးတဲ့ ဒဏ်ရာ​တွေ​ပေါ်မှာ​တော့ မလိမ်းသင့်ပါဘူး။ ​နေရောင်ခြည်နဲ့ တိုက်ရိုက်မထိ​တွေ့​သော ​နေရာတွင်သာ သိမ်းဆည်းသင့်ပါတယ်။

အမာရွတ်​တွေ​ကြောင့် စိတ်ညစ်​နေရပြီဆိုရင် အမှန်တကယ်ရလဒ်​​ကောင်းများကိုသာ ​ပေးစွမ်းနိုင်တဲ့ Bio-Oil ကို​ရွေးချယ်အသုံးပြုသင့်ပါတယ်။ Bio-Oil ကို တစ်​နေ့ ၂ ကြိမ်ပုံမှန်လိမ်း​ပေးသွားမယ်ဆိုရင် အမာရွတ်​တွေ တဖြည်းဖြည်း​မှေးမှိန်​ပျောက်ကွယ်လာတာကို လက်​တွေ့မြင်​တွေ့နိုင်မှာဖြစ်ပါတယ်။

Author: Dr. Aye Myat


#သဘာဝ
#ဒဏ်ရာ
#အချိန်
#အန္တရာယ်
#ကုသ

Some text some message..