ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း
ondoctor.com.mm
|
2022-03-05

ဘ၀မှာ စိတ်ဖိစီးမှုဒဏ်ကို လူကြီးလူငယ်မရွေး ရှောင်လွဲလို့မရပါဘူး။ ဆင်းရဲ၊ ချမ်းသာမရွေး၊ လူကြီးလူငယ်မရွေး စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ ယနေ့ခေတ်မှာတော့ လူတိုင်းက စိတ်ဖိစီးမှုဒဏ်ကို အကြောင်းအမျိုးမျိုးနဲ့ ပိုမိုခံစားနေရပါတယ်။ အကယ်၍ သင့်ရဲ့စိတ်ဖိစီးမှုကို နည်းလမ်းမှန်ကန်စွာနဲ့ မလျှော့ချနိုင်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါ ဖြစ်လာနိုင်ပါတယ်။ ကဲ ဘယ်အရာတွေက စိတ်ဖိစီးမှုကို မှန်မှန်ကန်ကန် လျှော့ချပေးနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ သီချင်းနားထောင်ပါ (သို့မဟုတ်) လိုက်ဆိုကြည့်ပါ

ဒါဟာ လွယ်ကူရိုးရှင်းပြီး ငွေကုန်ကြေးကျလည်းနဲတဲ့ နည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်။ သီချင်းက သင့်ရဲ့စိတ်ကို အေးချမ်းစေပြီးတော့ သောကအမောတွေ ဖြေဖျောက်တဲ့နေရာမှာလည်း အသုံး၀င်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ လိုက်ဆိုလိုက်ရင်လည်း စိတ်ရဲ့ထွက်ပေါက်တစ်ခု ဖြစ်စေပြီးတော့ စိတ်ဖိစီးမှုကို ထိုက်သင့်သလောက် လျှော့ချပေးနိုင်ပါတယ်။

၂။ သစ်ပင်စိုက်ပါ


၃။ လေ့ကျင့်ခန်းလုပ်ပါ၊ လမ်းလျှောက်ပေးပါ

တစ်ရက်လျှင် နာရီ၀က်၊ ၄၅မိနစ်လောက် လမ်းလျှောက်ပေးခြင်းက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်သလို၊ အညောင်းအညာပြေပြီး မလိုလားအပ်တဲ့ အဆီပိုတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ တတ်နိုင်သလောက် လုပ်ပေးမည်ဆိုရင်လည်း ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီးတော့ စိတ်ညစ်စရာ အတွေးတွေကိုလည်း ရပ်တန့်ပစ်နိုင်မှာပါ။

၄။ အိပ်ရေး၀၀ အိပ်စက်ပါ


၅။ တရားထိုင်ကြည့်ပါ

နေ့စဉ် တစ်ရက်လျှင် ၅-၁၀ မိနစ်ခန့် ပုံမှန် တရားထိုင်ပေးမယ်ဆိုရင် သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ဘာမှ ပူပန်နေစရာ မလိုတော့ပါဘူး။ တရားထိုင်ခြင်းက စိတ်ကိုငြိမ်းအေးစေပြီးတော့ သင့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ တရားထိုင်ခြင်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

၆။ မိမိရဲ့အခက်အခဲတွေကို ရင်ဖွင့်လိုက်ပါ

ကိုယ့်ရဲ့မိဘဆွေမျိုးသော်လည်းကောင်း၊ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း အပေါင်းအသင်းကိုလည်းကောင်း မိမိကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လိုက်မယ်ဆိုရင် သင့်စိတ်ထဲမှာ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ ထိုက်သင့်သလောက် ပြေလျော့စေမှာပါ။

Author: Dr. KTZ


#အခက်အခဲ
#စိတ်ဖိစီးမှု
#ရောဂါ
#သီချင်း
#လောက

Some text some message..