အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဇင့်ဓာတ်
ondoctor.com.mm
|
2022-03-22

ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းအတွက် အ​ရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အင်ဇိုင်း​ပေါင်း ၃၀၀​ကျော်ကို ထုတ်လုပ်​ပေးတဲ့​နေရာမှာ အ​ရေးပါသလို ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်များစွာအတွက်လည်း လိုအပ်​နေပါတယ်။ ခန္ဓာကိုယ်မှ ဇင့်ဓာတ်ကို ကိုယ်တိုင် မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာ​​တွေက​နေတစ်ဆင့် ဇင့်ဓာတ်ကို ရယူသင့်ပါတယ်။  အသား၊ ငါး၊ ပင်လယ်စာနဲ့ ပဲအမျိုးမျိုးစတာ​တွေမှာ ဇင့်ဓာတ်ပါရှိပါတယ်။

ဇင့်ဓာတ်ဟာ ကိုယ်ခံအား​​ကောင်းမွန်​စေနိုင်ခြင်း၊ အမြင်အာရုံ​ကောင်း​စေခြင်း၊ ဆဲလ်များဖွံ့ဖြိုးကြီးထွား​စေခြင်း စသဖြင့် ​ခန္ဓာကိုယ်​ကောင်းကျိုးများစွာ ​ပေးနိုင်ပါတယ်။ အမျိုးသမီးတစ်​ယောက်ဟာ တစ်​နေ့ကို ဇင့်ဓာတ် ၈ မီလီဂရမ်(mg) လိုအပ်ပြီး အမျိုးသား​တွေက​တော့ တစ်​နေ့ကို ၁၁ မီလီဂရမ်​လောက်ထိ ရရှိဖို့လိုအပ်ပါတယ်။ ဇင့်ဓာတ်ဟာ အမျိုးသားကျန်းမာ​ရေးအတွက် အ​​ရေးပါတာ​ကြောင့် အမျိုးသား​တွေက အမျိုးသမီး​တွေထက် ဇင့်ဓာတ်ပိုမိုရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။

အမျိုးသားကျန်းမာ​ရေးအတွက် ဇင့်ဓာတ်ရဲ့ အ​ရေးပါရခြင်း အ​ကြောင်းအရင်း​တွေက​တော့ –

(၁) လိင်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးအတွက် အ​ထောက်အကူဖြစ်​စေခြင်း

ဇင့်ဓာတ်ဟာ Testosterone ​ခေါ် အမျိုးသား​ဟော်မုန်းများကိုမြင့်တက်​စေနိုင်ပြီး သုက်ကောင်ထုတ်လုပ်မှုကိုလည်း များပြား​စေတာ​ကြောင့်  လိင်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသား​တွေဟာ သုက်တစ်ကြိမ်လွှတ်ပြီးတိုင်းမှာ ဇင့်ဓာတ် ၅ မီလီဂရမ် ​လောက် ဆုံးရှုံးသွားပါတယ်။ ဒါ​ကြောင့် ဇင့်ဓာတ်ကို အစားအစာ​တွေက​နေ များများပြန်လည်စားသုံး​ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇင့်ဓာတ်​လျော့နည်းလာပါက Testosterone နည်းပါးလာပြီး အမျိုးသား​တွေရဲ့ မျိုးပွားနိုင်စွမ်းကိုလည်း ​လျော့ကျသွား​စေမှာဖြစ်ပါတယ်။

(၂) သုက်ကောင်​ရွေ့လျားမှုအတွက် အ​ရေးပါခြင်း


(၃) ဆီးကြိတ်ကင်ဆာဖြစ်​နိုင်​ခြေကို ​လျှော့ချ​ပေးခြင်း

ဇင့်ဓာတ်ဟာ အမျိုးသား​တွေရဲ့ ဆီးကျိတ်ကျန်းမာ​ရေးအတွက် အလွန်အ​ရေးပါပါတယ်။ ဇင့်ဓာတ်လုံ​လောက်မှုမရှိပါက ဆီးကြိတ်​ရောင်ခြင်းနဲ့ BPH ကဲ့သို့​သော ဆီးကြိတ်ပြဿနာ​တွေ ခံစားရနိုင်​ခြေ ပိုမိုများပြားပါတယ်။ ကင်ဆာ​​ရောဂါပျံ့နှံ့​နေတဲ့ ဆီးကြိတ်တစ်သျှူး​တွေမှာဆိုရင် ဇင့်ဓာတ်ပါရှိမှုနည်းပါးတာကို ​တွေ့ရှိရပါတယ်။ ​နေ့စဥ်ဇင့်ဓာတ်ကို လုံ​လောက်စွာ စားသုံး​ပေးမယ်ဆိုရင် ဆီးကြိတ်ကင်ဆာဖြစ်နိုင်​ခြေ ​လျော့ကျ​စေနိုင်မှာ ဖြစ်ပါတယ်။ ဇင့်ဓာတ်ကို တစ်​နေ့ ၁၀၀ မီလီဂရမ်ထက်ပို​သောက်မိ​ရင်​လည်း ဆီးကြိတ်ကင်ဆာဖြစ်နိုင်​ခြေ မြင့်မားလာ​စေနိုင်ပါတယ်။

(၄) ဝက်ခြံများကို သက်သာ​စေနိုင်ခြင်း

ဇင့်ဓာတ်ဟာ ဝက်ခြံ​တွေ ကာကွယ်ဖို့အတွက်​ရော ကုသဖို့အတွက်ပါ အသုံးဝင်ပါတယ်။ ဇင့်ဓာတ်​​လျော့နည်းခြင်း​ဟာလည်း ဝက်ခြံ​​တွေဖြစ်​ပေါ်​စေနိုင်တဲ့ အ​ကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဇင့်ဓါတ်ဟာ ဝက်ခြံ​ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်း​တွေကို လျင်လျင်မြန်မြန် သက်သာ​စေနိုင်ပါတယ်။ ဝက်ခြံ​တွေထွက်​နေပြီဆိုရင် zinc Gluconate သို့မဟုတ် Zinc Sulfate ပါဝင်တဲ့ လိမ်း​ဆေးတစ်မျိုးမျိုးကို လိမ်း​ပေးခြင်းဖြင့် သက်သာ​စေနိုင်ပါတယ်။  ဇင့်ဓာတ်ဟာ အနာကျက်ခြင်းကို လျင်မြန်​စေတဲ့အတွက် နှင်းခူ၊ ​ဗောက်၊ အပူ​လောင်နာစတာ​​တွေကိုလည်း သက်သာ​စေနိုင်ပါတယ်။

(၅) ​ထိပ်​ပြောင်မှုကို သက်သာ​စေခြင်း

ထိပ်​ပြောင်ခြင်းဟာ မျိုးရိုးလိုက်ခြင်း​ကြောင့် ဖြစ်နိုင်သလို ဇင့်ဓာတ်ချို့တဲ့ခြင်း​ကြောင်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇင့်ဓာတ်မလုံလောက်တဲ့အခါ ဆံပင်ကျွတ်ခြင်းကို ဆိုးရွားစေပြီး ထိပ်ပြောင်လာစေနိုင်ပါတယ်။


(၆) အသည်းကျန်းမာ​စေခြင်း

ခန္ဓာကိုယ်တွင်း ဇင့်ဓာတ်​လျော့နည်းခြင်းဟာ အရက်ကြောင့်ဖြစ်သော အသည်းပျက်စီးခြင်းကို ပိုမိုဆိုးရွား​​စေနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ အသည်းရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းကို တိုးမြှင့်​ပေးပြီး အဆိပ်အ​တောက်​တွေကိုလည်း ဖယ်ရှား​ပေးနိုင်စွမ်းရှိပါတယ်။ အရက်အလွန်အကျွံ​သောက်ခြင်း​ကြောင့် သိုင်းရွိုက်မှာ ရှိသင့်တဲ့ ဇင့်ဓာတ်ပမာဏကို ​လျော့နည်း​သွားစေပြီး သိုင်းရွုက်ရဲ့ လုပ်ငန်း​ဆောင်တာ​တွေကို အဟန့်အတားဖြစ်​စေနိုင်ပါတယ်။

(၇) ကိုယ်ခံအား​ကောင်း​စေခြင်း

ဇင့်ဓာတ်ဟာ ခုခံအားဆဲလ်တွေဖြစ်တဲ့ သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို တိုးမြင့်စေရုံသာမက ​ရောဂါပိုး​တွေကို ပိုမိုပြင်းထန်စွာ တိုက်ဖျက်နိုင်ဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါ့ပြင် ဇင့်ဓာတ်ဟာ ကင်ဆာဆဲလ်​တွေကို တိုက်ထုတ်​ပေးနိုင်မယ့် Killer Cells အ​ရေအတွက်ကိုလည်း တိုးပွားလာ​စေပါတယ်။

အမျိုးသားတစ်​ယောက်ဟာ ဇင့်ကို တစ်​နေ့လျှင် ၄၀ မီလီဂရမ် ထက် ပိုမ​သောက်သင့်ပါ။ ဇင့်ဓာတ်အလွန်အကျွံ​သောက်မိရင် မူး​ဝေခြင်း၊ ပျို့ခြင်း၊ ​ခေါင်းကိုက်ခြင်း၊ ဗိုက်​အောင့်ခြင်း၊ ဝမ်း​လျှောခြင်းနဲ့ ​အစားစားချင်စိတ်မရှိခြင်းစတာ​တွေခံစားလာရနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ အမျိုးသားကျန်းမာ​ရေးအတွက် အလွန်အ​​ရေးပါတာဖြစ်လို့ ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာ​တွေကို ​​နေ့စဥ်ဂရုတစိုက်စားသုံး​ပေးသင့်ပါတယ်။

Author: Dr. Aye Myat


#အစားအစာ
#ခန္ဓာကိုယ်
#အမျိုးသား
#ကိုယ်တွင်း
#လောက

Some text some message..