
နွေရာသီက ပုံမှန်အားဖြင့်တော့ခြောက်သွေ့၊ပူနွေးပြီး အိုက်စပ်စပ်နိုင်လှပါတယ်။ နွေရာသီဟာ လည်းအခြားရာသီ တွေလိုပဲရောဂါတွေနဲ့ အတူရောက်လာတတ်ပါ။ ကြိုတင်ကာကွယ်မှု တွေသာ မလုပ်ဆောင်ဘူး ဆိုရင်နွေရာသီရဲ့ ပူပြင်းမှုနဲ့ခြောက်သွေ့မှုတွေကရောဂါ တော်တော်များများ ကိုဖြစ်ပေါ် ခံစားရစေပါတယ်။ ကြိုတင်သတိပြုကာကွယ်စေနိုင်ဖို့ နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ပြောပြလိုက်ပါ တယ်နော်။
အပူရှပ်ခြင်း
ပူပြင်းလှတဲ့ အပူဒဏ်ကိုအချိန်ကြာမြင့်စွာထိတွေ့မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်လာတဲ့အခါ အပူရှပ်တာကိုခံစားရနိုင် ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ်အပူချိန်မြင့်တက်မှုဖြစ်ပေါ်တဲ့အခါ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ နဲ့ အဖျားတက်တာမျိုးတွေခံစားရနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်း
အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းက မသန့်ရှင်းတဲ့အစားအစာတွေနဲ့ရေတွေကို စားသုံးမိ တာပဲဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေ၊ အဆိပ်သင့်စေတဲ့အရာတွေနဲ့ ဓါတုဗေဒ ပစ္စည်းတွေ ခန္ဓါကိုယ်ထဲဝင်ရောက်တာကြောင့်ဖြစ်ပါတယ်။ အစာအဆိပ်သင့်စေနိုင်တဲ့အရာတွေ ခန္ဓါကိုယ်ထဲ ရောက်ရှိသွားတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျှောတာနဲ့ အော့အန်တာ တွေခံစား ရနိုင်ပါတယ်။ အသားစိမ်းတွေ၊ လမ်းဘေးမှာရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့ အစားအသောက်တွေ နဲ့ မသန့်ရှင်းတဲ့သောက်သုံးရေတွေက အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့ ရောဂါပိုးတွေကို အဓိကသယ်ဆောင်တဲ့ အရာတွေဖြစ်ပါတယ်။

မျက်စိနာခြင်း
မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယားကူးစက်တာ (သို့) ဓါတ်မတည့်မှု တွေကြောင့်ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။ ၄ ရက် ကနေ ၇ ရက်အထိကြာမြင့်နိုင်ပါတယ်။ နွေရာသီ စိတ်ဓါတ်ကျရောဂါကလည်း ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာတာက လူအချို့မှာ စိတ်ခံစားမှုအပြောင်းအလဲကိုဖြစ်ပေါ်စေပါတယ်။

ရေဓါတ်ဆုံးရှုံးခြင်း
နွေရာသီမှာ အဖြစ်အများဆုံးသောရောဂါတစ်မျိုးဖြစ်ပါတယ်။ ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ပမာဏကို လုံလောက်အောင်ပြန်လည်မဖြည့်တင်းနိုင်တဲ့အခါ ရေဓါတ်ဆုံးရှုံမှုဖြစ်ပေါ်ခံစားလာရပါတယ်။ နွေရာသီမှာ ချွေးထွက်တာကြောင့်ခန္ဓါကိုယ်ရဲ့ ရေဓါတ်နဲ့ဆားဓါတ်တွေကို ဆုံးရှုံးနေရပါတယ်။ ခန္ဓါကိုယ်ရဲ့ပုံမှန်လည်ပတ်နေတဲ့လုပ်ငန်းစဉ်တွေအတွက် ဒီဓါတ်တွေကိုပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

နေလောင်ခြင်း
နေလောင်တာက ပြင်းထန်တဲ့အရေပြားကင်ဆာရောဂါကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ နေရောင်နဲ့ အချိန် ကြာမြင့်စွာ ထိတွေ့မှုက လူတွေရော တိရစ္ဆာန်တွေအတွက်ပါမကောင်းပါဘူး။ လူတွေကနေရောင်နဲ့ အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါ အရေပြားက အနီရောင်ပြောင်းသွားပြီး ယားယံတာနဲ့ ပူစပ်ပူလောင်ဖြစ်တာတွေခံစားရနိုင်ပါတယ်။နေရောင်ကျလို့အေးသွားတဲ့အခါ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ အဖျား တက်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာနဲ့ တုပ်ကွေးမိသလိုမျိုးရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။ အချို့မှာတော့ ပူစပ်ပူလောင်ဖြစ်တာကို ဆက်လက်ခံစားနေရနိုင်သလို နောက်ပိုင်းမှာ နေရောင်ကြောင့် ခြောက်သွေ့နေတဲ့အရေပြားတွေကွာကျသွားတာမျိုးဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

အရေပြားပေါ်မှာအဖုအပိမ့်တွေထွက်ခြင်း
အရေပြားပေါ်မှာ မိတ်တို့ အင်ပြင်တို့လိုမျိုး အနီရောင်အဖုအပိမ့်တွေထွက်တာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ နွေရာသီမှာဖြစ်နေကျလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ နွေရာသီမှာ ရာသီဥတုပူတာနဲ့ ချွေးထွက်တာတွေက ကလေးတွေမှာ အရေပြားပေါ်မှာ အနီရောင်အဖုအပိမ့်တွေပိုမိုထွက်စေပါတယ်။

ပါးချိတ်ရောင်နာ
ပါးချိတ်ရောင်နာကနွေရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အပြင်းထန်ဆုံးသောရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ကူးစက်တတ်တဲ့ရောဂါမျိုးပါ။ ဒီရောဂါပိုးဟာရောဂါဖြစ်နေတဲ့သူဆီကနေ ကျန်းမာနေတဲ့သူဆီကို ကူးစက်နိုင်တာကြောင့် ရောဂါကူးစက်ခံထားရသူ ကရောဂါမပျောက်ကင်းမချင်း တိုက်ရိုက်ထိတွေ့မိ တာမျိုးမရှိအောင် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ခေါင်းကိုက်ခြင်း
တနေကုန်နေရောင်အောက်မှာ မနားမနေအလုပ်လုပ်ခဲ့ရတာကြောင့်လည်း ခေါင်းကိုက် ဝေဒနာကို ခံစားရနိုင်ပါတယ်။ နွေရာသီမှာနေရောင်အောက်မှာ မနားမနေ အလုပ်လုပ်တာမျိုးမဖြစ်အောင် ဆင်ခြင်ပါ။

တုပ်ကွေး
တုပ်ကွေးကနွေရာသီ မှာအဖြစ်များ တဲ့နောက်ထပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေနဲ့ အအေးခံထား တဲ့အချိုရည်တွေ အလွန်အကျွံ စားသုံးတာမျိုးကိုရှောင်ပါ။

ချောင်းဆိုးခြင်း
ချောင်းဆိုးတာက ဆောင်းရာသီမှာပဲဖြစ်တာမျိုးမဟုတ်ပါဘူး။ နွေရာသီမှာလည်း ဖြစ်တတ်ပါတယ်။ အရမ်းအေး တဲ့ ရေတွေသောက်သုံးတာကိုရှောင်ကြဉ်တာက ချောင်းမဆိုးအောင်ထိန်းသိမ်းနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။

ပန်းနာရင်ကျပ်
နွေရာသီမှာလေထုထဲမှာပါဝင်တဲ့ ဝတ်မှုန်တွေကြောင့် ပန်းနာရင်ကျပ်ဝေဒနာကိုခံစားရတာဖြစ်ပါတယ်။

အသားဝါခြင်း
အသားဝါတာက မသန့်ရှင်းတဲ့သောက်သုံးရေနဲ့ အစားအစာတွေကို စားသုံးမိတာကြောင့်ဖြစ်ပါတယ်။ နွေရာသီမှာ အသားဝါမဖြစ်စေဖို့အတွက် ရေကိုကျိုချက်သောက်သုံးသင့်သလို အဆီပါဝင်မှုနည်း တဲ့အစားအစာမျိုး တွေကိုပဲ စားသုံးပေးသင့်ပါတယ်။

တိုက်ဖွိုက်
တိုက်ဖွိုက်က Salmonella typhi လို့ခေါ်တဲ့ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ တိုက်ဖွိုက်ရောဂါ ခံစားရတဲ့အခါ ဗိုက်ထဲကအောင့်တာ၊ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာ နဲ့ ကိုယ်ထဲမှာ အားမရှိသလိုမျိုးခံစားရတာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဝက်သက်
ဝက်သက်က ကလေးတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝက်သက်က paramyxo ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပါတယ်။ လည်ချောင်းတလျှောက် မှာပြင်းထန်စွာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကလေးတွေကို ဝက်သက်ကာကွယ်ဆေးထိုးပေးထားပါ။

နောက်ကျောအောင့်ခြင်း
နောက်ကျောအောင့်တာက တစ်နေကုန် အိမ်အလုပ်တွေကိုမနားမနေလုပ်ဆောင်နေတဲ့ အိမ်ရှင်တွေမှာ အဖြစ်များပါတယ်။ ကိုယ်အလေးချိန်အရမ်းများနေတာနဲ့လေးလံလှတဲ့ အိမ်သုံးပစ္စည်း တွေကြောင့် နောက်ကျောအောင့်တာ အဖြစ်များပါတယ်။
အထက်မှာဖော်ပြထားတဲ့ရောဂါလက္ခဏာတွေကိုသိရှိပြီးနွေရာသီမှာရောဂါမဖြစ်အောင်ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။