အမျိုးသမီးတွေ ဘာကြောင့် ဆီးစပ်ဆီးခုံ ကိုက်ခဲနာကျင်ရတာလဲ
myanmaplatform.com
|
2022-04-29

ဆီးစပ်ဆီးခုံ နာကျင်ကိုက်ခဲတာ အများစုက အမျိုးသမီးတွေ အဖြစ်များကြပါတယ်။ ဓမ္မတာ လာတဲ့အချိန် မှာလည်း နာကျင်မှုကို ခံစားရသလို ဓမ္မတာ မမှန်ရင်လည်း နာကျင်မှုကို ခံစားကြရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ နာကျင်ခံစားရတဲ့ ဆီးစပ်ဆီးခုံ ကိုက်ခဲတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးလိုက်ပါတယ်။  

(၁) သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာ ရှားပါးတဲ့ ဖြစ်စဉ်လိုပါပဲ။ ကိုယ်ဝန်ဆောင် အယောက် ၆၀ လောက်မှ ၁ ယောက် လောက်ပဲ သားအိမ်ပြင်ပမှာ သန္ဓေတည်တာမျိုးဖြစ်တာပါ။ ဖြစ်နိုင်ချေက အရမ်းနည်းပါတယ်။ သားအိမ်ပြင်ပမှာ သန္ဓေတည်ရင်လည်း ဆီးစပ်တွေ နာကျင်ကိုက်ခဲတတ်ပြီး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ မျိုးပါ ဖြစ်နိုင်ပါတယ်။ 


(၂) သားဥအိမ်အရည်အိတ်တည်ခြင်း

သားဥအိမ်မှာ အရည်အိတ်တည်တာကတော့ အမျိုးသမီးတိုင်းဖြစ်တတ်ပါတယ်။ အပျိုဖော်ဝင်ချိန်မှ စ၍ သွေးဆုံးချိန်ထိ ဖြစ်နိုင်ပါတယ်။ သားဥအိမ်မှာ အရည်အိတ်တည်တာ စဖြစ်တဲ့အချိန်ဆိုရင် ဆီးစပ်ကိုက်တာ နာကျင်တာတွေက ဖြစ်တာများပါတယ်။ ဒါပေမဲ့ သားဥအိမ် အရည်အိတ်က တဖြေးဖြေး ကြီးလာပြီး သားဥအိမ်က နေရာရွေ့သွားပါက ဆီးစပ်နေရာမှာ နာကျင်ကိုက်ခဲတာ ပြင်းထန်ပြီး အဖျားတက်တာ အသက်ရှုရခက်တာတွေ ဖြစ်တဲ့အပြင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။ 


(၃) ကျောက်ကပ်မှာ ကျောက်တည်ခြင်း

ကျောက်ကပ်မှာ ကျောက်ရှိရင် ဆီးစပ်နေရာမှာ မခံမရပ်နိုင်အောင် နာကျင်တာ၊ အောင့်တာတွေ ဖြစ်တတ် ပါတယ်။ ဒါအပြင် ဆီးသွားရင်လည်း နာကျင်နေပြီး ဆီးမထိန်းနိုင်ခြင်း၊ ဆီးခဏခဏ သွားခြင်းအပြင် ဆီးသွားရင်လည်း အနည်းငယ်သွားတာမျိုးဖြစ်တတ်ပါတယ်။ 


(၄) ရာသီလာချိန်မမှန်ခြင်း

တစ်လတစ်ခါရာသီလာတာပုံမှန်ဖြစ်ပေမယ့် လကျော်သွားတာ၊ ထိန်သွားတာမျိုးဖြစ်ပြီး ရာသီပြန်လာ ချိန်မှာ ဆီးစပ်တွေက နာကျင်ကိုက်ခဲနေတတ်ပါတယ်။ 


(၅) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ဆီးလမ်းကြောင်းပိုးဝင်တာ ပိုဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါတွေမှာလည်း ဆီးစပ်နေရာတွေမှာ ကိုက်ခဲတာ၊ နာကျင်တာအပြင်၊ မကြာခဏ ဆီးသွားခြင်း၊ ဖျားခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးနည်းနည်းပဲ သွားခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဆီးစပ်ဆီးခုံ နာကျင်ကိုက်ခဲလာပြီဆိုရင်တော့မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်နော်။ 

ref: verywellhealth


#ဓမ္မတာ
#အမျိုးသမီး
#အရည်
#အိတ်
#အချိန်

Some text some message..