ကလေးတွေကို နှုတ်ခမ်းချင်း ထိပြီး နမ်းနေတာ အန္တရာယ်ရှိတယ်နော်
myanmaplatform.com
|
2022-05-02

ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး။ ကလေးလေးကို ချစ်လို့ဆိုပြီး နမ်းလိုက်တာပါ။ သူစိမ်းဆိုရင်တော့ ပါးလေး လက်လေးလောက်ပဲ နမ်းတတ်ကြပေမယ့် မိသားစုဝင်တွေထဲမှာတော့ ကလေးရဲ့ နှုတ်ခမ်းကို ထိပြီး နမ်းတတ်ကြပါတယ်။ 

တကယ်တော့ မိဘတွေအနေနဲ့ရော၊ ကလေးကို ထိန်းကျောင်းသူအနေနဲ့ရော၊ ကလေးရဲ့ အစ်မတွေအနေနဲ့လည်း ကလေးရဲ့ နှုတ်ခမ်းကို ထိပြီး လုံးဝမနမ်းသင့်ပါဘူး။ အရွယ်ရောက်ပြီးသား လူအချင်းချင်း နှုတ်ခမ်းကို နမ်းတာက အန္တရာယ်မရှိဘးဆိုပေမယ့် ကလေးရဲ့ နှုတ်ခမ်းကို ထိတွေ့ပြီး နမ်းတာက ကလေးမှာ အန္တရာယ်ရှိစေပါတယ်။

ဖင်လန်နိုင်ငံက သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ကလေးငယ်ရဲ့ နှုတ်ခမ်းကို မထိတထိကိုက်တာ ဒါမှမဟုတ်ရင် Smooch လို့ခေါ်တဲ့ ရင်ချင်းအပ်ပြီး နမ်းတာမျိုးတွေဟာ ကလေးငယ်ဆီကို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ ရောက်ရှိစေတယ်လို့ ဆိုပါတယ်။

ထို့နည်းတူပဲ ကိုယ်စားနေတဲ့ ဇွန်းနဲ့ ကလေးသူငယ်ကို ခွံ့ကျွေးတာမျိုးတွေကလည်း ဘက်တီးရီးယားပိုးတွေ ကလေးဆီရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးစားဇွန်းကို သတ်သတ်ခွဲထားဖို့ ဆရာဝန်တွေက အကြံပြုကြတာဖြစ်ပါတယ်။


ဘာကြောင့် ကလေးနှုတ်ခမ်းကို နမ်းတာနဲ့ ကလေးဆီကို ဘက်တီးရီးယားတွေ ရောက်နိုင်တာလဲ။ ကလေးတွေဟာ လူကြီးတွေဆီက ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို မခုခံနိုင်သေးပါဘူး။ ကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကို နမ်းလိုက်ချိန်မှာ လူကြီးနှုတ်ခမ်းက သွားရည်အချို့နဲ့ နှုတ်ခမ်းမှာရှိတဲ့ ဘက်တီးရီးယားအချို့ ကလေးဆီကို ရောက်ရှိသွားတာကြောင့်ပါ။ 

ကူးစက်သွားတဲ့ ဘက်တီးရီးယားရဲ့ အသက်သာဆုံး ရောဂါတွေကတော့ ရင်ကြပ်၊ ချောင်းဆိုးနဲ့ လည်ချောင်းနာတာတွေ ဖြစ်စေပါတယ်။ ရောဂါတမျိုးမျိုးအခံရှိထားသူ လူကြီးတစ်ယောက်သာ နမ်းမိမယ်ဆိုရင် ကလေးရဲ့ ခုခံနိုင်စွမ်းက အရမ်းနုနယ်တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဖြစ်စေပါတယ်။


လူကြီးတွေရဲ့ တံထွေးမှာ ပါဝင်နေတဲ့ ဘက်တီးရီးယားတွေဟာ ကလေးတွေအရမ်းကို အန္တရာယ်ကြီးလွန်းတာကြောင့် ဆေးပညာရှင်တွေက ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ကလေးတစ်ယောက်ကို ဘယ်လောက်ပဲ ချစ်နေပါစေ။ နှုတ်ခမ်းနဲ့ လုံးဝ (လုံးဝ) မနမ်းသင့်ဘူးလို့ ဆိုထားပါတယ်။ နောက်ထပ် ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာကတော့ ကလေးတွေရဲ့ သွားဖုံးတွေထိခိုက်မှုနဲ့ သွားတွေကို ပျက်စီးစေတာပဲ ဖြစ်ပါတယ်။ 


ကလေးတွေကို နှုတ်ခမ်းချင်း မနမ်းသင့်တာနဲ့ ပတ်သက်ပြီး Jorma Virtanen ဦးဆောင်တဲ့ Oulo တက္ကသိုလ်က သုတေသီတွေဟာ သူတို့ရဲ့တွေ့ရှိချက်တွေကို BioMed Central Oral Health ဆိုတဲ့ဂျာနယ်မှာ ရေးသားခဲ့ကြဖူးပါတယ်။

Ref; Why you should never kiss babies on the lips


#ရောဂါ
#သူစိမ်း
#မိသားစု
#အန္တရာယ်
#လောက

Some text some message..