
အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အဖြစ်အများဆုံးကတော့ ဗိုက်ကြောပြတ်တာပဲဖြစ်ပါတယ်။ ဗိုက်ကြောပြတ်တာက ကိုယ်ဝန်ဆောင်တွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ပေမယ့် ကြည့်လိုက်ရင် အမြင်ဆိုးပါတယ်။ ဗိုက်ကြောပြတ်တယ်ဆိုတာက အရေပြားပေါ်မှာ နီညိုရောင် (သို့) အညိုရောင်အမည်းစက် အစင်းကြောင်းများဖြစ်ပြီး အရေပြားအောက်က ကျုံ့နိုင် ဆန့်နိုင်တဲ့ မျော့ကြိုးလိုပါပဲ။ ဗိုက်ထဲမှာ သန္ဓေသားရှိ တုန်းက ဗိုက်တွေ တင်းပြီး ယားလာတဲ့အချိန်မှာ ကုတ်ခြင်းကြောင့်ဖြစ်လာတာပါ။ ကိုယ်ဝန်ဆောင် ၁၀၀ မှာ ၉၀ % လောက်က ဖြစ်ပါတယ်။ အကြောပြတ်ရာတွေကို ဝမ်းဗိုက်၊ ရင်သား၊ တင်ပါးနဲ့ အရေပြားဆန့််ထွက်နိုင်တဲ့ နေရာတွေမှာ အဖြစ်များပါတယ်။
ဘာကြောင့် အကြောပြတ်ရတာလဲ
ကိုယ်ဝန်ဆာင်တဲ့အချိန်မှာ အကြောပြတ်ရာတွေက ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ . . .
ရုပ်ပိုင်းဆိုင်ရာ ဆန့်ထွက်လာခြင်း
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ခန္ဓာကိုယ်က ကျယ်လာကြီး အရေပြားတွေဆန့်ထွက်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားက ကြီးထွားလာခြင်းကြောင့် အရေပြားတွေ အဆက်မပြတ်ချဲ့လာခြင်း၊ ဆန့်ထုတ်လာခြင်းကြောင့် အကြောတွေ တင်ပြီး ယားယံလာပါတယ်။ ဒီလို ယားယံလာတဲ့အချိန်မှာ ကုတ်ဖဲ့ခြင်းကြောင့် အမာရွတ်များ အကြောပြတ်ရာများဖြစ်လာတာဖြစ်ပါတယ်။

ဟော်မုန်းကြောင့်
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဟော်မုန်းတွေ များပြားလာပြီး အရေပြားအတွင်းပိုင်းကို ပိုဆွဲငင်ကာ ကော်လာဂျင်အမျှင်များ ချည်နှောင်ခြင်းက ပြေလာပြီး အကြောပြတ်တွေဖြစ်လာပါတယ်။

မျိးရိုးလိုက်ခြင်းကြောင့်
ကိုယ်ဝန်အတွက် အကြောပြတ်ခြင်းက သီးခြားမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်ပေမယ့် မျိုးရိုး လိုက်ခြင်းကြောင့်လည်း အကြောပြတ်ရာတွေ ဖြစ်နိုင်ပါတယ်။
အကြောပြတ်ရာက နာကျင်ခြင်း (သို့) အန္တရာယ်ရှိပါသလား

အကြောပြတ်ရာများရှိခြင်းက မိခင်နဲ့ ကလေးအတွက် အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ မကြာခဏ ယားယံတာမျိုးဖြစ်ခြင်းကြောင့် ကုတ်လိုက်ရင် အကြောပြတ်ရာ ၄ ခု ၅ ခု ဖြစ်သွားတတ်ပါတယ်။ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အကြောပြတ်ရာဖြစ်ခြင်းက အချို့အမျိးသမီးတွေမှာ စိုးရိမ်စိတ်ဖြစ်ခြင်း၊ မကြာခဏ သတိလစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ပြောထားပါတယ်။ ဒီအကြောပြတ်ရာတွေကို အချိန်မီ ဂရုစိုက်လိုက်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ဗိုက်ကြောပြတ်ရာတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဗိုက်ကြောပြတ်ရာတွေ မဖြစ်အောင်ကာကွယ်ပေးလို့ ရပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်လို့ ရမလဲဆိုတော့ . . .

ကိုယ်အလေးချိန်ထိန်းပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အကြောပြတ်ရာမဖြစ်အောင် ကိုယ်အလေးချိန်ကို ထိန်းဖို့ လိုအပ်ပါတယ်။ အစားအသောက်နဲ့ ကျန်းမာရေးညီညွတ်အောင် ထိန်းမယ်ဆိုရင် ဗိုက်ကြောပြတ်ရာတွေ ၅ ခုမှ ၇ ခုထိ သက်သာစေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝပါစေ
ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝပါက အသားအရည်ကို ပြန်လည်နုပျိုစေတဲ့အပြင် အသားအရေ ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အာဟာရပြည့်ဝအောင်စားပါ
အာဟာရကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။ အရေပြားပေါ်မှာ collagen နဲ့ elastin အမျှင်ဓာတ်များ ပါဝင်တာကြောင့် အရေပြားကို ဆန့်ထုတ်သည့်အခါ အရေပြားကို တင်ရင်းစေရန် ကူညီပေးပါတယ်။ တင်းတင်းရင်းရင်းရှိတဲ့ အရေပြားက အမာရွတ်နဲ့ အကြောပြတ်တာတွေကို ဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။ ဇင့်၊ ဗီတာမင်စီ၊ ဗီတာမင်အီး စတဲ့ အစားအသောက်တွေမှာ အာဟာရဓာတ်များက ကော်လာဂျင် ဖွဲ့စည်းရန်နှင့် တစ်သျှူးပျက်စီးမှုကို ပြုပြင်ရန် ကူညီပေးနိုင်ပါတယ်။ ဒါအပြင် ဗီတာမင် ဘီ 2 နှင့် ဗီတာမင် ဘီ 3 တို့က အသားအရေအတွက် အရေးကြီးလှပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလှည့်ပတ်မှုကို တိုးစေပြီး အရေပြားကို တင်းရင်းစေသလို ကိုက်ခဲခြင်းမရှိဘဲ အလွယ်တကူ ဆန့်ထွက်စေနိုင်ပါတယ်။

အရေပြားကို ကာကွယ်ပါ။
အရေပြားကို တင်းတင်းရင်းရင်းရှိဖို့ အတွက် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ရေဓာတ်ဖြည့်ခြင်းက ပုံမှန်အစိုဓာတ်ထိန်းပေးခြင်းက အသားအရေကို နုပျိုစေပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး အကြောပြတ်ခြင်းအတွက် Bio Oil အဆီတွေကိုလည်း တစ်နေ့နှစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။
Ref: Stretch Marks During Pregnancy