ဆီးချိုသမားတွေ လိုင်ချီးသီးစားလို့ ရပါသလား
myanmaplatform.com
|
2022-05-10

ဆီးချိုသမားဆိုတာက အနေအထိုင်၊ အစားအသောက် ဆင်ခြင်လွန်းမက ဆင်ခြင်တာတောင်မှ ထိလွယ်ရှလွယ်သမားတွေပါ။ ဆီးချိုသမားတွေ အသီးအနှံစားလို့ရလား။ စားရင်ရော အဆင်ပြေလား။ တွေးတတ်ကြပါတယ်။ အဲဒီလို တွေးနေသူတွေအတွက် သင့်တော်မယ့် အသီးတစ်မျိုးအကြောင်း ပြောပြပါရစေ။ အဲဒါကတော့ လိုင်ချီးသီးပါပဲ။ လိုင်ချီးသီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ လိုင်ချီးသီးမှာ သတ္တုဓာတ်အပြင် ဓာတ်တိုးပစ္စည်းတွေလည်းပါဝင်ပါတယ်။ ဆီးချိုသမားများအတွက် လိုင်ချီးသီးက ဂလူးကိုစ့်ပမာဏကို ထိန်းညှိပေးသည့်အပြင် နွေရာသီရဲ့ အပူဒဏ်ကိုလည်း ထိရောက်အောင် ပြုပြင်ပေးနိုင်ပါတယ်။ 

လိုင်ချီးသီးက ဆီးချိုသမားတွေအတွက် ဘာကောင်းလဲ

လေ့လာမှုတွေအရ လိုင်ချီးသီးမှာပါဝင်တဲ့ ဖီနိုလစ်များက ရောင်ရမ်းခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဆီးချိုရောဂါကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးုပါတယ်။ လိုင်ချီးသီးကို စားသုံးပေးပါက ပန်ကရိယပေါ်မှာရှိတဲ့ ဖရီးရယ်ဒီကယ်များ ထိခိုက်မှုကို လျှော့ချပေးပြီး အင်ဆူလင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်ပါတယ်။ 


သကြားဓာတ်ကြောင့်ဖြစ်တဲ့ အတွင်းတိမ်ကို ကာကွယ်ပေးခြင်း

ဆီးချိုရောဂါရှိတဲ့ အသက် ၅၀ကျော်များမှာ အဖြစ်များတဲ့ အတွင်းတိမ်က ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာ ပဲဖြစ်ပါတယ်။ လိုင်ချီးမှာ သကြားဓာတ်ကြောင့်ဖြစ်တဲ့ အတွင်းတိမ်ကိုလျှော့ချပေးရာမှာ အရေးပါ လှပါတယ်။  လိုင်ချီးမှာပါတဲ့  D-mannitol, dihydroxybenzoic acid, 39-O-beta-glucopyranoside and 39,59-di-O-beta-glucopyranoside တွေက ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။ 


အာရုံကြော ထိခိုက်မှုကို ကာကွယ်ပေးခြင်း

ဆီးချိုရောဂါ ဖြစ်တဲ့သူ အများစုမှာနောက်ထပ်ဖြစ်တတ်တာကတော့ အာရုံကြောဆိုင်ရာအားနည်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ ဂလူးကိုစ့်ပမာဏ မြင့်မားနေခြင်းကြောင့် အာရုံကြောနံရံများ အားနည်းသွားကာ အာရုံကြောထိခိုက်သွားတာ ဖြစ်ပါတယ်။ လိုင်ချီးသီးမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက အာရုံကြောထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 


ဆီးချိုရောဂါနဲ့ ဆက်နွှယ်နေတဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

အမျိုးအစား ၂ ဆီးချိုသွေးချိရောဂါ ဖြစ်နေသူတွေမှာ အယ်လ်ဇိုင်းမားနှင့် စိတ်ကျရောဂါ တိုးတက်မှုကို အထောက်အကူဖြစ်စေပြီး ဆီးချိုရောဂါရှိသူတွေကို မှတ်ဉာဏ် ထိခိုက်စေနိုင်ပါတယ်။ လိုင်ချီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက မှတ်ဉာဏ်သင်ယူစွမ်းရည်များကိုတိုးတက်ကောင်းမွန်စေပြီး အာရုံကြောအကာကွယ်သက်ရောက်မှုကိုလည်း သက်ရောက်စေနိုင်ပါတယ်။ 


ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

Hyperglycemia က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ချို့ယွင်းစေသည့်အတွက်ကြောင့် ဆီးချိုသမားများမှာ ရောဂါပိုးမွှားများကို ပျံ့နှံ့သွားစေနိုင်ပါတယ်။ လိုင်ချီးသီးမှာ ပါတဲ့ ဇီဝကမ္မဒြပ်ပေါင်းတွေက macrophage ထုတ်လုပ်မှုကို မြှင့်တင်ရာတွင် အထောက်အကူပြုပြီး ရောဂါပိုးများ ဖျက်ဆီးရာတွင် ကူညီပေးကာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ 


ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ အသည်းပျက်စီးခြင်းကို ကာကွယ်ပေးခြင်း

လိုင်ချီးမှာ ပါဝင်တဲ့ Oligonol က glycogen ပုံစံဖြင့် ဂလူးကို့စ်ကို သိုလှောင်ရာတွင် ကူညီပေးနိုင်တာကြောင့် အသည်းနှင့် ပန်ကရိယတို့ကို ကာကွယ်ပေးပါတယ်။ Oligonol က ဆီးချိုရောဂါရှိသူတို့ရဲ့ အသည်းအတွင်း အရည်များ ပိုလျှံထွက်ခြင်းကြောင့် ဖြစ်သည့် သွေးတွင်းကိုလက်စထရောအဆင့်ကို လျှော့ချပေးပါတယ်။ Oligonol မှာ hepatoprotective ရဲ့ အာနိသင်က အသည်းရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးဖိစီးမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ 

ref: Litchi Healthy for People with Diabetes


#ရောဂါ
#ရောင်ရမ်း
#အာဟာရ
#အာရုံ
#ဆီးချို

Some text some message..