နားပိုးဝင်ခြင်းကို ကုသပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ
myanmaplatform.com
|
2022-05-15

နားပိုးဝင်ခြင်းဆိုတာ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုး တစ်ခုခုကြောင့် နားပိုးဝင်ခြင်းဖြစ်နိုင်ပြီး နားအလယ်ပိုင်းကို ထိခိုက်သွားတာဖြစ်ပါတယ်။ အရည်များ စုပုံခြင်း၊ ရောင်ရမ်းခြင်းတို့ ကြောင့် နားပိုးဝင်တာဆိုရင် အလွန်ကို နာကျင်နိုင်ပါတယ်။ 

ဒါ့အပြင် နားကိုက်တာလို့ပြောရင် အကောင်ဝင်သွားတာ၊ ရေဝင်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ နားပိုးဝင်ခြင်းကို ထိရောက်စွာ ကုသရန်အတွက် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ဘယ်လို ပစ္စည်းတွေက နားပိုးဝင်ခြင်းကို သက်သာစေနိုင် သလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ 

(၁) ဂျင်း

ဂျင်းက ပြင်းထန်တဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးသည့် ဂုဏ်သတ္တိများရှိတဲ့ တိုင်းရင်းဆေးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နားပိုးဝင်တဲ့အခါမှာ ကုသရန် အလွန်အသုံးဝင်တဲ့ အိမ်တွင်းဆေးတစ်လက်ပါ။ နာကျင်မှုတွေကို သက်သာစေရန်အတွက် ဂျင်းဖျော်ရည် (သို့) သံလွင်ဆီဖျော်ရည်ကို ဂျင်းဖြင့် နွေးအောင်လိမ်းပေးနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိပါပေမယ့် နားထဲကို တိုက်ရိုက်ထည့်တာမျိုးကတော့ လုံးဝ မလုပ်သင့်ပါဘူးနော်။ 


(၂) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို အသုံးပြုခြင်းသည် ယေဘုယျအားဖြင့် နားပိုးဝင်ခြင်း၏ လက္ခဏာတစ်ချို့ကို တွေ့ရှိပါက ချက်ချင်းအသုံးပြုလို့ ရပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို နားထဲ ၅ စက်မှ ၁၀ စက်ခန့် ထည့်ပြီး နားပိုးဝင်နေတဲ့ ဘက်ကို ၁၅ မိနစ် မှ မိနစ် ၂၀ ထိ စောင်းအိပ်ပါ။ ပြီးရင် ဇလုံနဲ့ ရေအေးနဲ့ ဆေးချလိုက်ပါ။ နားအတွင်းဖယောင်းကို ရွေ့လျားစေသောကြောင့် ပူဖောင်းများဖြစ်ပေါ်လာရင်လဘ်း ထိတ်လန့်စရာမလိုပါဘူး။ 


(၃) Tea Tree Oil

Tea Tree Oil က ဘက်တီးရီးယားပိုးသတ်ဆေးနဲ့ ရောင်ရမ်းမှုတွေကို ဆန့်ကျင်ခြင်းနဲ့ မှိုသတ်ဆေးများ ပါဝင်သောကြောင့် နားပိုးဝင်ခြင်းကို ကုသပေးနိုင်ပါတယ်။ Tea Tree Oil က နားပိုးဝင်ခြင်းအတွက် ကုသနည်း အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါတယ်။ နားထဲကို ရေနွေးနွေးလေး အနည်းငယ်ထည့်ကာ ရေဖြင့် ဆေးချခြင်းမပြုမီ ၁၀ - ၁၅ မိနစ်ခန့်ထားပါ။ ၁၀ - ၁၅ မိနစ်ခန့်ထားပြီးမှ ရေဖြည့် ဆေးချပါ။ ဒီလိုနည်းလမ်းနဲ့ ရက်အနည်းငယ်ကြာ ကုသခြင်းက နားပိုးဝင်ခြင်းကို အထိရောက်ဆုံး ကုသပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဓာတ်မတည့်ဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် အသုံးမပြုခင်မှာ Tea Tree Oil ကို အရေပြားစစ်ဆေးမှု လုပ်သင့်ပါတယ်နော်။ 


(၄) လည်ပင်းလေ့ကျင့်ခန်း

တစ်ခါတစ်ရံ နားတွင်းမှာ ရှိတဲ့ ကြွက်သားများ ဆန့်ထွက်ကာ ရိုးရှင်းတဲ့ လည်ပင်းလေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ တစ်ခါတစ်ရံ ပြုလုပ်ခြင်းကြောင့် နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ခေါင်းနဲ့ လည်ပင်းကိုဖြည်းညှင်းစွာ လှည့်ကာ ပုခုံးနဲ့ နားဆီကို မြှောက်ထားခြင်းဖြင့်လုပ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံလုပ်တာထက် အချိန်အားရင် အားသလို လုပ်ပေးနေမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ 


(၅) သံလွင်ဆီ 

သံလွင်ဆီသုံးတဲ့နည်းလမ်းက ဟောင်းပေမယ့် လက်ရှိ အထိအသုံးဝင်သေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ American Academy of Pediatrics က သံလွင်ဆီ ပူပူလေး နှစ်စက်လောက်ထည့်ခြင်းက ဘေးကင်းပြီး ထိရောက်တဲ့ ကုသနည်းဖြစ်တယ်လို့ ဆိုထားပါတယ်။ 


(၆) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို များသောအားဖြင့် ဟင်းချက်တဲ့နေရာမှာ အသုံးများကြပါတယ်။ ကြက်သွန်ဖြူက နားပိုးဝင်ခြင်းအတွက် အသုံးများတဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ ကြက်သွန်ဖြူက ကြက်သွန်နီမျိုးစိတ်၏ အစိတ်အပိုင်းဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတိုက်ဖျက်နိုင်စွမ်းရှိတာကြောင့်  အလွန်ကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် နားကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ပဋိဇီဝဆေးတွေ သောက်သုံးနေတယ်ဆိုရင် ကြက်သွန်ဖြူမစားခင် ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်နော်။ 

ref:Treat Ear Infection


#အရည်
#ရောင်ရမ်း
#လည်ပင်း
#ကြက်သွန်ဖြူ
#ကုသ

Some text some message..