ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းများ
myanmaplatform.com
|
2022-05-19

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်ခုစီတိုင်းကို သက်ရောက်မှုရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် ဟော်မုန်းပြောင်းလဲမှု အမျိုးမျိုးကို ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ တစ်ချို့ အမျိုးသမီးတွေက ဝက်ခြံထွက်တာ၊ တင်းတိတ် ထွတ်တာတွေ ဖြစ်တတ်သလို အချို့အမျိုးသမီးတွေကျ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဆံပင်ကျွတ်တာက အဖြစ်များပါတယ်။ ဒါကြောင့် အခုပြောပြမယ့် နည်းလမ်းတွေက ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 

(၁) ခေါင်းလျှော်ပြီးတိုင်း ခေါင်းလိမ်းဆီလိမ်းပါ။

ဆံပင်တွေကို ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်မြန်မြန်ခြောက်ဖို့ လိုအပ်သလို သင့်တော်တဲ့ ခေါင်းလိမ်းဆီလိမ်းပေး ဖို့လဲ လိုအပ်ပါတယ်။ ဒါမှ မွဲခြောက်ပြီး ဆံပင်ခွနေတာမျိုးမဖြစ်မှာ ဖြစ်ပါတယ်။ သံလွင်ဆီ၊ အုန်းဆီ၊  jojoba၊ almond နဲ့ mustard oils တို့ကို လိမ်းပေးပါ။ ရှားစောင်းလက်ပတ်ကလည်း ဆံသားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သဘာဝအသီးအနှံတွေနဲ့ oil တွေကို အသုံးပြုပြီး ဆံသားပေါင်းတင်တာ မျိုးပြုလုပ်ပေးပါ။ ဆံပင်ကျွတ်တာ သက်သာစေပါတယ်။


(၂) ခေါင်းမလျှော်ခင် ဦးရေပြားကို နှိပ်နယ်ပေးပါ။

ခေါင်းမလျှော်ခင်းမှာ ဦးရေပြားကို အမြဲ နှိပ်နယ်ပေးပါက သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဦးရေပြား ကျန်းမရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရန် ရေအေးနဲ့ ရေနွေးအစား ရေကို ခပ်နွေးနွေးလေးအသုံးပြု သင့်ပါတယ်။ 


(၃) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။

အသီးအနှံများ၊ သစ်သီးများ၊ အခွံမာသီးများမှာ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ကျွတ်တာကြောင့်မဟုတ်ဘဲ ကျန်းမာရေးအရကို စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ biotin, zinc ဓာတ် ချို့တဲ့ခြင်းကြောင့် ဆံပင်ကျွတ်တာ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ ထိန်းထားခြင်း၊ ဖြည့်စွတ်စာတွေစားသုံးခြင်းပြုလုပ်ရန် ဆရာဝန်တွေကလည်း အကြံပေးထားကြပါတယ်။ 


(၄) စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ။

စိတ်ဖိစီးမှု များလာရင် ကိုယ်ဝန်ဆောင်မဟုတ်ဘဲ ရိုးရိုးသာမန်သူတောင် ဆံပင်ကျွတ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိစ္စသေးသေးလေးတွေက အစ စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေလျော့ရန်အတွက် သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ အလှပြင်ဆိုင်တွင် နှိပ်နယ်ခြင်း၊ လမ်းလျှောက်ခြင်းတွေ ပြုလုပ်ပေးပါ။ ဒါဆိုရင် စိတ်ဖိစီးမှုတွေ အတော်လေးကို လျော့နည်းသွားစေနိုင်ပါတယ်။ 


(၅) ဆံပင်အရောင်ဆိုးခြင်းကို ရှောင်ပါ။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆံပင်အရောင်းဆိးုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့သူ မဟုတ်တောင် ဆံပင်ကို မကြာခဏ အရောင်ဆိုးခြင်းက ဆံပင်တွေကို ကြမ်းတမ်းစေပြီး ဆံပင်ကျွတ် စေပါတယ်။ ဆံပင်အရောင်ဆိုးတဲ့အချိန်မှာ ချွတ်ဆေးတွေ အချိန်ကြာကြာထားဖို့လိုအပ်ပါတယ်။ မကြာခဏ အရောင်ဆိုးခြင်၊ ကလည်း ဆံပင်ကို ပျက်စီးစေပါတယ်။ 


(၆) ဆံပင်ကို မကြာခဏ ဖြီးပေးတာမျိုးမလုပ်ပါနဲ့။

ဆံပင်ကို ခဏခဏ ဖြီးပေးရင် ဆံကေသာ တောက်ပြောင်လာတယ်လို့ ဆိုသူတွေ ရှိကြပါတယ်။ သို့သော်လည်း ဒါကို ယုံစားပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ခေါင်းခဏခဏ ဖြီးပေးတာမျိုးမလုပ်ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အချို့ အာဟာရဓာတ်တွေ အားနည်းခြင်း၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းတွေ ဖြစ်နေတဲ့အချိန်မှာ ဆံပင်ကို မကြာခဏ ဖြီးပေးမယ်ဆိုရင် ဆံပင်ကျွတ်တာပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဖြီးပေးတာမျိုးမလုပ်ပါနဲ့လို့ အကြံပေးလိုက်ပါတယ်နော်။ 


(၇) သဘာဝအသီးအနှံများကို အသုံးပြုပြီး ဆံသားကိုပေါင်းတင်ပေးပါ။

ကြက်ဥအကာ၊ ပျားရည်၊ သံလွင်ဆီ၊ အုန်းဆီ၊ ထောလပတ်ရွက်နဲ့ အိုမီဂါ(၃)ပါဝင်တဲ့ အသီးအနှံတွေကို အသုံးပြုပြီး ဆံသားကို ပေါင်းတင်ပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းလေးတွေ လိုက်နာမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ဆံပင်ကျွတ်ခြင်းတွေ သက်သာစေမှာပါနော်။

ref: Prevent Hair Fall During Pregnancy


#ကျန်းမာရေး
#ကိုယ်ဝန်ဆောင်
#ကိုယ်ဝန်
#အချိန်

Some text some message..