သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးနိုင်တဲ့ သဘာဝအစားအစာ ၁၀ မျိုး
myanmaplatform.com
|
2022-05-19

ယနေ့ခေတ်မှာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါက လူတိုင်းကြုံတွေ့နေရပြီး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ ဒီလိုရှုပ်ထွေးတဲ့ ဘဝမျိုးကို ရှောင်ရှား ဖို့အတွက် နေထိုင်မှု ပုံစံကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးဖို့ လိုအပ်သလို လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။ တတိယအဖြစ်များဆုံးရောဂါကတော့ သွေးတိုးရောဂါ ပဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကျဖို့အတွက် ဆေးသောက်လို့ ရသလို သဘာဝအစားအစာတွေ စားပြီးသွေးပေါင်ချိန်ကို ထိန်းချုပ်ပေးလို့ ရပါတယ်။ 

(၁) စပျစ်သီး

စပျစ်သီးမှာ ဖော့စဖရတ်နဲ့ ပိုတက်စီယမ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ စပျစ်သီးမှာ ပါဝင်တဲ့ သဘာဝ ဆီးရွှင်ဆေးဖြစ်သလို ကျောက်ကပ်မှ ဆိုဒီယမ်ကို ပိုမိုထုတ်လွှတ်စေပြီးသွေးကြောတွေကိုပြေလျော့စေပြီး သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။ 


(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုးတက်စီယမ်နှင့် မဂ္ဂနီစီယမ်၊ ဗီတာမင် ဘီ6၊ ဗီတာမင်စီကဲ့သို့ အခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ငှက်ပျောသီးကို နေ့စဉ်စားသုံးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး လေဖြတ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါတယ်။ 


(၃) ကြက်သွန်နီ

ကြွက်သားများကို ပြေလျော့စေသည့် adenosine သည် ကြက်သွန်နီက သွေးပေါင်ချိန်ကို စဉ်ဆက်မပြတ် ထိန်းထားရန်အတွက် ကောင်းမွန်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ကြက်သွန်နီကို နေ့စဉ်စားသုံးနိုင်တဲ့ နည်းလမ်းပေါင်းစုံရှိတဲ့ ထည့်ကမှ  အစိမ်းလိုက်စားတာနဲ့ ကြက်သွန်နီကိုဖျော်ရည်လုပ်ပြီး ပျားရည်အနည်းငယ် ရောပြီး သောက်တာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွေးပေါင်ချိန်ကို ရရှိစေပါတယ်။ 


(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူ နှစ်မွှာကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို ထိန်းညှိပေးရုံသာမက သွေးကြောများနှင့် သွေးကြောနံရံများတွင်တွယ်နေပြီးပိုလျှံနေတဲ့ ကိုလက်စထရောတွေကိုလည်း ချေဖျက်ပေးခြင်းဖြင့် ကိုလက်စထရောကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကြက်သွန်ဖြူက ကိုယ်တွင်း စနစ်ကိုလည်း ကောင်းမွန်စေတဲ့အပြင် သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အစိမ်းလိုက်စားတာပါ။ မစားနိုင်ရင် ကြက်သွန်ဖြူ နှစ်မွှာကို ပေါင်းထားပြီး အရည်ကို ဇွန်းနဲ့ ညှစ်ပြီး ရေတစ်ဝက်နဲ့ ရောပြီး တစ်နေ့ နှစ်ကြိမ်သောက်ပါ။ 


(၅) အုန်းရေ

အုန်းရေက ကိုယ်ခန္ဓာအတွက် မှော်ဆေးတစ်ခွက်ဖြစ်ပါတယ်။ အခြားသော အသီးအနှံတွေထက် အုန်းရေမှာ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်နဲ့ အခြားသော အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ပါဝင်မှု မြင့်မားခြင်းက သွေးဖိအားထိန်းချုပ်ရာတွင် များစွာ အထောက်အကူ ဖြစ်စေပါတယ်။ 


(၆) ဖရဲသီး (သို့) ဖရဲစေ့

ဖရဲသီးဟာ အချိန်ကြာကြာ သွေးတိုးရောဂါရှိနေရင် စားသုံးနိုင်တဲ့ အကောင်းဆုံး အသီးဖြစ်ပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ arginine ကသွေးပေါင်ချိန်ကိုလျှော့ချပေးသည့် တာဝန်ရှိပြီးသွေးခဲမှုကို လျှော့ချပေးပြီး အခြားသော နှလုံးရောဂါတွေကိုလည်း ကူညီပေးနိုင်ပါတယ်။ ဖရဲသီးကို အစေ့နဲ့ တွဲပြီး စားသုံးတာက အစေ့မှာ ဂလူးကို့ဒ် (Cucurbitin) ပါဝင်တာကြောင့် သွေးကျဲစေပြီး သွေးတိုးနဲ့ သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။ 


(၇) နံနံပင်

နံနံပင်က စိုးရိမ်ပူပန်မှုတွေကို ဟန့်တားပေးခြင်း၊ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ပေးခြင်း၊ ရောင်ရမ်းမှုများကို လျှော့ချပေးတဲ့အပြင် စိတ်ကျရောဂါတွေရဲ့ သဘောသဘာဝကို ကျော်ဖြတ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးသွားစေသည့် အာနိသင်ရှိပြီး သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောအဆင့်များကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 


(၈) ပူစီနံ

သွေးလွှတ်ကြောဆိုင်ရာ ပလိပ်ရောဂါနဲ့ သွေးတိုးရောဂါတွေကိုဖြစ်စေတဲ့ နှလုံး ညှစ်အားကို မြန်စေပြီး သွေးတိုးစေပါတယ်။ ပူစီနံက သွေးပေါင်ချိန်ကို ထိန်းညှိပေးသည့် ပလိပ်ရောဂါကိုဖယ်ရှားရာတွင် ကောင်းမွန်စေပါတယ်။ 


(၉) သံပုရာသီး

သံပုရာသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်မှုက သွေးတိုးရောဂါကို ထိန်းချုပ်ပေးပြီး သွေးပေါင်ချိန်ကို လျှော့ချပေး ပါတယ်။ သံပုရာသီးသည် နှလုံးသွေးကြောမျှင်များကို အားကောင်းစေပြီး သွေးတိုးရောဂါကို ခံနိုင်ရည်ရှိစေပါတယ်။ 


(၁၀) တရုတ်နံနံ

တရုတ်နံနံမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ တရုတ်နံနံမှာပါတဲ့ အင်ဇိုင်းက သွေးပေါင်ချိန်ကို လျှော့ချပေးတာကြောင့် နှလုံးရောဂါရှိစဉ်မှာ  စားသင့်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင်အသီးအရွက်တစ်ခုပဲ ဖြစ်ပါတယ်။ 

ref: To Naturally Control Your Blood Pressure


#ကျန်းမာရေး
#သဘာဝ
#နှလုံး
#ရောဂါ
#သွေးကြော

Some text some message..