ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်နာတာက ကလေးမွေးချင်လို့လား
myanmaplatform.com
|
2022-05-25

ကိုယ်ဝန်ဆောင်တဲ့အချိန် ဗိုက်နာတာက တတိယသုံးလပတ် ကုန်ဆုံးချိန်ဝေဒနာကို ပြတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဗိုက်နာတာက အသေးအမွှားကိစ္စကြောင့်ဆိုရင် သူ့ဘာသာဖြေရှင်း ပေးသွားပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ အကြောင်းအရင်းတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်တဲ့အချိန် ဗိုက်နာတာ ပုံမှန်ပဲလား

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဝမ်းဗိုက်အောင့်ခြင်း (သို့) ကြွက်တက်ခြင်းက ပုံမှန်ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓကိုယ်က ချဲ့ထွင်နေတာနဲ့ သားအိမ်အတွက် နေရာယူနေရတာကြောင့် နာကျင်မှုအချို့ကို ဖြစ်ပေါ်စေပါတယ်။ တစ်ခါတစ်ရံမှာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့်လဲ ဆက်စပ်နေနိုင်ပါတယ်။ အန္တရာယ်မရှိတဲ့ ဗိုက်အောင့်ခြင်းဆိုရင် အနားယူပြီး ဝမ်းသွားလိုက်ရင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အခြားသော ကျန်းမာရေးကိစ္စတွေကြောင့်ဆိုရင် ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လို အကြောင်းအရင်း တွေကြောင့် ဗိုက်နာရတာလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ 

(၁) ဝမ်းချုပ်ခြင်းကြောင့် 

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ Progesterone ဟော်မုန်းသည် သန္ဓေထိန်းပေးတာကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဝမ်းချုပ်စေပါတယ်။ ဝမ်းထဲမှာ မစင်များစုပုံလာရင် မအီမသာဖြစ်ပြီး နေရခက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရည်များများသောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ 


(၂) စားချဉ့်ပြန်ရောဂါ Gastroesophageal Reflux Disease (GERD) 

အစာအိမ်နဲ့ အစာရေမျိုကြားက ဆက်ထားတဲ့ ကြွက်သားလေး ပျက်စီးလျော့ရဲလာခြင်းကြောင့်ဖြစ်တဲ့ အစာခြေခြင်းစနစ်နဲ့ သက်ဆိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေမှာပါ တွေ့ရတတ်ပါတယ်။ အစာခြေရည်တွေ အစာအိမ်မှတစ်ဆင့် အစာရေမျိုပြွန်ထဲကို ပြန်တက်လာခြင်းကြောင့် အစာရေမျိုအပေါ်ယံလွှာ ပေါက်ပြဲသွားနိုင်ပြီး မသက်မသာခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပုံမှန်ဖြစ်တတ်ပြီး များသောအားဖြင့် အစားအသောက်နဲ့ စားသောက်မှု အလေ့အထကို ပြောင်းလဲလိုက်မယ်ဆိုရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ 


(၃) သားအိမ်ချဲ့ခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သားအိမ်ချဲ့ခြင်းကြောင့် ကြွက်သားပြောင်းလဲမှုများဖြစ်လာကာ တင်ပါးဆုံတွင်းနေရာ အနီးတွင် ဝမ်းဗိုက်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအများစုတွင် အဖြစ်များပါတယ်။ လုံလောက်စွာ အနားယူခြင်းနှင့် ဘေးကင်းတဲ့ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် တင်ပါးဆုံတွင် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ 


(၄) အရွတ်ကိုက်ခြင်းကြောင့်

ဝမ်းဗိုက် (သို့) တင်ပဆုံဧရိယာအတွင်း ပြင်းထန်စွာ နာကျင်ခြင်းက ကိုယ်ဝန် ဒုတိယသုံးလပတ်မှာ အဖြစ်များ ပါတယ်။ ဒီလိုနာကျင်မှုက သားအိမ်ကနေ ပေါင်ခြံအထိ ပေါက်သွားတဲ့ အရွတ်ကြီးတွေကြောင့် ဖြစ်ပါတယ်။ ရုတ်တရက်လှည့်ပတ်ခြင်း၊ လှုပ်ရှားမှုများခြင်းတွေကြောင့် နာကျင်မှုကို ပိုပြင်းထန်းစေပါတယ်။ အများအားဖြင့် မိနစ်အနည်းငယ်ကြာ အနားယူပြီးတဲ့အခါ ပျောက်သွားတတ်ကြပါတယ်။ ဆက်တိုက်နာကျင်ပြီး မသက်သာပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။ 


(၅) Braxton Hicks ကျုံ့ခြင်းကြောင့်

ကိုယ်ဝန် ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ဖြစ်တတ်ပါတယ်။ Braxton Hicks ကျုံ့ခြင်းကြောင့် မိနစ်အနည်းငယ်ကြာပြီး ဗိုက်တင်းခြင်းများ ဖြစ်တတ်ပါတယ်။ ဒီလိုမှားယွင်းတဲ့ နာကျင်မှုတွေက ရွေ့လျားမှုကြောင့် အနေအထားပြောင်းလဲခြင်းတွေကြောင့် သက်သာသွားနိုင်ပါတယ်။ ဒီလိုဝေဒနာတွေ မခံနိုင်ဖြစ်လာပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။ 


(၆) Painful orgasm 

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မိန်းမကိုယ်က အနောက်ကို ကျုံ့သွားနိုင်ပါတယ်။ ဒီနာကျင်မှုက Braxton Hicks နာကျင်မှုနဲ့ မတူပါဘူး။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ ဘေးကင်းတဲ့ လိင်ဆက်ဆံနည်းတွေ ရှိပါတယ်။ သို့သော်လည်း ဘေးကင်းတဲ့ လိင်ဆက်ဆံနည်းတွေထက် ရှောင်ကြဉ်လိုက်တာက ပိုပြီးတော့ ဘေးကင်းလုံခြုံပါတယ်။ 

အခုပြောပြခဲ့တဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေက ရှားပါးပါတယ်။ သူအလိုလို သက်သာသွားတာများပါတယ်။ ဒါမှမဟုတ် အခုပြောပြခဲ့တဲ့ အကြောင်းအရင်းတွေထဲကလို နာကျင်မှုက ကြာရှည်နေမယ်ဆိုရင် သားဖွားဆရာဝန်တွေနဲ့ ဆက်သွယ်ဖို့ကို တွန့်ဆုတ်နေလို့ မရတော့ပါဘူးနာ်။ 

ref: Stomach Pain During Pregnancy


#ကိုယ်ဝန်ဆောင်
#ကိုယ်ဝန်
#အချိန်
#အနာ

Some text some message..