ခံတွင်းနံ့ ဆိုးထွက်ရတဲ့ အကြောင်းအရင်းများ
myanmaplatform.com
|
2022-06-02

ခံတွင်းအနံ့ဆိုးတွေကို တော်တော်များများမှာ တွေ့ကြရပါတယ်။ လူ ၄ ယောက်မှာ အနည်းဆုံး ၁ ယောက်က ခံတွင်းနံ့ဆိုးထွက်တတ်ကြပါတယ်။ ဂရုစိုက်တာပဲ ဒါပေမယ့် ခံတွင်းနံ့ကထွက်နေတာ့လို့ ပြောလို့ မရပါဘူးနော်။ ဓာတုဗေဒဆေးဝါးတွေ သုံးမှ သက်သာတာ မဟုတ်ပါဘူး။ ခံတွင်းအနံ့ဆိုးထွက်နေရင် ခံတွင်းထဲက ရေဓာတ်ကို ထိန်းသိမ်းပေးရတာကလည်း အရေးကြီးပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ခံတွင်းအနံ့ဆိုးထွက်တာတွေ ကို သက်သာအောင်လုပ်ပေးနိုင်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ 

(၁) အာသီးကျောက်များကို ဖယ်ရှားပါ

အာသီးကျောက်ဆိုတာ အာသီးထဲမှာ ရှိတဲ့ အဖြူရောင်အကွက်လေးများ ဖြစ်ပါတယ်။ အတွင်းထဲမှာ ဖုံးကွယ်ထားလို့ မမြင်ရသလောက်ပါ။ ဒီကျောက်တွေက ဘက်တီးရီးယားတွေကို ဆွဲဆောင်ပြီး ရောဂါပိုးမွှား တွေနဲ့ ပြုလုပ်ထားတာကြောင့် ခံတွင်းနံ့ဆိုးစေပါတယ်။ ဒါကြောင့် အာသီးကျောက်တွေကိုဖယ်ရှားပြီး သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းရန်အတွက် ခံတွင်းသန့်စင်ဆေးရည်၊ ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းခြင်း၊ ရေနွေးငန်များဖြင့် ပလုတ်ကျင်းခြင်းက ကျောက်တည်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းဖြန်းဆေးကိုလည်း အသုံးပြုလို့ ရပါတယ်။ 


(၂) မနက်စာစားပါ

မနက်စာစာခြင်းက အသက်ရှုခြင်းအပါအဝင် ခန္ဓာကိုယ်အတွက် တစ်နေ့တာလုံး အရေးကြီးတဲ့အစားအစာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ မနက်စာမစားတဲ့ သူတွေက ခံတွင်းအနံ့ဆိုးခြင်းကိုပိုဆိုးစေပါတယ်။ ဒါကြောင့် မနက်စာ စားဖြစ်အောင် စားပေးသင့်ပါတယ်။ နံနက်စာ မစားဖြစ်ရင်တောင် ပန်းသီး၊ ဒိန်ချဉ်၊ နို့ နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးလို့ ရပါတယ်။ 


(၃) နှာခေါင်းနဲ့ အသက်ရှုပါ

ပါးစပ်နဲ့ လေကို ရှုရှိုက်ခြင်းက တံတွေးထွက်ခြင်းကိုထိန်းထားရတာကြောင့် နာတာရှည်ခံတွင်းနံ့ုဆိုးဖြစ်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် နှာခေါင်းနဲ့ အသက်ရှုခြင်းလေထဲမှာ ပါတဲ့အစိုဓာတ်ကို တည်ဆောက်ပေးတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ခံတွင်းနဲ့ အသက်ရှုခြင်းက အခြားသော ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ သွားဖုံးရောဂါကို ဖြစ်စေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကိုတွေကို ဖြစ်စေပါတယ်။ လေ့လာချက်တွေအရ ကလေးများမှာလည်း ပါးစပ်နဲ့တစ်ဆင့် အသက်ရှုခြင်းက ခံတွင်းနံ့ဆိုးခြင်းတွေကို ပိုပြီး ခံစားရတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ 


(၄) အစာစားပြီး ရေသောက်ပေးပါ

အနံ့ပြင်းတဲ့ အစားစားပြီးတဲ့အချိန်မှာ သွေးလမ်းကြောင်းမှ တစ်ဆင့် အဆုတ်သို့ ပျံ့နှံ့သွားပြီး ရလဒ်အနေနဲ့ အသက်ရှုလမ်းကြောင်းမှ ပြန်ထွက်လာပြီး အနံ့ဆိုးဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအစားအစာတွေစား မယ်ဆိုရင် ရေသောက်ပေးပါ။ ဒါ့အပြင် ပီကေဝါးခြင်း၊ အစာမစားခင်နဲ့ စားပြီးနောက ်ရေသောက်ပါ။ တူနာနဲ့ ငါး စားသုံးတော့မယ်ဆိုရင် အစာမစားခင်မှာ သံပုရာသီးထည့်ပေးပါ။ ဒါဆိုရင် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။ 


(၅) သွားချေးများကို ဖယ်ရှားပါ၊ လျှာကို ပွတ်တိုက်ပေးပါ။

အစားစားပြီးတဲ့အချိန်မှာ ပလုတ်ကျင်းခြင်း၊ လျှာပွတ်တံနဲ့ ပွတ်ပေးခြင်း တွေ ပြုလုပ်ပေးမယ်ဆိုရင် အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွားကြားထဲမှာ ရှိတဲ့ အမှုန်အမွှားတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို ဖယ်ရှားရန်အတွက် အစားစားပြီးနောက် သွားတိုက်ပေးပါ။ ဒါဆိုရင် ခံတွင်းနံ့ဆိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ 


(၆) ဝမ်းမချုပ်အောင်နေပါ

ခံတွင်းနံ့ဆိုးထွက်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ ဗိုက်ထဲမှာ အောင်းနေတဲ့ ဘက်တီးရီးယားတွေက ခံတွင်းကနေ အနံ့ဆိုးအနေနဲ့ ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင် ဒိန်ချဉ်၊ နွားနို့ နဲ့ ရေများများသောက်ပေးပြီး အမျှင်ဓာတ် များတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်နော်။ ဒါမှ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 


#ပန်းသီး
#ခံတွင်း
#ဘက်တီးရီးယား
#နှာခေါင်း
#မနက်စာ

Some text some message..