
အချို့ မိန်းကလေးတွေက အတွင်းခံဝတ်ဆင်ခြင်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ကြပေမယ့် အချို့သော သူတွေကတော့ တစ်နေ့လုံးဝတ်တဲ့အပြင် ညဘက်အိပ်တဲ့အချိန်တောင် မချွတ်ကြပါဘူး။ ဒီလို မချွတ်တမ်း ဝန်တဲ့သူတွေမှာ ဘယ်လိုတွေ ခံစားရလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
(၁) မွန်းကျပ်စေခြင်း
ချည်သားဇာအတွင်းခံကို ဝတ်ဆင်ရတာ နှစ်သက်သူတစ်ယောက်ဆိုရင် သေချာစဉ်းစားသင့်ပါတယ်။ ချည်သား တွေက ပိုမိုဆွဲဆောင်မှု ရှိသော်လည်း လေမဝင်တဲ့အပြင် မိန်းမကိုယ်တစ်ဝိုက်က ချွေးတွေနဲ့ အစိုဓာတ်တွေကို စုပ်ယူထားပါတယ်။ အတွင်းခံဘောင်းဘီကို မချွတ်တမ်း ဝတ်ထားမယ်ဆိုရင် ချွေးနဲ့ အစိုဓာတ်ပေါင်းစပ်ပြီး အရေပြားယားယံမှု ဖြစ်စေပြီး ပိုးမွှားတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေတောင် ဖြစ်စေနိုင်ပါတယ်။

(၂) အနံ့ဆိုးထွက်စေခြင်း
Synthetic fibers အဝတ်အစား တွေက ချွေးတွေနဲ့ ဘက်တီးရီးယားတွေကိုဖမ်းယူနိုင်တာကြောင့် မနှစ်မြို့ဖွယ်အနံ့ဆိုးတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီလိုအနံ့ဆိုးထွက်တာကို သက်သာစေဖို့အတွက် အတွင်းခံကို မကြာခဏချွတ်ပေးပါ။

(၃) အရေပြားယားယံခြင်း
အတွင်းခံဝတ်ထားတာ များလာတဲ့အချိန်မှာ မိန်းမကိုယ်ယားယံခြင်းတွေ ဖြစ်တတ်ပါတယ်။ အချို့အဝတ်တွေက တင်းကျပ်လွန်းတာတွေ၊ အဝတ်အထည်အတုတွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေက နူးညံတဲ့ အသားအရေကို ထိခိုက်စေပြီး ထိခိုက်ဒဏ်ရာနဲ့ ရောဂါပိုးတွေဝင်နိုင်ပါတယ်။ ဒါကြောင့် ဒီလို မသက်မသာခံစားမှုကို ရှောင်ဖို့အတွက် ချောင်ချောင်ချိချိအဝတ်အစားတွေ ဝတ်ပြီး အတွင်းခံကို ချွတ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

(၄) ဓာတ်မတည့်မှုများလည်း ဖြစ်နိုင်ခြင်း
အတွင်းခံဝတ်တဲ့အချိန်မှာ အရောင်ပါတဲ့ အဝတ်တွေက သေချာပေါက်ကြည့်ကောင်းသော်လည်း ဆိုးဆေးအတုတွေကြောင့် ယားယံတာ၊ အဖုအပိန့်တွေ ထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။ အတွင်းခံ ဝတ်တဲ့အခါမှာ တစ်ချိန်လုံးဝတ်တာမျိုးက အထည်ဆိုးဆေးတွေ သုံးတဲ့ ဓာတုဆိုးဆေးတွေက ပြင်းထန်တာမျိုး နဲ့ ကြုံလာရင် ရောဂါပိုးဝင်တဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။
အတွင်းခံ မဝတ်တာက ရံဖန်ရံခါ သတိမေ့သွားတယ်ဆိုပေမယ့် ဘယ်လောက်ထိ သက်တောင့်သက်သာရှိလဲ ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) အက်ဆစ်ပြန်တတ်ခြင်း ဖြစ်နိုင်ခြေနည်းပါးသွားခြင်း
အတွင်းခံဝတ်တာကို ရပ်လိုက်တဲ့အချိန်မှာ အတွင်းခံတွေက တင်းကျပ်လွန်းတော့ ဝမ်းဗိုက်ကို တွန်းပို့ပြီး အစာအိမ်ကို အပေါ်ကို ဖိအားဖြစ်စေကာ အက်ဆစ်ပြန်တတ်တာကို ဖြစ်စေပြီး ရင်ပူတာကိုပါ ဖြစ်စေနိုင်ပါတယ်။ အသက် ၂၀ ကနေ ၃၀ အရွယ်ရောက်ပြီးသူတွေမှာပင် အဖြစ်များသော်လည်း အတွင်းခံဘောင်းဘီကို မဝတ်တာက အက်ဆစ်ပြန်တတ်နိုင်ခြေကို နည်းပါးစေပါတယ်။

(၂) မကြာခဏ ပိုးမွှားကူးစက်ခြင်းမှ ကာကွယ်ပေးခြင်း
Candida နဲ့ ပတ်သက်တဲ့ ပြဿနာရှိဖူးသူ အများစု သိထားပြီးဖြစ်တဲ့ အတွက် ဘက်တီးရီးယားတွေ ရှိပါတယ်။ ဘက်တီးရီးယားတွေက အမျိုးသမီးတွေမှာ ၂၀ % လောက်တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေ မခံစားရပေမယ့် မှိုပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဝါဂွမ်းက အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဘက်တီးရီးယားတွေ ကြီးထွားဖို့ ပြီးပြည့်စုံတဲ့ နေရာကို ဖန်တီးပေးနိုင်တာကြောင့် အတွင်းခံဘောင်းဘီမဝတ်တာက ရောဂါကူးစက်ဖို့ အခွင့်အလမ်းနည်းပါးစေပါတယ်။

(၃) အနံ့ဆိုးထွက်ခြင်းမှလည်း သက်သာစေခြင်း
မိန်းကလေးတွေအများစုက ချိုင်း၊ မိန်းမကိုယ်နဲ့ ပေါင်ကြားတွေမှာ ချွေးထွက်များကြပါတယ်။ ဒီလိုနေရာတွေမှာ အစိုဓာတ်ရှိတဲ့ နေရာမှာ အတွင်းခံအဝတ်အစားဝတ်လိုက်တဲ့အချိန်မှာ အနံ့အသက်တွေကို တိုးစေပြီး ချွေးတွေကို ပိတ်ဆို့သလို ဖြစ်ကာ အနံ့ဆိုးထွက်လာတာဖြစ်ပါတယ်။ အတွင်းခံမဝတ်တော့ပါက ချွေးတွေ အငွေ့ပျံသွားစေနိုင်ပြီး ချွေးထွက်ခြင်းကိုလည်း သက်သာစေတဲ့အပြင် အနံ့ဆိုးထွက်ခြင်းကိုလည် ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) ယားယံခြင်းကိုသက်သာစေခြင်း
ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းတွေက နူးညံ့တဲ့ တစ်ရှူးတွေနဲ့ ပြုလုပ်ထားတာကြောင့် အတွင်းခံအတုနှင့် တင်းကြပ်တဲ့ အတွင်းခံဘောင်ဘီတွေက ယားယံခြင်း၊ ဒဏ်ရာရခြင်းနဲ့ ပိုးဝင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးက ဘောင်းဘီတွေက ကြပ်လွန်းပြီး ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတွင်းခံအစား အံဝင်ခွင်ကျတဲ့ အဝတ်အစားကိုသာ ဝတ်ဆင်မယ်ဆိုရင် အချို့ကိစ္စတွေကိုလည်း သက်သာစေတဲ့အပြင် ယားယံခြင်းကိုလည်း လုံးဝဖယ်ရှားပေးနိုင်ပါတယ်။
ref: Wearing Underwear