ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း ဂရုစိုက်သင့်တဲ့ အရာများ
myanmaplatform.com
|
2022-06-21

အမျိုးသမီးတိုင်းက မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် အရမ်းချစ်တတ်တဲ့ ခံစားချက်တွေဖြစ်လာတတ်ကြပါ တယ်။ ကိုယ်ဝန်ကြောင့်ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်ရသလို မိသားစုဝင်တွေကလည်း ပျော်ရွှင်ကြရပါတယ်။ အကုန်လုံးပျော်ရွှင်နေကြပေမယ့် ကိုယ်ဝန်ဆောင်မိခင်ကိုတော့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။ ကိုယ်ဝန်မဆောင်ခင်ကလို တစ်ယောက်တည်းမဟုတ်တဲ့အတွက်ကြောင့် ဘဝကို နှစ်ယောက်စာ ဖြတ်သန်း နေရတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။ ဒါကြောင့် ဘယ်လိုအရာတွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

(၁) ဆံပင်ဆေးဆိုးခြင်းမလုပ်ရ

ကိုယ်ဝန်ဆောင်ပထမသုံးလပတ်က ကိုယ်ဝန်ဆောင်တွေရဲ့ အရေးကြီးဆုံးကာလဖြစ်ပါတယ်။ ဆံပင်အရောင်ဆိုးခြင်းကဲ့သို ဓာတုပစ္စည်းတွေအလွန်များတဲ့အရာတွေပြုလုပ်တာက မသင့်တော်ပါဘူး။ ဆံပင်အရောင်မှာ ပါတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ထဲကို အချိန်ကြာကြာစိမ့်ဝင်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲကို ဓာတုပစ္စည်းတွေစိမ့်ဝင်လာတာ များလာတဲ့အချိန်မှာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါအပြင် အရောင်ရဲ့အနံ့ကြောင့် မအီမသာဖြစ်နိုင်ပါတယ်။ 


(၂) ခြေသည်းလက်သည်းဆိုးခြင်းမလုပ်ရ

ခြေဖဝါးတွေရောင်ရမ်းပြီး နာကျင်နေတဲ့အချိန်မှာ စိတ်ထွက်ပေါက်အဖြစ် ခြေသည်းလက်သည်းတွေကို အလှပြင်ချင်စိတ်ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကလေးကျန်းမာရေးနဲ့ စိတ်ချလုံခြုံချင်တယ်ဆိုရင်တော့ ဒီအရာကိုလည်း စွန့်လွတ်ဖို့ လိုအပ်ပါတယ်။ ခြေသည်းလက်သည်းကို အလှဆင်ခွင့်မရှိဘူးလို့ မဆိုလိုပါဘူး။ အလှဆင်လို့ ရပါတယ်။ ခြေသည်းလက်သည်းမဆိုးဖို့ပဲ လိုအပ်တာပါ။ ဒါ့အပြင် ခြေကျင်းဝတ်မှာမနှိပ်သင့်တဲ့ နေရာတွေလည်း ရှိပါတယ်။ နှိပ်မိပါက သားအိမ်အတွင်း ပုံမှန်မဟုတ်ဘဲ ကျုံ့သွားခြင်းနှင့် အချိန်မတိုင်မီ ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ လက်သည်းဆိုးဆေးတွေမှာလည်း DBP နှင့် Toluene တို့က တူညီတဲ့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို ဓာတုပစ္စည်းတွေက သွေးကြောထဲကို စိမ့်ဝင်နိုင်ပြီး အခြားအကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 


(၃) ကိုယ်ဝန်ဆောင်စဉ် ချွေးထုတ်ခြင်းမလုပ်ရ

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ချွေးထုတ်တာမျိုး မလုပ်သင့်ပါဘူး။ အပူလွန်ကဲခြင်းက သားအိမ်အတွင်းအပူလွန်ကဲခြင်းကို ဖြစ်စေနိုင်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ 


(၄) ပြင်းထန်တဲ့လေ့ကျင့်ခန်းမလုပ်ရ

ကိုယ်ဝန်ဆောင်တဲ့အချိန် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရဖို့အတွက် GYM သွားပြီးလေ့ကျင့်ခန်းလုပ်တာတွေကိုခွင့်မပြု ရပါဘူး။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ လေးလံတဲ့အလေးမခြင်း၊ အေရိုးဗစ်လုပ်ခြင်း၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေက သန္ဓေသားကို အောက်ဆီဂျင်ပြတ်တောက်မှု ဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့ဦးနှောက်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လုပ်နေသမျှ အရာအားလုံးက ကလေးကိုအကျိုးသက်ရောက်မှု ဖြစ်စေနိုင်တာကြောင့် လုံးဝကို မပေါ့ဆသင့်ပါဘူးနော်။


(၅) အိမ်အတွင်း နှိပ်တာတွေမလုပ်ရ

အမျိုးသမီးတိုင်းက ကိုယ့်ခင်ပွန်းရဲ့ ပြုစုပေးတာကိုခံချင်ကြပါတယ်။ ဒါပေမယ့် သတိထားသင့်ပါတယ်။ အကြောတွေကို မသိဘဲ နှိပ်နယ်တာမျိုးမလုပ်ရပါဘူး။ တကယ်လိုအပ်ခဲ့တယ်ဆိုရင် သားဖွားဆရာမကိုခေါ်တာမျိုး ကျွမ်းကျင်တဲ့ပညာရှင်တွေဆီက အနှိပ်ပညာသင်ထားတာမျိုးမှ မဟုတ်ရင် အနှိပ်မခံရန် အကြံပြုပါတယ်နော်။  ဘာကြောင့်လဲဆိုတော့ ဂရုမစိုက်ဘဲ နှိပ်နယ်ပေးမိတဲ့အချိန်မှာ သားအိမ်မှာ ပုံမှန်မဟုတ်ဘဲ ကျုံ့ခြင်း၊ လမစေ့ဘဲ ဝေဒနာကို ခံစားရခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ နှိပ်နယ်ပေးတာထက် အစားအသောက်ကို ဂရုစိုက်ပေးတာက ပိုပြီးအရေးကြီးပါတယ်။ 


(၆) နှစ်ခြိုက်စွာအိပ်ရန်လိုအပ်ခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ နှစ်ခြိုက်စွာ အိပ်မောကျဖု့ိအတွက်လိုအပ်ပါတယ်။ ပုံမှန်နေ့တွေထက်ပိုအိပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ်လက်မအီမသာဖြစ်ခြင်းတွေကြောင့် အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို မလုပ်ချင်ဖြစ်တတ်ပါတယ်။ အလုပ်မလုပ်ချင်တာနဲ့ ပျင်းတယ်လို့ မဆိုလိုပါဘူ။ မိခင်က နှစ်ခြိုက်စွာ အိပ်မောကျမှသာလျှင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုတွေနဲ့ သက်ဆိုင်တာကြောင့် မိခင်က လုံလောက်တဲ့ အိပ်စက်ခြင်းရှိဖို့ လိုအပ်ပါတယ်။ 


(၇) စိတ်ဖိစီးမှုတွေ ဖြေဖျောက်ခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရေးကြီးဆုံးက စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ပါပဲ။ စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ရန်အတွက် သီချင်းနားထောင်တာ၊ တရားနာတာတွေ လုပ်ပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သီချင်းနားထောင်တာက စိတ်ကို ပြေလျော့စေပြီး မိခင်နဲ့ ကလေးရဲ့ စိတ်ကိုအေးချမ်းစေပါတယ်။ သုတေသီတွေကလည်း စိတ်ဖိစီးမှုတွေ ကင်းဝေးစေရန်အတွက် သီးချင်းနားထောင်ရန် အကြံပြုထားပါတယ်။ 

ref: Tips for Pregnant Ladies


#ကျန်းမာရေး
#ကိုယ်ဝန်ဆောင်
#စိတ်ဖိစီးမှု
#ဓာတုပစ္စည်း
#လေ့ကျင့်ခန်း

Some text some message..