ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ဖရဲသီးစားသုံးပေးခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ
myanmaplatform.com
|
2022-07-09

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အစားအသောက် မှန်ကန်ခြင်းကလည်း မမွေးသေးတဲ့ ကလေးကို အများကြီးကျန်းမာစေပါတယ်။ ဒါကြောင့် ကလေးကျန်းမာဖွံ့ဖြိုးဖို့အတွက် အစားအသောက် က အလွန်ကို အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ကာလ သုံးလတာကာလအတွင်းမှာ ဟော်မုန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အမျိုးမျိုးပါဝင်တာကြောင့် လွယ်ကူတဲ့ အလုပ်မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ 

ဒါကြောင် ဒီပြောင်းလဲမှုကို ကျော်လွှားရန်အတွက်  သင်ကြားခံရတာကတော့ အသီးအနှံတွေ ပုံမှန်စားဖို့ပါပဲ။ ဆရာဝန်တွေဆီကနေ၊ ပတ်ဝန်းကျင်က အတွေ့အကြုံရှိတဲ့သူတွေဆီကနေ အမြဲကြားနေရတာ ကတော့ အသီးအနှံတွေကိုပုံမှန်စားပေးပါ။ အသီးအနှံတွေနဲ့ ပတ်သက်ပြီး စားသုံးဖို့ လုပ်ပေမယ့် ကန့်သတ်ထားတဲ့ အသီးအနှံတွေလည်း ရှိပါတယ်။ ဒါကြောင့် စဉ်းစားချင့်ချိန်ပြီး စားသုံးသင့်ပါတယ်နော်။ ကိုယ်ဝန်ဆောင်မိခင်တွေ လုံးဝစားပေးသင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံကတော့ ဖရဲသီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖရဲသီးစားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

(၁) ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း

ခြေဖဝါးနဲ့ လက်များ ရောင်ရမ်းခြင်းသည် ကိုယ်ဝန်ဆောင်စဉ်တွင် အဖြစ်များသော ပြဿနာဖြစ်ပြီး ကိုယ်ဝန်ဆောင် ၉၀ % နီးပါးဖြစ်ပွားလေ့ရှိပါတယ်။ ဖရဲသီးစားသုံးပေးခြင်းကြောင့် သွေးကြောများနှင့် ကြွက်သားများ ပိတ်ဆို့ခြင်းကို ထိရောက်စွာ ဖယ်ရှားပေးသောကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ ရောင်ရမ်းမှုဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ 


(၂) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ဖရဲသီးကို ပုံမှန်စားသုံးပေးတာက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် တကယ်ကို ကောင်းမွန်ပါတယ်။ ဖရဲသီးမှာ lycopene လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်တာကြောင့် pereclampsia ဖြစ်နိုင်ခြေကို ၅၀ % အထိ လျှော့ချပေးပါတယ်။ 


(၃) Morning sickness ဖြစ်ခြင်းကိုလျှော့ချပေးခြင်း

Morning sickness ဆိုတာက ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ မနက်ခင်းမှာ ဖရဲသီးစားသုံးပေးခြင်းဖြင့် Morning sickness ကို အလွယ်တကူ ကာကွယ်ပေးနိုင်ပါတယ်။ ဖရဲသီးရဲ့ အာဟာရနဲ့ ခွန်အားဖြစ်စေတဲ့ ဂုဏ်သတ္တိတွေက မနက်ပိုင်းမှာ အဖြစ်များတဲ့ Morning sickness ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ 


(၄) ကြွက်တတ်ခြင်းကို ကာကွယ်ပေးခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်သားတွေ ကြွက်တတ်တာ အမျိုးမျိုးဖြစ်နိုင်ခြေရှိပါတယ်။ ဖရဲသီးစားသုံးပေးခြင်းက ဟော်မုန်းအပြောင်းအလဲနှင့် ကိုယ်အလေးချိန်တိုးခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် အရိုးနှင့် ကြွက်သားများ နာကျင်ကိုက်ခဲမှုကို လျှော့ချပေးနိုင်ပါတယ်။ 


(၅) ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း

ဝမ်းချုပ်ခြင်းက ကိုယ်ဝန်ဆောင်စဉ်တွင် အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဖရဲသီးစားသုံးခြင်းက ဝမ်းပျက်နေသော ဝမ်းကို ကုသပေးနိုင်တဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ ဖရဲသီးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်သောကြောင့် ဝမ်းသွားခြင်းကို လွယ်ကူစေပြီး ရေဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ဝမ်းသွားရာလမ်းကိုလည်း ကြည်လင်စေပါတယ်။ 


(၆) ရေဓာတ်ခမ်းခြောက်ခြင်းကိုကာကွယ်ပေးခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝဖို့အတွက် ဖရဲသီးက အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက စောစီးစွာ ကျုံ့ခြင်းကြောင့် လမစေ့ပဲ မွေးဖွားခြင်းကဲ့သို့ ကြီးမားတဲ့ နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝဖို့အတွက် ဖရဲသီးကို ကိုယ်ဝန်ဆောင်တွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။ 


(၇) အပူဖုများကို ကုသပေးခြင်း

အရေပြားယားယံခြင်းနှင့် ယားယံခြင်းတို့ ဖြစ်စေနိုင်တာကကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေမှာ ကြုံတွေ့ရလေ့ ရှိပါတယ်။ ဖရဲသီးမှာ အေးမြမှုနှင့်ရေဓာတ်ပေးစွမ်းနိုင်တာကြောင့် ယင်းပြဿနာများကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖရဲသီးကို စားရန်အကြံပေးလိုက်ပါတယ်နော်။

ref: Benefits of Consuming Watermelon During Pregnancy


#ကိုယ်ဝန်ဆောင်
#အကျိုးကျေးဇူး
#ကုသ
#ဖရဲ
#ဖရဲသီး

Some text some message..