
ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ တုန်လှုပ်ခြင်း အမျိုးမျိုးသော အကြောင်းအရာ တွေကြောင့် လူတိုင်း ငိုကြွေးကြရပါတယ်။ ဘယ်လိုနည်းကြောင့်ပဲ ငိုငို ငိုပြီးသွားရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဆိုတာက ရှိစမြဲပါပဲ။
မငိုခင်နဲ့ ငိုပြီးချိန်တွေမှာ ဘာတွေ ဖြစ်လာနိုင်သလဲ
ရုပ်ရှင်တွေ ကြည့်ပြီးငိုတာ၊ စိတ်ဖိစီးမှု များပြီး ငိုတာ၊ ဒါမှမဟုတ် ဝမ်းသာစရာ သတင်းကောင်းတွေ ကြောင့် ဝမ်းသာ မျက်ရည် ကျတာတွေက ခန္ဓာကိုယ်ပေါ်မှာ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ကောင်းသွားတာလား၊ ဆိုးသွားတာလားဆိုတာ သိချင်ရင် အဆုံးထိ ဖတ်ကြည့်ရအောင်နော်။

(၁) စိတ်ဖိစီးမှုတွေကို သက်သာစေခြင်း
စိတ်ခံစားမှုအရ ငိုကြွေးခြင်းက လူသားတွေမှာပဲ ဖြစ်တဲ့ တစ်ခုတည်းသော မျိုးစိတ်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေတောင် ငိုကြွေးခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အပြုအမူက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်နဲ့ ဘယ်လို သက်ဆိုင်နေလဲဆိုတာကို အတိအကျ မသိကြပါ။ ဝမ်းသာတဲ့ မျက်ရည်၊ ဝမ်းနည်းတဲ့ မျက်ရည်၊ ရယ်မောရင်းကျတဲ့ မျက်ရည်၊ စိတ်တိုလို့ ကျတဲ့ မျက်ရည်တွေက ဘာကြောင့်လဲဆိုတာ အဖြေရှာလို့ မရသေးပါဘူး။ ဒါပေမယ့် ဘယ်လိုကြောင့်ပဲ မျက်ရည်ကျပါစေ ငိုလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုတွေကိုတော့ သက်သာစေပါတယ်။

(၂) စိတ်ခံစားချက်တွေကို မြှင့်တင်ပေးခြင်း
ငိုလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုတွေကိုသက်သာရာရစေလို့ ထင်ကောင်းထင်နိုင်သော်လည်း ယေဘုယျအားဖြင့် လူသုံးပုံ နှစ်ပုံလောက်က ငိုပြီးရင် ပိုပြီး စိတ်ခံစားမှု ကောင်းလာကြပါတယ်လို့ The University of South Florida ရဲ့ စိတ်ပညာရှင်ပါမောက္ခ Jonathan Rottenberg ကဆိုထားပါတယ်။ လူတွေက ငိုလိုက်ခြင်းကြောင့် ဒီအကျိုးကျေးဇူးတွေကို အစီရင်ခံထားပေမယ့် လွဲမှားမှတ်တမ်းတင်ထားတာ ဖြစ်နိုင်ပြီး လူတွေက ငိုကြွေးပြီးရင် စိတ်ခံစားချက် သက်သာလာတာကိုတော့ လက်ခံထားရပါတယ်။ နားလည်မှုနဲ့ ကူညီမှုတွေ နဲ့ တုံ့ပြန်ခြင်းက လှောင်ပြောင်ပြီး အရှက်ရစေတာထက် ပိုပြီး ခံစားချက်ကို ကောင်းစေနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ငိုကြွေးပြီးနောက် ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်က စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ နှစ်သိမ့်မှု ရရှိခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီလို နှစ်သိမ့်မှု ရရှိခြင်းကြောင့် စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာပြီး မြှင့်တင်ပေးတာ ဖြစ်ပါတယ်။

(၃) ငိုကြွေးခြင်းကြောင့် အချို့ဆက်ဆံရေး တိုးတက်လာခြင်း
ဒါကတော့ အံ့သြစရာမဟုတ်တော့ပါဘူး။ မိဘနဲ့ သားသမီးကြား ငိုကြွေးခြင်းက မိခင်ရဲ့ အာရုံစူးစိုက်မှုကို ပိုမို ရရှိစေပါတယ်။ ကလေးငယ်တွေအနေနဲ့ မျက်ရည်ကျပြီး အော်ဟစ်တာက ၎င်းတို့ကို ပြုစုစောင့်ရှောက်သူအား ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတွေအနေနဲ့ကတော့ ငါ မင်းကိုလိုအပ်တယ်၊ ငါ့ကို ကူညီပါ ဆိုတဲ့ မက်ဆေ့ချ်ပေးချင်တာဖြစ်ပါတယ်။ ဒါကြောင့် ငိုကြွေးခြင်းကြောင့် အချို့ဆက်ဆံရေးတွေက အရင်ကထက် ပိုကောင်းလာတာတွေလည်း ရှိသလို အလွန်အမင်းငိုကြွေးတာကြောင့် အရင်ကထက် ပိုဆိုးသွားတဲ့ ဆက်ဆံရေးတွေလည်း ရှိပါတယ်။

(၄) ငိုကြွေးခြင်းနဲ့ သံယောဇဉ်ကို ဖန်တီးလို့ ရခြင်း
မျက်ရည်တွေနဲ့ အခြားသူကို ပြောဆိုဆက်ဆံတဲ့အခါ ကျွနု်ပ်တို့ရဲ့ အားနည်းချက်ကို ထုတ်ဖော်ပြသနေသလို ဖြစ်တတ်ပါတယ်။ ကူညီပံ့ပိုးသူနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ တိုးမြင့်လာတဲ့ ခံစားချက်ကို ဖန်တီးပေးပြိး သံယောဇဉ်တွေကို ပိုမိုခိုင်မာအောင် ဖန်တီးလို့ ရပါတယ်။ ဒါကြောင့် သူစိမ်းအရှေ့မှာ ကိုယ့်ရဲ့ အားနည်ချက် ကို ပြဖို့ မလိုအပ်တာကြောင့် သူတို့ရှေ့မှာ မငိုဖို့ ကြိုးစားပါ။ ကိုယ်ရဲ့ အရင်းနှီးဆုံးသူတွေအတွက်ကတော့ မျက်ရည်က ကယ်တင်ပေးနိုင်တယ်လို့ ဆိုလို့ ရပါတယ်။

(၅) ငိုကြွေးခြင်းကြောင့် လိုချင်တာကို ရစေခြင်း
ငယ်ရွယ်ချိန်မှာတုန်းကလည်းကိုယ်လိုချင်တာကို ရဖို့အတွက် ငိုဖူးကြမှာပါ။ ငိုလိုက်တော့မှာ ကိုယ်လိုချင်တဲ့ အရာကို ဝယ်ပေးတာမျိုးလည်း ကြုံဖူးကြမှာပါ။ မရည်ရွယ်ပေမယ့်လည်း ဒေါသပြေစေရန်အတွက် ၊ ကိုယ်လိုချင်တဲ့အရာအတွက် ငိုကြွေးလိုက်တာနဲ့ ရတတ်ကြပါတယ်။ ပဋိပက္ခအခြေအနေတွေကနေတောင် ငိုကြွေလိုက်ခြင်းကြောင့် အဆင်ပြေသွားတာမျိုး ဖြစ်တတ်ပါတယ်။
ref: benefit of crying