အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ
ondoctor.com.mm
|
2022-07-12

အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ အချို့သော ရောဂါလက္ခဏာတွေဟာ မပြင်းထန်ဘဲ သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပြီး တချို့ရောဂါတွေကတော့ ပြင်းထန်တဲ့အတွက် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့အထိ လိုအပ်ပါတယ်။

အစာအိမ်နဲ့အစာအိမ်အူလမ်းကြောင်းရောဂါတွေခံစားရတဲ့အခါ အဖြစ်များတဲ့လက္ခဏာတွေကတော့ ဗိုက်နာခြင်း၊ လေပွခြင်း၊ ဝမ်းဗိုက်ကြွက်တက်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းနဲ့ အစာမျိုရခက်ခဲခြင်းစတာတွေပဲ ဖြစ်ပါတယ်။ အကယ်၍ အထက်ပါ လက္ခဏာတွေကို မကြာခဏ ခံစားရတာ သို့မဟုတ် အန်တဲ့အခါ၊ ဝမ်းသွားတဲ့အခါ သွေးပါလာတာမျိုးဖြစ်လာရင်တော့ မှန်ကန်တဲ့ရောဂါအကြောင်းအရင်းကို ရှာဖွေကုသနိုင်ဖို့ ဆရာဝန်ထံ သွားရောက်ပြသရန် လိုအပ်ပါတယ်။

အဖြစ်များတဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါပြဿနာ(GI issues) တွေကတော့ စားချဥ့်ရည်ဆန်တက်သောရောဂါ (GERD)၊ အစာအိမ်နဲ့အူလမ်းကြောင်းအနာဖြစ်ခြင်း ၊ ဂလူတန်နှင့် ဓာတ်မတည့်သည့် အူသိမ်ရောဂါ၊ လက်တိုစ့်နှင့်ဓာတ်မတည့်ဖြစ်ခြင်း၊ နာတာရှည်ဝမ်းပျက်ခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း၊ သည်းခြေကျောက်တည်ခြင်းနှင့် အသည်းရောဂါ စတာတွေဖြစ်ပါတယ်။ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါပြဿနာတွေဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက်ရလာသူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။8 GI ရောဂါပြဿနာတွေဟာ မတူညီတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားလေ့ရှိပြီး ခန္ဓာကိုယ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်စေနိုင်ပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့-

(၁) အသက်ရလာခြင်း

အသက်ရလာတဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါပြဿနာတွေကို ခံစားရနိုင်ခြေ ပိုများပါတယ်။ အသက်ရလာတာနဲ့အမျှ အစာခြေဂလင်းတွေရဲ့ လုပ်ဆောင်ချက်တွေ နှေးကွေးလာပြီး အစာအိမ်လှုပ်ရှားမှုပုံမှန်မဟုတ်ခြင်း၊ အစာအိမ်အက်စစ်ပြန်တက်ခြင်းနှင့် အစာခြေမှုနှေးကွေးခြင်းတို့ကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် လူကြီးတွေမှာ အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာများ ဖြစ်ပွားနိုင်ခြေ ပိုမိုများနိုင်ပါတယ်။ အသက်ရလာတာကို ရှောင်လွှဲလို့မရပေမဲ့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေမဖြစ်လာစေဖို့ ကိုယ်ခံစွမ်းအားမြင့်တက်အောင် ပြုလုပ်နိုင်ပါတယ်။

(၂) အစာအိမ်ကြွက်သားများ အားနည်းလာခြင်း

အစာအိမ်ကြွက်သားများ အားနည်းသွားပြီး မှန်ကန်စွာ အလုပ်မလုပ်နိုင်ပါက အစာခြေစနစ်နှေးကွေးခြင်း ( Gastroparesis) ကို ခံစားရနိုင်ပါတယ်။

ပဲပိစပ်
ပဲပိစပ်မှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ကယ်လ်ဆီယမ်နဲ့ သံဓာတ်ပါဝင်မှုလည်း မြင့်မားပါတယ်။

Quinoa
Quinoa မှာလည်း ပရိုတင်းအပြင် အခြားအာဟာရဓာတ်တွေဖြစ်တဲ့ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

ဆန်
ဆန်မှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးထဲမှာ သကြားဓာတ် အလွန်အမင်း များပြားစေဖို့ ကူညီကာကွယ်ပေးနိုင်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်တစ်မျိုး ပါဝင်ပါတယ်။

အခြားပရိုတင်းဓာတ်တွေကိုတော့ အယ်လ်မွန်၊ ပဲနီလေး၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ မှို၊ ကိုက်လန် နဲ့ ပန်းဂေါ်ဖီစိမ်းလို အစိမ်းရောင်အရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။

(၃) ရေဓာတ်လုံလောက်စွာ မသောက်သုံးခြင်း

လက်တွေကို သန့်ရှင်းအောင် ဆေးကြော သန့်စင်ရသလို အစာခြေလမ်းကြောင်းကိုလည်း လုံလောက်တဲ့ရေပမာဏကို သောက်သုံးပြီး သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ရေသောက်ခြင်းဖြင့် အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေဟာ အစာချေဖျက်ရာမှာလည်း ကူညီပေးပြီး အူလမ်းကြောင်းမှ အာဟာရတွေကို သွေးတွင်းသို့ စုပ်ယူနိုင်ဖို့ အထောက်အကူပြုစေပါသည်။ ဒါ့အပြင် ရေအလုံအလောက်သောက်ခြင်းဟာ ဝမ်းပျော့‌ပျော့သွားစေတာကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေကို လုံလောက်အောင် မသောက်သုံးပါက နာတာရှည်ဝမ်းချုပ်ခြင်းကဲ့သို့သော အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ ကြုံတွေ့ရနိုင်ပါတဲ့အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပေးဖို့ လိုအပ်ပါတယ်။ ရေများများမသောက်နိုင်ရင်တောင် အရည်အလုံအလောက်ရဖို့အတွက် အချိုမပါတဲ့ ကော်ဖီနဲ့ လက်ဖက်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။ ဒါပေမဲ့ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ အလွန်အကျွံသောက်တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

(၄) လှုပ်ရှားမှုနည်းခြင်း

နေ့စဥ်လှုပ်ရှားတက်ကြွနေဖို့က ရုပ်ပိုင်းဆိုင်ရာရော စိတ်ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ နေ့စဉ်ဘ၀မှာ လှုပ်ရှားမှုနည်းပါက အစာခြေကျန်းမာရေးအပါအဝင် အထွေထွေကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ ရေကူးခြင်းနှင့် ယောဂလေ့ကျင့်ခန်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိလျှင်‌တောင် အစာအိမ်အူလမ်းကြောင်းစနစ်ဆီကို သွေးစီးဆင်းမှု တိုးလာစေပြီး ဝမ်းချုပ်တာကို တားဆီးပေးနိုင်ဖို့အတွက် နေ့စဉ်လှုပ်ရှားမှုများနှင့် အိမ်အလုပ်များကိုလုပ်ပေးသင့်ပါတယ်။

(၅) အမျှင်ဓာတ်စားသုံးမှုနည်းပါးခြင်း

အပင်တွေမှာ အမျှင်ဓာတ်တွေ ပါ၀င်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အမျှင်ဓာတ်တွေဟာ အစာခြေဖို့ အချိန်ယူရတာကြောင့် အစာအိမ်ကို ပြည့်ဝနေစေပြီး အစာချေဖျက်ဖို့ရာအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။ အမျှင်ဓာတ်ကို သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲအမျိုးမျိုးတို့မှ အလွယ်တကူ ရရှိနိုင်ပါတယ်။ နေ့စဉ်အစားအစာတွေကနေ အမျှင်ဓာတ်လုံလောက်စွာမရရှိပါက မကြာခဏဝမ်းချုပ်ခြင်းကိုခံစားရနိုင်ပြီး အူမကြီးကင်ဆာအထိ ဖြစ်ပွားစေနိုင်ပါတယ်။

(၆) နို့နှင့် နို့ထွက်ပစ္စည်းများကို အလွန်အကျွံ စားသုံးခြင်း

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အဆီများစွာ ပါဝင်တာကြောင့် အစာကြေရန် ခက်ခဲနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေ အများအပြား စားသုံးခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ ဖောရောင်ခြင်း၊ လေပွခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခြားနည်းလမ်းတစ်ခုအနေနဲ့ဆိုရင် အပင်အခြေခံထုတ်ကုန်များ (ဥပမာအားဖြင့် Ensure Gold Plant-Based) က အစာခြေစနစ်တိုးတက်စေဖို့အတွက် အကောင်းဆုံးအထောက်အကူဖြစ်စေနိုင်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့် အစားမစားနိုင်ဘဲ လုံလောက်တဲ့ အာဟာရ မရရှိသလို ခံစားနေရပါက Ensure Gold လို နှစ်ပေါင်း (၃၀) ကျော် သုတေသနပြုလုပ်ထားပြီး အမေရိကန်နိုင်ငံတွင် နံပါတ် (၁) ဆရာဝန်အညွှန်းဆုံး အမှတ်တံဆိပ်*ဖြစ်တဲ့အပြင် အထွေထွေကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေမယ့် ပြည့်စုံမျှတတဲ့ အာဟာရဖြည့်စွက်စာတွေကို သောက်သုံးပေးသင့်ပါတယ်။ Ensure Gold Plant-Based ဟာ ပဲပိစပ်၊ ဆန်၊ quinoa စတဲ့ အရည်အသွေးမြင့်အပင်အခြေခံပရိုတင်းတွေနဲ့ HMB# ပါဝင်လို့ ကြွက်သားတည်ဆောက်ရာမှာ ကူညီပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို ကူညီမြှင့်တင်ပေးနိုင်မယ့် အိုမီဂါ (၃)၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး၊ ကိုယ်ခံစွမ်းအားအတွက် အာဟာရဓာတ် (၁၂) မျိုး^လည်း အလုံအ‌လောက်ပါဝင်ပါတယ်။ Ensure Gold Plant-Based အပင်အခြေခံပရိုတင်း (၆) ဇွန်းပါတစ်ခွက်ကို တစ်နေ့ (၂)ကြိမ် ပုံမှန်သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ကျန်းမာသန်စွမ်း~ဖို့ ကူညီပေးနိုင်တဲ့အပြင် လက်တိုစ့်နို့သကြားမပါဝင်တဲ့အတွက်လည်း အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေကို သက်သာစေနိုင်ပြီး ပိုမိုကျန်းမာလာစေနိုင်ပါတယ်။ အရသာအားဖြင့်လည်း အာရှမှစားသုံးသူတွေအကြိုက်နဲ့ ကိုက်ညီမှုရှိအောင် အယ်လ်မွန်အရသာနဲ့ ထုတ်လုပ်ထားတဲ့အတွက် အသီးအရွက်ပိုမိုစားသုံးသူများ၊ နို့အရသာမကြိုက်သူများနဲ့ အထူးသင့်တော်ပါတယ်။

Ensure Gold Plant-Based အပင်အခြေခံပရိုတင်း နမူနာလက်ဆောင်ထုပ်လေးတွေကို အောက်ပါ link ကနေတစ်ဆင့် အခမဲ့ ရယူနိုင်ပါပြီ။

www.ensuremyanmar.com/ensure-careline/ www.leisurecare.com/resources/why-do-seniors-lose-weight/ www.health.clevelandclinic.org/what-you-should-know-about-unexplained-weight-loss-and-diabetes/ www.stellishealth.com/4-common-causes-of-unplanned-weight-loss-in-seniors/ www.consultant360.com/articles/involuntary-weight-loss-elderly www.24alife.com/blog/2021/03/losing-weight-and-immune-system/ www.abbottfamily.com.sg/brands/ensure/range www.abbottfamily.com.sg/brands/ensure/ensure-life-dairy-alternative www.webmd.com/healthy-aging/guide/sarcopenia-with-aging www.medicalnewstoday.com/articles/321474 www.helpguide.org/articles/healthy-living/exercise-and-fitness-as-you-age.htm www.medlineplus.gov/nutritionforolderadults.html www.medlineplus.gov/ency/article/007165.htm www.healthhub.sg/live-healthy/510/sleep www.mindwise.org/blog/uncategorized/the-importance-of-social-connection/ www.webmd.com www.abbottfamily.com.sg/brands/ensure/range www.leisurecare.com/resources/why-do-seniors-lose-weight/ www.webmd.com www.ensuremyanmar.com/eng/why-a-balanced-diet-is-important-for-muscle-building/ ^Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc, and iron, that help support the normal function of the immune system)

*Ensure Gold contains a scientifically evaluated level of protein which has been shown to improve strength
#Referring to Ensure’s portfolio in Pacific Asia. Made with plant-based protein from soy, rice, and quinoa


#အာဟာရ
#အစာအိမ်
#အူလမ်းကြောင်း
#ကြွက်သား
#ဝမ်းချုပ်ခြင်း

Some text some message..