အပူလောင်ဒဏ်ရာ ကုသပေးနိုင်တဲ့ သဘာဝနည်းလမ်းများ
myanmaplatform.com
|
2022-07-20

အိမ်မှာ အဖြစ်အများဆုံးကတော့  အပူလောင်ဒဏ်ရာပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အပူလောင်ဒဏ်ကို ခံစားဖူးကြပါတယ်။ ငယ်ချိန်တုန်းကလည်း မသိလို့ဆိုပြီး ရေနွေးပူလောင်တာမျိုး၊ ဒယ်အိုး အပူကို မတော်တဆထိမိခြင်း၊ မီးပူထိခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒီလို အပူလောင်ဒဏ်ရာတွေ ဖြစ်ရင် ဆေးရုံဆေးခန်းတွေမှာ ကုသပေးရသလို အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့လည်း ကုသပေးလို့ ရပါတယ်။ ဘယ်လို ပစ္စည်းတွေနဲ့ ကုသရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

အပူလောင်ဒဏ်ရာကို အပိုင်း သုံးပိုင်းခွဲထားပါတယ်။ 

(၁) ပထမအဆင့် အပူလောင်ဒဏ်ရာ

ပထမအဆင့် အပူလောင် ဒဏ်ရာကတော့ ထိခိုက်မှု အနည်းဆုံးဖြစ်စေတဲ့ မီးလောင်ဒဏ်ရာ၊ အပူလောင်ဒဏ်ရာ ဖြစ်ပါတယ်။ ဒီဒဏ်ရာက အရေပြား၏ အပြင်ဘက်အလွှာကိုသာ ထိခိုက်စေပြီးအရည်ကြည်ဖု များမဖြစ်ပါ။ နီခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရေပြား အနည်းငယ်လှန်ခြင်းတို့သာ ဖြစ်တတ်ပါတယ်။ 


(၂) ဒုတိယအဆင့် အပူလောင် ဒဏ်ရာ

ဒုတိယအဆင့် အပူလောင်ဒဏ်ရာကတော့ အပူလောင်ပြိး အရေပြား၏ အပြင်ဘက်အလွှာကို ကျော်လွန်သွားပြီး အရေပြားမှာ အပူလောင်အရည်ကြည်ဖုများ ထွက်ကာ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုများ ဖောင်းတာ၊ ပေါက်တာမျိုး ဖြစ်တတ်တာကြောင့် အပူလောင်ဒဏ်ရာ ပျောက်ကင်းရန် အချိန်ပိုကြာတတ်ပါတယ်။ 


(၃) တတိယအဆင့် အပူလောင်ဒဏ်ရာ

တတိယအဆင့် အပူလောင်ဒဏ်ရာ ကတော့ အရေပြားအလွှာတွေအားလုံးကို ထိခိုက်စေပြီး  ပျံ့နှံ့သွားတာ ဖြစ်တာကြောင့် ပြင်းထန်အဆင့်လို့ ပြောရမှာပါ။ အလွန်ပြင်းထန်ပြီး မကြာခဏဆိုသလို အာရုံကြောများကို ထိခိုက်တဲ့အထိ နာကျင်မှုကို ဖြစ်စေပါတယ်။ တတိယအဆင့် အပူလောင်ဒဏ်ရာ ဖြစ်ပါက အရေပြားက ဖယောင်းဖြူ (သို့) အညိုရင့်ရောင် ပြောင်းလဲတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။ မကုသဘဲ ထားပါက ထို အပူလောင်ဒဏ်ရာက ပြင်းထန်တဲ့ အမာရွတ်များကို ဖြစ်စေနိုင်ပါတယ်။ တတိယအဆင့် မီးလောင်ဒဏ်ရာ၊ အပူလောင်ဒဏ်ရာကို အတွေ့အကြုံရှိတဲ့ သမားတော်တွေနဲ့ကို ပြသပြီး ကုသတာမျိုးလုပ်သင့်ပါတယ်။ ကိုယ်တိုင် စမ်းသပ်ကုသတာမျိုလုံးဝမလုပ်သင့်ပါဘူးနော်။ 

အပူလောင်ဒဏ်ရာအတွက် အိမ်တွင်းကုထုံးများ

အပူလောင်ဒဏ်ရာတွေကို အိမ်တွင်းကုထုံးနည်းလမ်းတွေနဲ့ မစမ်းခင် ရှေးဦးသူနာပြုစုနည်းလမ်းကို အားကိုးသင့်ပါတယ်။ အပူလောင်သော နေရာကို ၁၀ မိနစ်ခန့် ရေအေးဖြင့် လောင်းချပြီးနောက် ပဋိဇီဝဆေးဆီ လိမ်းပေးပါ။ ရေမရရှိပါက အပူလောင်နေရာကို အေးသောရေဇလုံထဲတွင် နစ်ထားနိုင်ပါတယ်။ အပူလောင်ဒဏ်ရာကို ဘယ်လိုနည်းလမ်းတွေ ဘယ်လိုအရာတွေနဲ့ ကုသမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။


(၁) Peppermint Oil

Peppermint Oil အဆီ နှစ်စက် သုံးစက်ကို ဂွမ်းစပေါ်မှာ တင်ပြီး အပူလောင်ဒဏ်ရာပေါ်ကို လိမ်းပေးပါ။ တစ်ရက်ကို အနည်းဆုံး သုံးကြိမ်လုပ်ပေးပါက သက်သာစေနိုင်ပါတယ်။ Peppermint Oil အဆီမှာ menthol ကြွယ်ဝစွာ ပါဝင်တာကြောင့် မီးလောင်မှုကို အေးမြစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် Peppermint Oil ၏ အကိုက်အခဲပျောက်တဲ့အပြင် ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေတာကြောင့် အပူလောင်ဒဏ်ရာနဲ့ ရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ 


(၂) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အလယ်က ပါတဲ့ ဂျယ်လီလို အဖြူရောင်ကို  အပူလောင်ဒဏ်ရာပေးမှာ ပွတ်လိမ်းပေးပါ။ တစ်ရက်ကို နှစ်ကြိမ်မှ သုံးကြိမ်လုပ်ပေးပါ။ ရှားစောင်းလက်ပတ်က ရောင်ရမ်းမှုနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ များ ပါဝင်တာကြောင့် မီးလောင်ဒဏ်ရာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ဒဏ်ရာမှာ အမာရွတ်နဲ့ အရည်ကြည်ဖုများမှာ ဘက်တီးရီးယားပိုးမွှားဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 


(၃) ပျားရည်

ပျားရည်ကို သောက်ရတယ်လို့ပဲ အများဆုံးကြားဖူးကြတယ်ထင်ပါတယ်။ အပူလောင်ဒဏ်ရာဖြစ်ရင် ပျားရည်ကို လိမ်းပေးလို့ ရပါတယ်။ တစ်ရက်ကို အနည်းဆုံး သုံးကြိမ်းလိမ်းပေးပါ။ ပျားရည်မှာ သဘာဝပဋိဇီဝဆေးဖြစ်တာ ကြောင့် သဘာဝ pH မျှတပြီး မီးလောင်ဒဏ်ရာ၊ အပူလောင်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ ပျားရည် က ရောင်ရမ်းမှုနဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အပူလောင်ဒဏ်ရာတွေကိုသက်သာစေနိုင်ပါတယ်။


(၄) သွားတိုက်ဆေး

အပူလောင်ရင် သွားတိုက်ဆေးကို ပုံပေးဆိုတာက လူတိုင်းသိကြပါတယ်။ ဟုတ်ပါတယ်။ အပူလောင်ဒဏ်ရာ ဖြစ်တဲ့နေရာမှာ ပွတ်လိမ်းပေးလိုက်ပါ။ တစ်ရက် ကိုတစ်ကြိမ်လောက်လုပ်ပေးလို့ ရပါတယ်။ သွားတိုက်ဆေးက သေးငယ်တဲ့ နာကျင်မှုကို သက်သာစေပြီး အပူလောင်ဒဏ်ရာကိုလည်း သက်သာစေနိုင်ပါတယ်။ 


(၅) လက်ဖက်ခြောက်အိတ်

ရေနွေးသောက်ပြီးတဲ့အချိန်မှာ Tea bag ကို ကပ်ပေးပါ။ ပွတ်ပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက် ကပ်ပေးပါ။ တစ်ရက်ကို နှစ်ကြိမ် လောက်အနည်းဆုံးလုပ်ပေးပါ။ လက်ဖက်ခြောက်အိတ်မှာ tannic acids ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်နေရာက အပူများကို စုပ်ယူပေးပါတယ်။ ဒါကြောင့် လက်ဖက်ခြောက် အိတ်က နာကျင်ခြင်းနဲ့ အပူလောင်ခြင်းတို့ကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ 

ref: to teat burn


#သဘာဝ
#သွားတိုက်ဆေး
#အရေပြား
#ကုသ
#ဂုဏ်သတ္တိ

Some text some message..