လူတွေမသိကြသေးတဲ့ စပျစ်သီးစားသုံးပေးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ
lifestylemyanmar.com
|
2022-08-05

စပျစ်သီး တွေဟာ လူတွေအတွက်တော်တော် အသုံးဝင်တယ်လို့ပြောရမယ်။ ဝိုင်လုပ်သောက်လို့ရတယ်။ ဒီအတိုင်းစားလို့လည်းရတယ်။ ပြီးတော့ အခြောက်ခံပြီး ဟင်းထဲထည့်ချက်စားလို့လည်းရပါသေးတယ်။ ဒါကတော့ လူတိုင်းနီးပါးသိထားတဲ့ စပျစ်သီးတွေရဲ့ ကောင်းကျိုးတွေပါ။ နောက်ထပ်လူတွေမသိကြသေးတာက စပျစ်သီးဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်ဆိုတာပါပဲ။ စပျစ်သီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင်အေနဲ့စီ၊ ကယ်လ်ဆီယမ် စတဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

ဒီနေ့ ဆောင်းပါးမှာတော့ စပျစ်သီးစားရင် ရလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပိုကျန်းမာတဲ့ နှလုံးပိုင်ဆိုင်နိုင်မယ်

စပျစ်သီးတွေဟာ Antioxidants (ဓာက်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်တာကြောင့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ပြီးတော့ စပျစ်သီးမှာပါတဲ့ Polyphenols ဓာတ်ပေါင်းဟာ သွေးဖိအား လျှော့ချပေးပြီးတော့ နှလုံးဖောရောင်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ စပျစ်သီးဟာ ဝိတ်ချနေတဲ့သူတွေအတွက်လည်း အကောင်းဆုံးရွေးချယ်စရာ အစားအစာတစ်ခုပါ။


အစာခြေစနစ်အတွက် ကောင်းတယ်

စပျစ်သီးတွေမှာပါတဲ့ အမျှင်ဓာတ်တွေဟာ အစာခြေစနစ်ကို အကောင်းဆုံး အထောက်အပံ့ ပေးပါတယ်။ ပြီးတော့ စပျစ်သီးမှာ ပါဝင်တဲ့ရေဓာတ်ဟာလည်း အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။


အားအင်တွေ ပိုရှိလာမယ်

စပျစ်သီးမှာ အားအင်တွေကို မြှင့်တင်ပေးတဲ့ သဘာဝ Carbohydrates နဲ့ Cellulose တွေပါဝင်ပါတယ်။ ဒါကြောင့် လက်တဆုပ်စာ စပျစ်သီးစားလိုက်ရုံနဲ့ အားအင်တွေပြည့်ဝစေပါတယ်။ ပြီးတော့ စပျစ်သီးဟာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး အားအင်တွေကို အကြာကြီး ထိန်းသိမ်းပေးနိုင်ပါတယ်။


ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်မယ်

စပျစ်သီးမှာပါတဲ့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဟာ ဆဲလ်တွေပျက်စီးတာနဲ့ ကျောက်ကပ်နဲ့ပက်သတ်တဲ့ ရောဂါဖြစ်ပွားခြင်းကို တိုက်ခိုက်ပေးပါတယ်။ ပြီးတော့ ဒီ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) Uric Acid လိုမျိုး စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။ ဆရာဝန်တွေကတော့ ကျန်းမာတဲ့ ကျောက်ကပ်ကို ပိုင်ဆိုင်ချင်ရင် တနေ့ကို စပျစ်သီး ၁၅ လုံးခန့် စားပေးဖို့ အကြံပေးထားပါတယ်။


ကင်ဆာတွေ ကာကွယ်ပေးတယ်

စပျစ်သီးမှာပါတဲ့ ဒီ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဟာ ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်တယ်ပြောရမှာပါပဲ။ ဒီ Antioxidants ဟာ ကင်ဆာတွေကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ စပျစ်သီးစားတာက ကင်ဆာအန္တရာယ်တွေကနေ ကင်းဝေးစေသလို အသက်ရှုရလည်းလွယ်ကူစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။


Lifestyle_Myanmar

ref-healthline


#ကျန်းမာရေး
#နှလုံး
#ကင်ဆာ
#အာဟာရ
#အကျိုးကျေးဇူး

Some text some message..