ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?
ondoctor.com.mm
|
2022-08-13

ကိုယ်အပူချိန်တိုင်းတဲ့ သာမိုမီတာလေးဆောင်ထားတယ် ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

ဒီမေးခွန်းကို အိမ်ရှင်မတိုင်းသိချင်ကြပါတယ်။ အိမ်မှာမိသားစုဝင်တစ်ယောက် နေမကောင်းဘူးဆိုတာနဲ့ ဖျားနေလား ပုံမှန်ကိုယ်အပူချိန်လား ဆုံးဖြတ်ရခက်ဒွိဟဖြစ်စေတဲ့ အချက်များလည်းကြုံတွေ့ရတတ်ပါတယ်။

ပုံမှန်ကိုယ်အပူချိန်ဟာ လူတစိယောက်ရဲ့ အသက်အရွယ်၊ ကျား/မ၊ လက်ရှိလူပ်ရှားမူအခြေအနေ စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။

ပုံမှန်လူတစ်ယောက်ရဲ့အပူချိန်ဟာ 98.6°F ( 36°C) သတ်မှတ်ထားသော်လည်း တစ်ဦးနှင့်တစ်ဦး အနည်းငယ်တော့ကွာခြားတတ်ပါတယ်။

ကိုယ်အပူချိန်တိုင်းခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကို ကိရိယာထားတိုင်းသလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီးလည်းကွဲပြားခြားနားပါတယ်။

ကိုယ်အပူချိန်ကိုသက်ရောက်စေတဲ့ အချက်တွေကတော့

– အသက်အရွယ်

– ကျား/မ

– တိုင်းတာတဲ့အချိန် (ပုံမှန်အားဖြင့် မနက်စောစောတွင် အပူချိန်သည်ကျနေတတ်ပြီး နေ့လည်ပိုင်းတွင်မြင့်နေတတ်ပါတယ်) ။

– လူပ်ရှားမူ

– အစာစားထားမှု၊ သောက်ထားမူ

– အမျိုးသမီးများရာသီလာချိန်

– တိုင်းသောနေရာ (ပါးစပ်၊ စအို၊ ချိုင်း) စတဲ့နေရာတွေက များစွာသက်ရောက်မူရှိပါတယ်။

(၁) လူကြီးတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်

ပုံမှန်လူကြီးတစ်ယောက်ရဲ့ကိုယ်အပူချိန်ဟာ 97.6-99.6°F အတွင်းဖြစ်နိုင်ပါတယ်။လူကြီးတစ်ယောက် အဖျားရှိမရှိဆုံးဖြတ်ခြင်းဟာ ပုံမှန်အားဖြင့် အပူချိန်100.4°F အနည်းဆုံးရှိရပါမယ်။အပူချိန် 103.1°F ဆို အဖျားကြီးတယ်လို့ယူဆပြီး အပူချိန် 105.8°F ဆို စိုးရိမ်ရသော အခြေအနေဟု သတ်မှတ်ပါတယ်။

သုတေသနပြုချက်အရ အသက်ကြီးသူများဟာ ပုံမှန်အပူချိန်ကျတတ်ပြီး အာဖရိက-အမေရိကန် အမျိုးသမီးများကတော့ လူဖြူများထက်အပူချိန်များတတ်ပါတယ်။အချို့သောရောဂါရှိသူများဟာလည်း အပူချိန်အနည်းအများဖြစ်စေပါတယ်။သိုင်းရွိုက်ဟော်မုန်းနည်းသူများဟာ အပူချိန်ကျတတ်ပြီး ကင်ဆာရှိသူများကတော့ အပူချိန်မြင့်မားတတ်ပါတယ်။

(၂) ကလေးကြီးတစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်

အသက် ၃နှစ်မှ၁၀ နှစ်ကလေးတစ်ယောက်ကို ပါးစပ်မှတိုင်းမယ်ဆို ပုံမှန်ကိုယ်အပူချိန်ဟာ 99.5_99.5°F အတွင်းရှိတတ်ပါတယ်။ကလေးရဲ့ကိုယ်အပူချိန်ဟာ လူကြီးအပူချိန်နှင့် တူညီပါတယ်။

(၃) ကလေးငယ်တစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်

ကလေးငယ်တစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်ဟာ လူကြီးပုံမှန်အပူချိန်ထက်မြင့်ပါတယ်။မွေးစမှအသက်၂နှစ်ကလေးငယ်ရဲ့ပုံမှန်စအိုမှတိုင်းသောအပူချိန်ဟာ 97.9-100.4°Fအတွင်းရှိတတ်ပါတယ်။သွားပေါက်စအချိန်မှာပိုပူတတ်ပါတယ်။မွေးစကလေးငယ်ရဲ့ပျမ်းမျှကိုယ်အပူချိန်ကတော့ 99.5°F ဖြစ်ပါတယ်။

ကလေးငယ်များရဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မူဟာမြန်ပြီး အပူများများထုတ်သောကြောင့်ဖြစ်ပါတယ်။

ကလေးငယ်တွေဟာ လူကြီးများနှင့်ယှဉ်လျှင် ကိုယ်အပူချိန်ကို မထိန်းညှိနိုင်ပါ။ဆိုလိုတာက အနွေးဓာတ်ရလျှင်ချွေးထွက်နည်းခြင်းကိုဆိုလိုပါတယ်။ဒါ့အပြင် ဖျားနေစဉ်အတွင်း ကိုယ်အပူချိန်မြင့်မားနေရာမှ ပုံမှန်အပူချိန်ရောက်ရန် ခက်ခဲကြာမြင့်တတ်ပါတယ်။

(၄) ဘယ်လိုအပူချိန်ဆို ဆေးခန်းပြသင့်လဲ?

လူတစ်ယောက်ရဲ့အသက်အရွယ်ပေါ်မူတည်ပြီး အရေးကြီးသောကိုယ်အပူချိန်ဆိုတာ ရှိပါတယ်။

လူကြီး

ရောဂါအခံမရှိသောလူတစ်ယောက်ဟာ အခြားထူးခြားသောလက္ခဏာများမရှိဘဲ အပူချိန် 100.4-104°Fအတွင်းဟာ နာတာရှည်အဖျားကြောင့်လို့ ယူဆမရပါ။သို့သော် နှလုံးရောဂါ။အဆုတ်ရောဂါရှိသောသူတွေမှာ အဖျားအနည်းငယ်တက်ရုံမျှပင် စိုးရိမ်စရာလို့ ယူဆနိုင်ပါတယ်။

ကိုယ်အပူချိန်အပြင်အခြားသော သတိမေ့ခြင်း၊ခေါင်းကိုက်ခြင်းနှင့်မောခြင်းစသော လက္ခဏာများရှိပါက ကိုယ်ပူချိန်ဟာ 104°F အထက်နှင့် 95°F အောက်ဖြစ်ခဲ့လျှင် နီးစပ်ရာဆရာဝန်နှင့်သေချာကုသမူခံယူပါ။ကိုယ်အပူချိန် 95°Fအောက် ကျနေခြင်းဟာ အထူးအန္တရာယ်ရှိသော အပူချိန်ပင်ဖြစ်ပါတယ်။

ကလေး

ကလေးငယ်အသက် ၃လမှ ၃နှစ်အတွင်းရှိ ကလေးငယ်များသည် အပူချိန်ရှိသော်လည်း 102.2°F မကျော်လျှင် သောက်ဆေးသောက်ရန် အမြဲမလိုအပ်ပါ။ 102.2°F ကျော်ခဲ့လျှင် သို့မဟုတ် အန်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း၊ရေဓာတ်ခမ်းခြောက်ခြင်းစတဲ့အခြေအနေရှိပါက အမြန်ဆုံးကုသမူခံယူပါ။

မွေးစကလေးငယ်များ

မွေးစမှအသက်၃နှစ်အောက်ကလေးငယ်များဟာ စအိုမှအပူချိန်တိုင်းကြည့်ပြီး 100.4°F နှင့်အထက်ဖြစ်ခဲ့လျှင် အရေးပေါ်ကုသမူလိုအပ်ပါတယ်။ အလွန်ငယ်သောကလေးများတွင် ကိုယ်အပူချိန်အနည်းငယ်တက်လျှင်လည်း ပြင်းထန်သောရောဂါကူးစက်ခံနေရသည်ဟု ယူဆနိုင်ပါတယ်။

(၅) အသက်အရွယ်လိုက် ကိုယ်အပူချိန်တိုင်းနည်းများ

– မွေးစမှ၃လ အရွယ်သည် စအိုမှတိုင်းပါ။

– ၃လမှ၃နှစ်ကလေးငယ်သည် စအို၊ နားနှင့်ချိုင်းကြား မှတိုင်းပါ။

– ၄နှစ်မှ၅နှစ်ကလေးသည် ပါးစပ်၊ စအို၊ နားနှင့်ချိုင်းကြားမှတိုင်းပါ။

– ၅နှစ်အထက်သည် ပါးစပ်၊ နားနှင့် ချိုင်းကြားမှတိုင်းပါ။

မိမိအသုံးပြုသောသာမိုမီတာ အသုံးပြုနည်းကို သေချာဖတ်၍တိုင်းပါ။

ကလေးလူကြီးမရွေး ကိုယ်အပူချိန်ဟာ ပုံမှန်ထက်ပိုများနေရင်ဖြစ်ဖြစ် ပုံမှန်ထက်ပိုအေးစက်နေရင်ဖြစ်ဖြစ် အမြန်ဆုံး နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်ထိရောက်သောကုသမူခံယူသင့်ပါတယ်။

Author: Dr. Pyae Shin


#နှလုံး
#ဆရာဝန်
#အပူချိန်
#ကုသ
#ကိုယ်ပူ

Some text some message..