အသက်အရွယ်အရ ကြွက်သားဆုံးရှုံးတာကို ဘယ်လိုကာကွယ်မလဲ?
ondoctor.com.mm
|
2022-10-21

ယခုကမ္ဘာလောကကြီးမှာ နည်းပညာတွေတိုးတက်လာသည်နှင့်အမျှ လူသားတွေဟာ ဇရာကိုပါ အန်တုလာနိုင်ကြပါတယ်။ ဆေးဝါးများ၊ အလှအပဆိုင်ရာများစသည့် နည်းလမ်းမျိုးစုံနှင့် အသက်အရွယ်ကြီးလာလျှင် ဖြစ်လာနိုင်သော ပျက်စီးခြင်းတွေကို ဟန့်တားလာနိုင်ကြပါတယ်။ ဒါပေမယ့် လုံးဝဖြစ်မလာအောင်တော့ မတားဆီးနိုင်သေးပါဘူး။ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ကြွက်သားတွေဟာ အသက် ၄၀ ကျော်လာတာနဲ့ တစ်နှစ်ကို ပျှမ်းမျှအားဖြင့် ၈%ထိ ဆုံးရှုံးလာနိုင်ပါတယ်။ အဲ့လိုကြွက်သားဆုံးရှုံးလာခြင်းဟာ အသက်၅၀ ကျော်လာတဲ့အခါမှာ သိသာလာပါတယ်။

ကြွက်သားဆုံးရှုံးခြင်းရဲ့ လက္ခဏာများ

ပင်ပန်းနွမ်းနယ်နေတတ်ခြင်းယခင်နှစ်တွေကလောက် ပုံမှန်သယ်နေကျ အရာများအား မသယ်နိုင်တော့ခြင်းလမ်းလျှောက်ရာမှာ ယခင်ကလောက် မသွက်တော့ခြင်းကိုယ်အလေးချိန် ကျလာခြင်းစတာတွေဟာ ကျန်းမာရေးပြဿနာ အခြားဘာမှမရှိလျှင် အသက်ကြီးလာခြင်း‌ကြောင့် ကြွက်သားဆုံးရှုံးတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဆေးပညာဝေါဟာရ အရ Sarcopenia လို့ ခေါ်‌ ဝေါ်ကြပါတယ်။

သည်လိုဖြစ်ရတာဟာ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ဇီဝကမ္မဖြစ်စဉ်တွေ ဟန်ချက်မညီပဲ ပျက်ယွင်းလာလို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုအရာတွေဟာ ကြွက်သားဆုံးရှုံးခြင်းကို အားပေးနေသလဲ?

⮚ အာဟာရ ပြည့်ဝစွာ မစားသုံးခြင်း

တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လိုရီနဲ့ အသားဓာတ်တွေကို လုံလောက်စွာ မစားတဲ့အခါ ကြွက်သားဆုံးရှုံးတာဟာ ပိုဖြစ်တတ်ပါတယ်။

⮚ လှုပ်လှုပ်ရှားရှား နေထိုင်မှုမရှိခြင်း

အမြဲတမ်း ထိုင်နေပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်သူများ၊ ထိခိုက်ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်သူများ၊ ရောဂါကြောင့် အိပ်ရာပေါ်တွင်သာ နေနေရသူများဟာ ကြွက်သားဆုံးရှုံးခြင်းဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။

⮚ နာတာရှည် ရောင်ယမ်းခြင်း ပြဿနာရှိသူများ

နာတာရှည်ရောင်ယမ်းစေတဲ့ ရောဂါတွေဖြစ်တဲ့ သွေးလေးဘက်နာရောဂါ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောင်ယမ်းခြင်း ပြသနာများ ( Inflammatory Bowel Diseases )၊ တီဘီရောဂါ ကဲ့သို့ ရောဂါအခံရှိသူတွေမှာ ရောင်ယမ်းမှု ကြောင့် ဇီဝကမ္မဖြစ်စဉ်တွေ ပျက်ယွင်းပြီး ကြွက်သားဆုံရှုံးမှု ပိုမိုဖြစ်တတ်ပါတယ်။

⮚ ရောဂါ အခံရှိသူများ

ကင်ဆာဝေဒနာရှင်များ၊ အသည်းခြောက်ရောဂါ၊ နှလုံးရောဂါသည်များ စသူတွေမှာ ရောဂါအခံကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးလွယ်ပြီး ကြွက်သား‌ ဆုံရှုံးမှုကို ပိုမို အားပေးစေနိုင်ပါတယ်။

အသက်အရွယ်အရကြွက်သားဆုံးရှုံးမှုကို ဘယ်လိုကာကွယ်နိုင်မလဲ?

⮚ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း အမျိုးအစားတွေထဲမှာ

ကြွက်သားတွေကို အားစိုက်သုံးရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဝိတ်မခြင်း၊ အိပ်ထမတင် လုပ်ခြင်း၊ ဒိုက်ထိုးခြင်းခန္ဓာကိုယ်ကို ဟန်ချက်ညီညီနှင့် ထိန်းပြီး ဆော့ရသည့် အေရိုးဗစ်လေ့ကျင့်ခန်းများစက်ဘီးစီးခြင်း၊ jogging လျှောက်ခြင်းလမ်းလျှောက်ခြင်းစတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ငါးရက်၊ တစ်နေ့ကို 15မိနစ် မှ မိနစ်30 ထိ ဆော့ကစားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းကပင် ကြွက်သားဆုံရှုံးမှုနှုန်းကို နှေးကွေးသွားစေနိုင်ပါတယ်။

⮚ ကြွက်သား ဆုံးရှုံးမှုကို ဟန့်တားစေနိုင်သည့် အစားအသောက်များ

Protein အသားဓာတ် ကြွယ်ဝစေသော အစားအသောက်များဖြစ်တဲ့ ကြက်ဥ၊ အသား၊ ပဲအမျိုးမျိုး စသည်တို့ကို ပုံမှန်ထက် ပိုမိုစားသုံးပေးသင့်ပါတယ်။ Protein ထဲမှာပါတဲ့ amino acid leucine ဟာ ကြွက်သားများတည်ဆောက်ရာမှာ အခြေခံကျတာကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် ကြွက်သားများဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။Creatine ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အနီရောင်အသားများ၊ ငါးအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့် Creatineဟာ ကြွက်သားကြီးထွားမှုကို အားပေးစေပါတယ်။ Gym trainer များ၊ ဗလတောင့်ချင်သူများကတော့ creatine supplements တွေကို သောက်သုံးလာကြပါတယ်။Vitamin D ချို့တဲ့ခြင်းဟာ အသက်ကြီးလာတဲ့အခါ ကြွက်သားဆုံးရှုံးမှုနှင့် ဆက်စပ်နေတယ်လို့ လေ့လာချက်တွေအရ တွေ့ရပါတယ်။ ဒါကြောင့် Vitamin D ကြွယ်ဝတဲ့ အရာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ဆယ်မွန်ငါး၊ ဆာဒင်းငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပေးသင့်ပါတယ်။Omega3 fatty acids ဟာ အသက်အရွယ်မရွေး အန္တရာယ်ကင်းစွာ သောက်သုံးလို့ရပြီး ကြွက်သား ဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ရောင်ယမ်းမှုတွေကို သက်သာစေပြီး ကြွက်သား တည်ဆောက်ရာမှာ ပါဝင်အားဖြည့်ပေးလို့ပဲ ဖြစ်ပါတယ်။


#လက္ခဏာ
#ကြွက်သား
#လေ့ကျင့်ခန်း
#အသက်အရွယ်
#ကိုယ်အလေးချိန်

Some text some message..