
ကြွက်နို့ရောဂါဟာ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။ Human Papilloma Viru (HPV) လို့ ခေါ်တဲ့ ကြွက်နို့ပိုးကြောင့် ဖြစ်တယ်။ ကိုင်တွယ်ထိတွေ့လျှင် ကူးစက်တတ်ပါတယ်။ အရေပြားပေါ်တွင် မညီမညာ ပုံစံရှိသော အသားပိုကဲ့သို့ ပုံစံဖြင့် တွေ့ရလေ့ရှိတယ်။ အရေအတွက် တစ်ခုမှ များစွာ အထိတွေ့ ရနိုင်ပါတယ်။
ရောဂါသဘာဝ
ကြွက်နို့ရောဂါဟာ အန္တရာယ် ကြီးကြီးမားမား ဖြစ်စေတတ်သော ရောဂါတော့မဟုတ်ပါ။ သူ့အလိုလိုပျောက်ကင်းနိုင်ပါတယ်။ နှစ်နှင့် ချီ၍တော့ ပျောက်ရန် ကြာနိုင်ပါတယ်။ 50 ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်း ပျောက်လေ့ရှိပြီး ၇ဝ ရာခိုင်နှုန်းကတော့ ၂ နှစ်ကျော်လျှင် ပျောက်လေ့ရှိပါတယ်။ သို့သော် စိတ်အနှောက်အယှက် ဖြစ်စေသည့်အတွက် အချို့က ဖယ်ထုတ်၊ ဖြတ်ထုတ်ဖို့ နည်းလမ်းကို ရွေးလေ့ရှိပါတယ်။
ကြွက်နို့ပိုး ကူးစက်ခံရချိန်မှ ကြွက်နို့ပေါက်ချိန်မှာ ၂ လ မှ ၆ လ အထိ ကြာတတ်ပါတယ်။ ကြွက်နို့ပိုး(HPV) မျိုးစိတ်ပေါင်း ၁၅ဝ အထက် ရှိပါတယ်။ အချို့ ကြွက်နို့ ပိုးတွေဟာ လိင်မှ တစ်ဆင့် ကူးစက်စေပြီး ကင်ဆာရောဂါ ဖြစ်စေတတ်ပါတယ်။ အများစုမှာ အရေပြား နှင့် ထိတွေ့ရာမှ ၊ တစ်ကိုယ်ရေ သုံးပစ္စည်းများ မျှဝေသုံးစွဲရာမှ ကူးစက် လေ့ရှိပါတယ်။
ကြွက်နို့အမျိုးအစားများ
(၁) အတွေ့များသော ကြွက်နို့ (Common Warts)
အရေပြားအရောင်ကဲ့သို့ မညီမညာကြမ်းတမ်းသော အသားပိုအဖုအနေနှင့် တွေ့ရသည်။ လက်ချောင်း၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူးခေါင်းတို့တွင် ပေါက်လေ့ရှိပါတယ်။
(၂) ခြေဖဝါးတွင် ပေါက်သောကြွက်နို့ (Plantar Warts)
ခြေဖနောင့်၊ ခြေဖဝါး၊ ခြေချောင်းများတွင် ပေါက်လေ့ရှိပါတယ်။ ပျောက်ဖို့ ခက်ပါတယ်။
(၃) ရှည်မျောမျော ခပ်ပြားပြားပုံစံကြွက်နို့ (Filiform Warts)
မျက်ခွံ၊ လည်ပင်း၊ ချိုင်းတို့တွင် ပေါက်လေ့ရှိပါတယ်။
(၄) ပုံစံမျိုးစုံ ကြွက်နို့ (Mosaic Warts)
ပုံစံမျိုးစုံ အရေအတွက်များစွာ အစုလိုက် ပေါက်လေ့ရှိပါတယ်။
(၅) လိင်အင်္ဂါ ကြွက်နို့ (Genital Warts)
အများစုသည် အန္တရာယ်မပေးပါ။ သို့သော် အချို့ လိင်အင်္ဂါ ကြွက်နို့ပိုးများကတော့ ကင်ဆာဖြစ်စေတတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ မိန်းမကိုယ်လမ်းကြောင်းကင်ဆာ ဖြစ်စေ နိုင်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့ပေါက်ပါက ဆရာဝန်နှင့် မဖြစ်မနေ ပြရန် လိုပါတယ်။
ပိုကူးစက်စေနိုင်သော လူအုပ်စု
ကလေးငယ်များ
ကိုယ်ခံအားကျနေသူများ
ကုသခြင်းနည်းလမ်းများ
မကုသပဲ အလိုလိုပျောက်နိုင်ပါတယ်။ ပြန်ဖြစ်တတ်ပါတယ်။
ကာကွယ်ခြင်း
ဘယ်အချိန် ဆရာဝန်နှင့် ပြမလဲ?
Author: Dr.Yin Yin Win