ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားအင်ပြည့်ဝနေစေမယ့် အစားအစာတွေအကြောင်း
lifestylemyanmar.com
|
2022-10-27

ဗိုက်ဆာတဲ့အချိန်မှာ ဘေးနားမှာရှိတဲ့ မုန့်တွေယူစားပြီး ဗိုက်ဖြည့်တတ်ကြပါတယ်။ Energy Drink တွေ၊ အာလူးကြော်တွေဟာ ခန္ဓာကိုယ် ကယ်လိုရီလိုအပ်မှုကို ဖြည့်စွမ်းနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေက ကျန်းမာရေးအတွက် ညီညွတ်မှုမရှိတာ အားလုံးသိထားကြလို့ ဒီဆောင်းပါးလေးကနေတဆင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားအင်ပြည့်ဝနေစေမယ့် အစားအစာတွေအကြောင်း ပြောပြပေးသွားမှာပါ။

သကြားမပါတဲ့ ဒိန်ချဉ်

သကြားစားသုံးတာက မကောင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် အားအင်တွေ အကြာကြီး ထိန်းသိမ်းထားခြင်တယ်ဆိုရင်တော့ သကြားရှောင်တာအကောင်းဆုံးပါ။ ဒါကြောင့် အချိုမပါတဲ့ ဒိန်ချဉ်တွေကို စားသင့်တာပါ။ ပလိန်းဒိန်ချဉ်မှာ သဘာဝ နို့သကြားပါဝင်တာကြောင့် ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ပြီးတော့ ပရိုတင်းလည်း ပါဝင်သေးတာကြောင့် အားအင်တွေကို အကြာကြီး ထိန်းနိုင်ဖို့ အထောက်အကူပြုပါသေးတယ်။


ပဲအမျိုးမျိုး

အနီရောင်၊ အမဲရောင် နဲ့ အဖြူရောင်ရှိတဲ့ ပဲတွေမှာ ပရိုတင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ပရိုးတင်းစားသုံးမှုဟာ အာရုံစူးစိုက်မှု ပိုမိုကောင်းစေပြီးတော့ ပိုပြီးတော့လည်း နိုးနိုးကြားကြားရှိစေတယ်လို့ ဆိုထားပါတယ်။ ခွက်တစ်ဝက်စာ ပဲစားတာက အမဲသားတစ်အောင်စ စားတာနဲ့ ပရိုတင်း ရရှိနှုန်းတူပါတယ်။ ပြီးတော့ ပဲတွေမှာ ပရိုတင်းတွေအပြင် အမျှင်ဓာတ်တွေလည်း ပါဝင်တာကြောင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေမှာပါ။


ငှက်ပျောသီး

ငှက်ပျောသီးဟာ ဗိုက်ဟောင်းလောင်းဖြစ်နေတဲ့ အချိန်မှာတောင် စားလိုက်ရင် အားအင်တွေပြည့်ဝစေပါတယ်။ ငှက်ပျောသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီးတော့ အားအင်တွေကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးထားနိုင်တဲ့ ဗီတာမင် B6 ၊ ပိုတတ်ဆီယမ်တို့ ပါဝင်ပါတယ်။

Oatmeal

နေ့တနေ့ကို အားအင်အပြည့်နဲ့ စတင်ဖို့ တွေးနေပြီလား။ ဒါဆိုရင်တော့ Oatmeal ကို သတိရလိုက်ပါ။ Oatmeal မှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များ ပါဝင်တာကြောင့် အစာခြေစနစ်ကို ပုံမှန်ထက် နှေးစေပါတယ်။ ဒါကြောင့် အားအင်တွေကို အချိန်အကြာကြီး ထိန်းနိုင်ဖို့ Oatmeal က အသုံးဝင်တာပါ။


Lifestyle_Myanmar

ref-medicalnewstoday


#ကျန်းမာရေး
#သဘာဝ
#ငှက်ပျောသီး
#ဒိန်ချဉ်
#အမျှင်ဓာတ်

Some text some message..