
အစိမ်းရောင်ပန်းသီးလို့ ခေါ်ကြသလို ပန်းသီးစိမ်းလို့လဲ ခေါ်ကြပါတယ်။ အစိမ်းရောင်ဖြစ်ပေမယ့် စားတဲ့အခါမှာ ချိုပြီး အရသာ ရှိလှပါတယ်။ ပန်းသီးစိမ်းက ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အစာစားချင်စိတ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ပန်းသီးစိမ်းက ကြွပ်ကြွပ်နဲ့ အရည်ရွှမ်းသလို ချိုချဉ်အရသာရှိပြီး ပန်းသီး အနီရောင်က ချိုတဲ့ အရသာရှိပါတယ်။
ပန်းသီးစိမ်းမှာ အကျိုးပြုအာဟာရဓာတ်တွေ၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နှင့် သတ္တုဓာတ်တွေ ကြွယ်ဝပါတယ်။ ပန်းသီးစိမ်းက အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများမှ သက်သာရာရစေကာ သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ်အဆင့်ကို စီမံခန့်ခွဲပေးပါတယ်။ ဒါကြောင့် ပန်းသီးစိမ်းကို နေ့စဉ်စားသုံးတဲ့ အသီးအနှံတွေထဲမှာ ထည့်သွင်းသင့်ပါတယ်။ ပန်းသီးစိမ်းက နောက်ထပ် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်။
(၁) အမျှင်ဓာတ်ပါဝင်ခြင်း
ပန်းသီးစိမ်းမှာ အမျှင်ဓာတ် များစွာ ပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒါက ဝမ်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ပန်းသီးကို နေ့စဉ်စားသုံးပေးပါက အူလမ်းကြောင်းနှင့် အစာခြေစနစ်ကို ပိုမိုသန့်ရှင်းပေး နိုင်ပြီး ကျန်းမာပျော်ရွှင်စေနိုင်ပါတယ်။

(၂) သတ္တုဓာတ်ပါဝင်ခြင်း
ပန်းသီးစိမ်းမှာ သံဓာတ်၊ ဇင့်၊ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ စတဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ဒီရဲ့ သတ္တုဓာတ်တွေက ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပန်းသီးစိမ်းထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ ခြေရာခံဒြပ်စင်တစ်ခုဖြစ်ပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးပြီး ဇီဝဖြစ်ပျက်နှုန်းကို တိုးမြှင့်ရာ တွင် ကူညီပေးနိုင်ပါတယ်။

(၃) အဆီပါဝင်မှုနည်းခြင်း
ပန်းသီးစိမ်းမှာ အဆီပါဝင်မှု နည်းပါးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူများအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ အစားအသောက်နဲ့ ကိုယ်အလေးချိန်ထိန်းနေသူများ၊ အားကစားလုပ်ပြီး ကိုယ်အလေးချိန် ထိန်းနေသူများအဖို့ စားသုံးပေးသင့်ပါတယ်။ ပန်းသီးစိမ်းက သွေးကြောအတွင်းရှိ အဆီများကို စုဆောင်းပြီး နှလုံးကို မှန်ကန်တဲ့ သွေးစီးဆင်းမှုတွေကို ထိန်းသိမ်းရာတွင် ကူညီပေးပြီး လေဖြတ်ခြင်းဖြစ်နိုင်ခြေကို တားဆီးပေးပါတယ်။

(၄) အရေပြားကင်ဆာကို ကာကွယ်ပေးခြင်း
ပန်းသီးစိမ်းမှာ ဗီတာမင် စီပါဝင်တာကြောင့် အရေပြားဆဲလ်တွေက ဖရီးရယ်ဒီကယ်တွေရဲ့ ပျက်စီးမှုကို ကာကွယ်ပေးပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

(၅) Antio-Oxidants ကြွယ်ဝခြင်း
ပန်းသီးစိမ်းမှာ ဆဲလ်တွေ ပြန်လည်တည်ဆောက်မှုနှင့် ဆဲလ်ပြန်လည်နုပျိုမှုကို ကူညီပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်နေပါတယ်။ ဒါကလည်း ကျန်းမာပြီး တောက်ပတဲ့ အသားအရေကို ထိန်းသိမ်းရာမှာ ကူညီပေးပါတယ်။ Antioxidants က အသည်းကို ကာကွယ်ပေးပြီး ၎င်း၏ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

(၆) အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးခြင်း
ပန်းသီးကို နေ့တိုင်းစားတာက အယ်လ်ဇိုင်းမားလိုမျိုး သက်ကြီးရွယ်အို အာရုံကြောဆိုင်ရာ ချို့ယွင်းမှု ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။

(၇) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း
ပန်းသီးစိမ်းဖျော်ရည်ကို ပုံမှန်သောက်သုံးခြင်းက ရင်ကြပ်ရောဂါဖြစ်သည့် ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကိုလည်း တားဆီးပေးနိုင်ပါတယ်။

(၈) ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း
ပန်းသီးစိမ်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးတဲ့အပြင် အခြေခံဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ၎င်းတို့တွင် အမျှင်ဓာတ် ကြွယ်ဝပြီး အစာချေဖက်မှုနှင့် fructose သကြားစုပ်ယူမှုကို နှေးကွေးစေပါတယ်။ ရလဒ် အနေနဲ့ fructose က သွေးကြောထဲသို့ ဖြည်းညင်းစွာ ထွက်လာပြီး သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မမြင့်တက်စေပါဘူး။ ပန်းသီးစိမ်းတွေမှာ glycemic index နှင့် glycemic load နည်းပါးတဲ့ အတွက် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချရာတွင် ကူညီပေးနိုင်ပါတယ်။

(၉) အမြင်အာရုံ ပိုမိုကောင်းမွန်စေခြင်း
ပန်းသီးစိမ်းဖျော်ရည်က ဗီတာမင်အမျိုးမျိုးရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ပန်းသီးစိမ်းဖျော်ရည်တွင် ပါဝင်တဲ့ ဗီတာမင် အေက အမြင်အာရုံကို အားကောင်းစေပါတယ်။
ref: Amazing Benefits Of Green Apples