အသင့်စားခေါက်ဆွဲခြောက်တွေ များများစားပါက ကြုံတွေ့လာရမယ့် ကျန်းမာရေးထိခိုက်မှုများ
lifestylemyanmar.com
|
2022-12-11

အလုပ်များတဲ့နေ့တွေမှာ အသင့်စား ခေါက်ဆွဲပြုတ်တွေပဲ အမြဲတမ်း လုပ်စားဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးအတွက် သေချာဆန်းစစ်ပေးဖို့ လိုအပ်နေပါပြီ။ တာရှည်ခံ ခေါက်ဆွဲခြောက်တွေကို များများစားသုံးမိပါက ကျန်းမာရေးအတွက် ဘယ်လိုထိခိုက်နိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အငန်ဓာတ် လွန်ကဲနေခြင်း

အသင့်စား ခေါက်ဆွဲခြောက်မှာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ် စတဲ့ အာဟာရဓာတ်များ လုံးဝမပါဝင်ပါဘူး။ ဒါပေမယ့် ဆိုဒီယမ်ဓာတ်နှင့် ကာဘိုဟိုက်ဒြိုက်ဓာတ်များ လွန်ကဲစွာပါဝင်ပါတယ်။ ဒါ့ကြောင့် လွန်ကဲစွာ စားသုံးမိမယ်ဆိုရင်တော့ သွေးတိုးရောဂါ၊ အဝလွန်ရောဂါတို့ကို ခံစားရစေနိုင်ပါတယ်။

အစာချေစနစ်ကို နှောင့်နှေးစေခြင်း

အသင့်စား ခေါက်ဆွဲများကို ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အတွက်ကြောင့် စားသုံးပြီးတဲ့နောက်မှာတော့ အစာအိမ်ထဲမှာ အချိန်အကြာကြီး ရှိနေမှာပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ခေါက်ဆွဲကို စားသုံးပြီးနောက် အစာချေရန် ကြာချိန်ကတော့ ၂ နာရီဖြစ်ပြီး အသင့်စား ခေါက်ဆွဲခြောက်ကတော့ စားသုံးပြီး ၂ နာရီကြာမှ အစာချေမှု စတင်မှာပဲဖြစ်ပါတယ်။


ရောဂါအဖြစ် လွယ်ခြင်း

လေ့လာတွေ့ရှိချက်များအရ အသင့်စား ခေါက်ဆွဲကို တစ်ပတ်နှစ်ကြိမ်ခန့် စားသုံးတဲ့ အမျိုးသမီးများမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါ ခံစားရနိုင်ချေ ပိုများပြီး မကြာခဏ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ကို ခံစားရနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

အမြင်မှုန်ဝါးစေခြင်း

အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဓာတုဆေးဝါးများက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ထိုအရာကို စွဲစွဲလမ်းလမ်း စားသုံးပါ အမြင်အာရုံကို မှုန်ဝါးစေပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကိုသာ များများစားသုံးပေးပါ

အသင့်စား ခေါက်ဆွဲကို ရံဖန်ရံခါပဲ စားသုံးပေးပါက ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မှန်မှန်စားသုံးမိမယ်ဆိုရင်တော့ အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ခံစားရနိုင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကိုပဲ ဦးစားပေး စားသုံးသင့်ပါတယ်။


ရသာမှုန့်ကို ဖယ်ရှားပြီး ဟင်းသီးဟင်းရွက်များများ ထည့်စားပါ

ထိုခေါက်ဆွဲပြုတ်တွေကို မဖြတ်နိုင်ဘူးဆိုရင်တော့ ခေါက်ဆွဲထုပ်ထဲမှာပါဝင်တဲ့ ရသာမှုန့်ကို မထည့်ဘဲ ဟင်းသီးဟင်းရွက်များများထည့်ပြီး စားသုံးပေးလိုက်ပါ။ ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များက သင့်ရဲ့အစာချေစနစ်ကို ပုံမှန်အတိုင်း ချေဖျက်ပေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

Lifestyle_Myanmar

ref-brightside


#ကျန်းမာရေး
#နှလုံး
#အာဟာရ
#ခေါင်းကိုက်
#ဆီးချို

Some text some message..