ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ မစားသင့်တဲ့ ဝက်သားရဲ့အစိတ်အပိုင်း (၅) ခု
mmload.com
|
2023-01-10

လူတော်တော်များများကအသား၊ ငါးထဲမှာဆိုရင်  ဝက်သားကို ပိုကြိုက်ကြတာများပါတယ်။ဝက်သားက ခေါင်းအစ အမြီးအဆုံး အကုန်စားလို့ရပေမယ့် ဒီအစိတ်အပိုင်း (၅) ခုကတော့ လူတွေရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်လို့ ရှောင်စားသင့်ပါတယ်နော်။ 


ဝက်ရဲ့နှာခေါင်းကနေ့စဉ် ရှုသွင်းလိုက်တဲ့ အညစ်အကြေးတွေက အဆုပ်မှာ စုနေတာပါတယ်။ ဝက်အဆုပ်မှာ ဘက်တီးရီးယားနဲ့အညစ်ကြေးများစွာ ပါရှိနေတာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။ 

Ø ဝက်အူ


ဝက်ရဲ့အညစ်အကြေးတွေနဲ့အစာမချေ ရသေးတာတွေကို အူမှာ သိုလှောင်ရတာကြောင့် ဝက်အူဟာ အညစ်ပတ်ဆုံးနေရာဖြစ်ပါတယ်။ဝက်အူကို သေချာမချက်ပဲစားရင်တော့ ဂေါက်ရောဂါ၊ ပန်ကရိယ၊ အသည်းအဆီဖုံးနဲ့ အဝလွန်ရောဂါတွေဖြစ်စေပါတယ်။

Ø ဝက်ဦးနှောက်


ဝက်ဦးနှောက်ကအဟာရဓါတ်အလွန်ကြွယ်ဝတဲ့အပြင် ၁၀၀ ဂရမ်အလေးချိန်မှာ ၂၅၀၀ မီလီဂရမ် ကိုလက်စထရော ပါဝင်တာကြောင့်လူတစ်ယောက် တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရပမာဏထက် ၈ ဆ ပိုများတဲ့အတွက် အန္တရာယ်ရှိပါတယ်။

Ø ဝက်သွေး

ဝက်သွေးမှာအဆိပ်အတောက် များစွာပါဝင်တာမို့ သေသေချာချာကျက်အောင် ချက်ပြုတ် စားသောက်မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်ပေမယ့်သေချာမချက်ပဲစားရင်တော့ အလွန်အန္တရာယ်များပါတယ်။


#ကျန်းမာရေး
#ဦးနှောက်
#အန္တရာယ်
#အညစ်အကြေး
#ဝက်သား

Some text some message..