ကြိုးခုန်ခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2023-01-20

ကြိုးခုန်လေ့ကျင့်ခန်းက အိမ်ထဲမှာပဲ လုပ်နိုင်တဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက ခြေသလုံးကြွက်သားများကို သန်မာစေပြီး သက်လုံကောင်းစေကာ အဆုတ်စွမ်းရည်ကို တိုးတက်စေပါတယ်။ ကြိုးခုန်ခြင်းတစ်ခုတည်းဖြင့် ကိုယ်အလေးချိန်ကို လျှော့ချရန် အထောက်အကူမပြုနိုင်သော်လည်း ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးသည့် လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 

ကြိုးခုန်တဲ့ အခါ ကယ်လိုရီတွေ ဘယ်လောက်လောင်ကျွမ်းသလဲ

ကြိုးခုန်တဲ့အခါမှာ အံ့သြစရာကောင်းတာက တစ်မိနစ်အတွင်း ကယ်လိုရီ  ၁၀ လောင်ကျွမ်းစေပြီး ခြေထောက်၊ တင်ပါး၊ ပခုံး၊ ဗိုက်နဲ့ လက်တွေကို အားကောင်းစေပါတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၁၀ မိနစ်လောက် ခုန်ပေးပါက ကယ်လိုရီ ၂၀၀ လောင်ကျွမ်းစေနိုင်ပါတယ်။ လမ်းလျှောက်တာထက် ကြိုးခုန်တာက ပိုပြီး ထိရောက်မှု ရှိပါတယ်။ 


ကြိုးခုန်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကြိုးခုန်တာက ကိုယ်အလေးချိန်ကျစေတဲ့အပြင် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း ကယ်လိုရီလောင်ကျွမ်း စေခြင်း၊ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ဘယ်လိုအကျိုးကျေးဇူး တွေ ရရှိစေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 


(၁) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ကြိုးခုန်တာက နှလုံးခုန်နှုန်းကို တိုးစေတဲ့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ 


(၂) အာရုံစူးစိုက်မှုကို တိုးစေခြင်း

လေ့ကျင့်ခန်းတိုင်းက ပန်းတိုင်ကိုရောက်အောင် အာရုံစိုက်ရန် ကူညီပေးနိုင်ပါတယ်။ ကြိုးခုန်ခြင်းကလဲ ၎င်းတို့တွေထဲက တစ်ခုဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို တိုးစေပါတယ်။ 


(၃) သက်လုံကောင်းစေခြင်း

ကြိုးခုန်ခြင်းကို တသမတ်တည်း အမြဲလိုလို လေ့ကျင့်ခြင်းက ပူးပေါင်းဆောင်ရွက်မှုနဲ့ သက်လုံကို တိုးတက်စေနိုင်ပါတယ်။ 


(၄) ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေခြင်း

အဆက်မပြတ်အလုပ်လုပ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (သို့) ကိုယ်ခံအား ဆုံးရှုံးခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ကြိုးခုန်ခြင်းက ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ပုံမှန်ကြိုးခုန်တာ များများလုပ်လေ ကိုယ်ခံအား ပိုတိုးလေ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်းကို ပုံမှန်လုပ်ပေးပါက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်အောင် ကူညီပေးနိုင်ပါတယ်။ 


(၅) ခန္ဓာကိုယ်ပျော့ပြောင်းမှုကို တိုးစေခြင်း

ကြိုးခုန်ခြင်းက ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ပျော့ပြောင်းစေပါတယ်။ ကြိုးခုန်တာက ကြွက်သားတွေကို သန်မာစေပြီး ပြေလျော့စေပါတယ်။ ဒါကြောင့် အားကစားသမားတွေရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကြိုးခုန်ခြင်းကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ 


(၆) စိတ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း

ကြိုးခုန်ခြင်းက အလယ်အလတ်ပြင်းထန်မှုရှိတာကြောင့် စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်နဲ့ ဦးနှောက်ဆီကို သွေးလည်ပတ်မှုကို တိုးစေနိုင်ပါတယ်။ 


(၇) ဗိုက်အဆီကျစေခြင်း

ကိုယ်အလေးချိန်လျှော့ချရာတွင် ဗိုက်အဆီက ချရခက်တဲ့ အတားအဆီးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်ကြိုးခုန်တာက ဗိုက်အဆီကို ကျစေနိုင်ပါတယ်။  High-intensity interval training (HIIT) လေ့ကျင့်ခန်းတွေက အစာမစားဘဲ ဗိုက်အဆီများကို လျှော့ချပေးပြီး ဝမ်းဗိုက်ကြွက်သားများကို အားကောင်းစေပါတယ်။ 


(၈) အရိုးသန်မာစေခြင်း

ကြိုးခုန်တာက အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆကို တိုးစေတာကြောင့် အရိုးပွရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ 


(၉) အသားအရေကို တောက်ပစေခြင်း

လေ့ကျင့်ခန်းလုပ်ပြီးနောက် အသားအရေ Glow ခြင်းက အကောင်းဆုံး တောက်ပမှု တစ်ခုဖြစ်ပါတယ်။ ကြိုးခုန်ခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေက အမြဲတမ်းကျန်းမာစေပြီး ဖြူစင်တောက်ပတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။ 


(၁၀) အဆုတ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း

ကြိုးခုန်ခြင်းက သွေးလည်ပတ်မှုနဲ့ အသက်ရှုခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် အဆုတ်ရဲ့ စွမ်းရည်တွေကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ 

ဒါကြောင့် ကြိုးခုန်ခြင်းလေ့ကျင့်ခန်းက နေ့စဉ် ပြုလုပ်သင့်တဲ့ အားကစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။ 

Ref : Health Benefits of Skipping Rope


#ကျန်းမာရေး
#ကိုယ်အလေးချိန်
#အဆုတ်
#နှလုံး
#လေ့ကျင့်ခန်း

Some text some message..