
ဝိတ်ချနေကြသူတွေအနေနဲ့ ကော်ဖီကို သံပုရာသီး ထည့်သောက်တာ။ ဒါမှမဟုတ်အခြားသော နည်းလမ်းတွေနဲ့ ပြင်ဆင်ပြီး သောက်သုံးတတ်ကြပါတယ်။ ကဖိန်းဓာတ်ဟာ အဆီကို အရည်ပျော်စေသလား။ လောင်ကျွမ်းစေသလားဆိုရင် အမှန်တကယ် လောင်ကျွမ်းစေပါတယ်။ အဆီကို လောင်ကျွမ်းစေတဲ့ ဓာတ်သဘောတွေထဲမှာ ကဖိန်းဓာတ်က အမြင့်ဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့်လည်း ကဖိန်းဓာတ်နဲ့ ပတ်သက်ပြီး သုတေသနပြုချက်တွေမှာ အဆီကို လောင်ကျွမ်းစေဖို့ အကောင်းဆုံးဆိုတာကို တွေ့ရှိကြတာဖြစ်ပါတယ်။ ဒါဆိုရင် အဆီကို လောင်ကျွမ်းစေတဲ့ ကဖိန်းကို ဘယ်လိုမျိုးပြင်ဆင်ပြီး မိမိရဲ့ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေအောင် လုပ်ဆောင်ရမယ်ဆိုတာကတော့ ဆက်ဖတ်ကြည့်လိုက်ပါဦးလို့ ညွှန်းပါရစေ။
၁။ Sweet Cinnamon Ginger Coffee (သစ်ကြံပိုးခေါက် ဂျင်းကော်ဖီ)
အချို့သောဆိုင်တွေမှာတော့ အဆင်သင့်မှာယူနိုင်ပါတယ်။ ဒါပေမဲ့လည်း ဝမ်းဗိုက်သားမှာ အဆီပိုတွေရှိနေတဲ့ သူအများစုကတော့ အချိန်ပေးပြီး အိမ်မှာ ပြင်ဆင်သောက်သုံးကြတာပါ။ ကော်ဖီကို အရသာနဲ့ သစ်ကြံပိုးခေါက်ရဲ့ အနံ့တွေကြောင့် ကောင်းမွန်နေမှာပါ။ သစ်ကြံပိုးခေါက်ဟာ အချို့သော သုတေသနတွေမှာ ဆီးချိုလူနာတွေရဲ့ သွေးထဲမှာရှိတဲ့ သကြားဓါတ်ကို ကျဆင်းစေတယ်လို့ ဖော်ပြထားကြပါတယ်။ ဒါအပြင် အခြားသော သဘာဝအနေနဲ့ အစားအသောက်ပျက်တာ၊ ဝမ်းပျက်တာတွေကို ကုသနိုင်တယ်လို့လည်း ဆိုကြပြန်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အိမ်မှာ ပြင်ဆင်ပြီး သောက်သုံးမယ်ဆိုရင် ဂျင်းမှုန့် အနည်းငယ်၊ Espresso Shot ၄၀ မီလီမီတာ၊ သစ်ကြံပိုးခေါက်မှုန့် ¼ Tsp၊ ဇာတိပ္ဖိုလ်အမှုန့် ¼ Tsp၊ ဗင်နီလာ ¼ Tsp၊ ပျားရည် ၁ ဇွန်းနဲ့ အဆီထုတ်ထားတဲ့ နို့ကို အမြှုပ်ထအောင်လုပ်ထားတဲ့ နို့အပူ ၁၂၀ မီလီမီတာ လိုအပ်မှာဖြစ်ပါတယ်။ ဒီကော်ဖီဖျော်သောက်နည်းဟာ ဝမ်းဗိုက်သားအဆီစုတတ်သူတွေ သောက်သုံးသင့်တာ ဖြစ်တယ်လို့ ပညာရှင်တွေက ဖော်ပြထားကြပါတယ်။

၂။ Spiced Mocha
မိုချာကော်ဖီမွှေးမွှေးလေးတစ်ခွက်ကလည်း အဆီကျစေနိုင်တယ်ဆိုပြီး ညွှန်းကြတဲ့အထဲမှာ ပါဝင်နေပြန်ပါတယ်။ အခုဖျော်စပ်မယ့် ကော်ဖီမှာ ပါဝင်လာမယ့် ကိုကိုးမှုန့်အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ ကိုကိုးက ချောကလက်ဖြစ်လာစေတဲ့ အစေ့လေးတွေပဲ ဖြစ်ပါတယ်။ ဒီကိုကိုးမှာ ဘာတွေပါဝင်သလဲဆိုတော့ Polyphenols လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်ပါတယ်။ အဲဒီဓာတ်က ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများစေတာပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို အကျိုးပြု ကိုလက်စထရောကို မြင့်တက်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ တကယ်လို့ သင်က ကိုယ်အလေးချိန်ထိန်းချင်တယ်။ အဝလွန်နေလို့ စိတ်ညစ်နေတယ်ဆိုရင် ချောကလက် ဒါမှမဟုတ် ကိုကိုးပါတဲ့ အရာတစ်ခုခုကို စားပေးပါ။ ဒီလို စားသုံးပေးတာက ကိုယ်အလေးချိန်ကျ စေနိုင်သလို အဝမလွန်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ဒါကြောင့် အခုပြင်ဆင်မယ့် ကော်ဖီထဲမှာ ကိုကိုးမှုန့်က ပါဝင်လာတာဆိုရင် အငြင်းမပွားနိုင်တော့ဘူးမလား။ Espresso shot- မီလီမီတာ၊ အညိုရောင်သကြား - 1-2 စားပွဲတင်ဇွန်း၊ ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့် ¼ Tsp၊ Cayenne Pepper powder- ½ Tsp၊ Vanilla Syrup - 1 Tsp နဲ့ အဆီထုတ်ထားတဲ့ နို့ကို အမြှုပ်ထအောင်လုပ်ထားတဲ့ နို့အပူ ၁၂၀ မီလီမီတာတို့ လိုအပ်တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သောက်ချင်စဖွယ်ဖြစ်အောင် Whipped Cream လေးနဲ့ အလှဆင်ပေးရမှာပဲ ဖြစ်ပါတယ်။

၃။ Exotic Pistachio Macchiato
အခုဖော်ပြမယ့်ကော်ဖီကတော့ သောက်သုံးသူနည်းတယ်လို့ ဆိုကြပါတယ်။ အိန္ဒိယ၊ သီရိလင်္ကာနဲ့ အရှေ့အလယ်ပိုင်းနေရာတွေမှာ သောက်သုံးမှု ရှိကြပါတယ်။ အထူးသဖြင့် ဖာလာကို စားလေ့ရှိတဲ့ နိုင်ငံတွေမှာ သောက်သုံးကြတာပါ။ ဒီကော်ဖီပြင်ဆင်ရာမှာ ပါဝင်လာတဲ့ ဖာလာမှုန့်ဟာ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပါတယ်။ သုတေသနအချက်အလက်တွေအရ သွေးပေါင်ချိန်ကို ကျဆင်းစေသလို ကင်ဆာအကျိတ်တွေ ကြီးထွားမှုကို လျော့နည်းစေပြီး Halitosis ကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတာ၊ ကင်ဆာဖြစ်နိုင်ခြေကို လျော့ချတာ၊ အသည်းကို အထောက်အကူဖြစ်စေတာ၊ သွေးတိုးဖြစ်စေနိုင်မှုကို လျော့ချပေးနိုင်ပြီး အစာချေစနစ်ကို တိုးတက်စေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်ဆင်မှုအနေနဲ့ Espresso shot- မီလီမီတာ၊ အညိုရောင်သကြား ¼ Tsp၊ Crushed Pistachios – 1 Tsp (အပေါ်ယံအလှဆင်နိုင်ဖို့)၊ ဖာလာမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ အဆီနည်းနို့တို့ပါဝင်တာဖြစ်ပါတယ်။ ကော်ဖီရဲ့ အရသာ ဖာလာမှုန့်ရဲ့ အနံ့နဲ့ အာနိသင်တို့ကြောင့် သင့်ရဲ့ ဝမ်းဗိုက်မှာ စုနေတဲ့ အဆီတွေကို အရည်ဖျော်သလို ဖြစ်စေမှာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။
Ref ; 3 coffee recipes to burn fat effectively