ပါဝါမျက်မှန်ချွတ်ချင်တယ်ဆို ဘာတွေလုပ်ရမလဲ
lotaya.mpt.com.mm
|
2023-03-06

ပါဝါထူမျက်မှန်ကြီးတွေ တတ်နေရလို့ စိတ်ညစ်နေပြီလား? ဒိီနေ့မှာတော့ မျက်မှန်ပါဝါများတဲ့ သူတွေအတွက် အကူအညီဖြစ်စေမယ့် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။

ဒါကတော့ မျက်မှန်ပါဝါများတဲ့ သူတွေ လုပ်သင့်တဲ့ စားသင့်တဲ့ အရာလေးတွေပဲဖြစ်ပါတယ်။ ခုပြောပြပေးသွားမယ့် အချက်က ချက်ချင်း ရလဒ်ပြမှာတော့ မဟုတ်သလို အချိန်တစ်ခုပေးပြီး ပုံမှန်လုပ်သွားရမှာ အရာတွေဖြစ်ပါတယ်။

ကဲ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက် ဖတ်ပေးကြဦးနော်။


၁.အစားအသောက်ဂရုစိုက်ပါ

မျက်မှန်ပါဝါကျချင်တယ်ဆိုရင် အာဟာရရှိတဲ့ အစားအစာတွေတော့ စားပေးရမယ်နော်။ ဒီထဲမှာ Omega 3 ,Vitamin C,E,Zinc အစရှိတဲ့ ဓာတ်တွေပါတဲ့ အစားအသောက်တွေကို များများစားပေးရပါမယ်။

-အစိမ်းရောင်ပါတဲ့ အရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်, မုန့်ညင်းစိမ်း

-Omega 3 ပါတဲ့ ဆယ်လ်မွန် , တူနာ

-ပရိုဝင်းဓာတ်ရအောင် ပဲတွေ, ကြက်ဉ

-လိမ္မော်သီး , မုန်လာဉနီ အစရှိတာတွေ စားပေးပါ။


၂.ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက ကိုယ့်ရဲ့ အမြင်အာရုံကို ပိုပြီးတော့တောင် ဆိုးရွားစေတာမို့လို့ ကိုယ်က ဆေးလိပ်သောက်တဲ့သူဆို ဒီ အချက်ကိုလည်း သတိထားပေးပါ။


၃.screen အကြာကြီး ကြည့်ချင်းကို ရှောင်ပါ

ကိုယ်က computer ,ဖုန်း အစရှိတာတွေ ကို မဖြစ်မနေ အရမ်းကြည့်ရတဲ့သူဆို အားတဲ့အချိန်တွေမှာ screen ထပ်ကြည့်တာမျိုးကို မလုပ်ဘဲ စာအုပ်ဖတ်ပဲ ဖြစ်ဖြစ် အစိမ်းရောင်ပါတဲ့ နေရာတွေကို အကြာကြီး ကြည့်ပေးတာပဲ ဖြစ်ဖြစ် လုပ်ပေးတာကလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။

#akhayarlifestyle


#လိမ္မော်သီး
#အစားအသောက်
#မျက်မှန်
#lifestyle
#အစိမ်းရောင်

Some text some message..