သွားဖုံးရောင်ခြင်းအတွက် ရိုးရှင်းတဲ့ ပစ္စည်းတွေနဲ့ အိမ်တွင်းကုထုံးများ
myanmaplatform.com
|
2023-03-07

သွားဖုံးရောင်ခြင်းဆိုတာ ပုံမှန်မဟုတ်ဘဲ ဖောင်းလာပြီး အပြင်ကိုပြူးထွက်နေသလို ခံစားရပါတယ်။ သွားကြားရှိ တြိဂံပုံသဏ္ဍာန်ဧရိယာတစ်ခု (သို့) အများအပြားက သွားဖုံးများကို ဖောရောင်စေတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ သွားဖုံးရောဂါက သွားများကိုထောက်ပံ့ပေးတဲ့ သွားဖုံးများ ထိခိုက်ပြီး ဖြစ်သွားရခြင်းဖြစ်ပါတယ်။ သွားဖုံးရောင်နေပါက ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတွေပြုလုပ်သင့်ပါတယ်။ ရောင်ရမ်းခြင်းကို ကုသရန်အတွက် အိမ်တွင်းကုထုံးများကို စမ်းသပ်ကြည့်သင့်ပါတယ်။ ဘယ်လိုအရာတွေနဲ့ ဘယ်လို ကုသသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

(၁) နနွင်း

နနွင်းက ရောင်ရမ်းမှုကို ဆန့်ကျင့်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပြီး သွားဖုံးရောင်တာကို လျှော့ချပေးနိုင်ပါ တယ်။ နနွင်းက အကိုက်အခဲပျောက်ဆေးကောင်းတစ်မျိုးဖြစ်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ။် သွားဖုံးရောင်တဲ့အခါမှာ နနွင်းကို အသုံးပြုနိုင်ပါတယ်။ နနွင်း၊ ဆားနှင့် မုန်ညင်းဆီအချို့ကို ရောလိုက်ပါ။ သွားနှင့် ခံတွင်းပြဿနာကို ဖယ်ရှားရန်အတွက် ရောထားတဲ့ နနွင်းကို လိမ်းပေးပါက သွားဖုံးရောင်ခြင်းကို သက်သာစေနိုင်ပါတယ်။ 


(၂) ငရုတ်ကောင်းမုန့်

ငရုတ်ကောင်းမုန့်ကို မုန်ညင်းဆီနဲ့ ရောပြီး လိမ်းပေးလို့ ရပါတယ်။ သွားဖုံးများ ရောင်ရမ်းခြင်းအတွက် သွားဖုံးပြဿနာများ ကင်းရှင်းစေရန် သွားနဲ့ သွားဖုံးနေရာကို ရောလိမ်းပြီး နှိပ်နယ်ပေးလို့ ရပါတယ်။ 


(၃) ဗာဒံစေ့

ဗာဒံစေ့ကို သွားဖုံးပြဿနာအတွက် ကုစားနိုင်ပါတယ်။ သွားဖုံးရောဂါတွေကို ကုသရန်အတွက် ဗာဒံစေ့အခွံကို အသုံးပြုနိုင်ပါတယ်။ ဗာဒံစေ့ကို အမှုန့်ပြုလုပ်ပြီး ဗာဒံစေ့အခွံကို မီးရှို့ကာ အမှုန့်ပြုလုပ်ပြီး လိုအပ်တဲ့အချိန်မှာ သွားထဲကို ထည့်တာမျိုးအသုံးပြုနိုင်ပါတယ်။


(၄) Green Tea

Green Tea က ဘက်တီးရီးယားပိုးတွေကို သတ်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် သွားဖုံးရောင်ရမ်းခြင်းကို ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ သွားဖုံးရောင်ခြင်းကို သက်သာအောင်ကူညီပေးနိုင်တဲ့ အစားအစာတွေကိုလဲ ရေနွေးကြမ်းခွက်ထဲ ထည့်ကာ သောက်သုံးနိုင်ပါတယ်။ 


(၅) Sage

Sage မှာ ရောင်ရမ်းနေတဲ့သွားဖုံးတွေကို သက်သာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင့်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ Sage အရွက်ကို ရေနွေးပူပူထဲ ထည့်ပြီး ခံတွင်း အတွင်းမှာ ငုံထားပြီး အာလုပ်ကျင်းပေးပါက သွားဖုံးရောင်ခြင်းကို သက်သာစေနိုင်ပါတယ်။ အရွက်များကို မညှစ်မီ အချိန်အနည်းငယ် ကြာအောင် ပြုတ်လိုက်ပါ။ ပြုတ်ပြီး ရလာတဲ့အရည်ကို သိမ်းဆည်းပြီး ခံတွင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ လတ်ဆတ်တဲ့ အရွက်မရပါက အရွက်ခြောက်ကို အသုံးပြုနိုင်ပါတယ်။ 


(၆) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့်   သွားဖုံးရောင်ရမ်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ သန့်စင်သော ရှားစောင်းလက်ပတ်ဖျော်ရည်ကို ခံတွင်းဆေးကြောခြင်းအဖြစ် တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ သွားဖုံးကို ရှားစောင်းလက်ပတ်ဂျယ်လ်ကိုလည်း နှိပ်နယ်ပေးနိုင်ပါတယ်။  


(၇) လေးညှင်းဆီ

လေးညှင်းဆီက ဘက်တီးရီးယားများ ကြီးထွားခြင်းနှင့် ဖွဲ့စည်းခြင်းကို တားဆီးပေးတာကြောင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။ လေးညှင်းပွင့်က ကိုက်ခဲခြင်းကို သက်သာစေပြီး သွားဖုံးရောင်ခြင်းနဲ့ ပတ်သက်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ သွားဖုံးများအတွက် လေးညှင်းပွင့်ကို အသုံးပြုနိုင်သလို လေးညှင်းပွင့်အချို့ကို အမှုန့်ပြုလုပ်ကာ သွားဖုံးပေါ်ကို ထည့်ပေးပြီး ခဏလောက်ထားကာ ဆေးကြောပေးပါက သွားဖုံးနာခြင်းကို သက်သာစေနိုင်ပါတယ်။ 


(၈) ဆီးဖြူသီး

ဆီးဖြူသီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်စီက ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သွားဖုံးရောင်ခြင်းကို ကူညီပေးရန်အတွက် ဆီးဖြူသီးကို နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ 

ဒါကြောင့် သွားဖုံးရောင်ခြင်းကို သက်သာစေရန်အတွက် အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့လည်း အသုံးပြုပေးလို့ ရပါတယ်။ 

Ref: Swollen Gums 


#ခံတွင်း
#ဗီတာမင်
#ဘက်တီးရီးယား
#သွားဖုံး
#လေးညှင်းဆီ

Some text some message..