Ready Made ခေါက်ဆွဲ ပြုတ်တွေကို စားရင်ဘာတွေ ဖြစ်လာနိုင်မလဲ
mmload.com
|
2023-05-07

အခုခေတ် လူငယ်တော်တော်များများက ဗိုက်ဆာရင်ပဲ ဖြစ်ဖြစ် စားစရာမရှိလို့အလွယ်စားချင်ရင်ပဲဖြစ်ဖြစ် Ready Made ခေါက်ဆွဲတွေကို ပြုတ်စားတတ်ကြပါတယ်.. SocialMedia တွေမှာ နာမည်ကြီးရေပန်းစားနေတဲ့ Food Blogger တွေကအစ ခေါက်ဆွဲပြုတ်တွေကို စားပြနေကြတဲ့အထိရေပန်းစားနေပါတယ်..


တော်တော်များများကတော့ ခေါက်ဆွဲစားရင် ပထမ တစ်ရေကို ပြုတ်ပြီးသွန်ပစ်လေ့ရှိပါတယ်.. ခေါက်ဆွဲကို တာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက်ဒီဓာတုတွေကို ပထမတစ်ရေထဲမှာ ပါသွားအောင် သွန်ပြီးစားကြတာ ဖြစ်ပါတယ်..


လူတိုင်းနီးပါးသိထားတဲ့အရာကတော့  ခေါက်ဆွဲခြောက်တွေစားရင် ဖယောင်းတွေပါတယ်.. အဲ့ဒီ ဖယောင်းတွေ က အူထဲမှာ ကပ်နေပြီး ကင်ဆာဖြစ်စေတယ် ဆိုတာပါပဲ.. ဒါက အမှန်တော့ဟုတ်မနေပါဘူး..  ခေါက်ဆွဲ ခြောက်တွေ မှာဖယောင်းပါတာ မှန်ပေမယ့် ဒီဖယောင်းတွေ ဟာ ediblewax လို့ခေါ်တဲ့စားလို့ရတဲ့ ဖယောင်းတွေ ဖြစ်ပြီး သူက တော်ရုံ အပူချိန်မှာ ဆိုရင် ပျော်ကျသွားပါတယ်..  ဒီဖယောင်း ကို မစားချင်ဘူးဆိုရင်တော့ ပထမပြုတ်ရည် ကို သွန်လိုက်လို့ရပါတယ်.. ဒါဆို အဲ့ဒီ ဖယောင်းတွေ ကမပါသလောက်ဖြစ်သွားပါပြီ..


Select an imageအဓိက လူကိုထိခိုက်စေတဲ့ အရာတွေကတော့ အချိုမှုန့်နဲ့ ဆားပါဝင်မှုတွေ များနေတာပါ.. လူတစ်ယောက်ကို Sodium ဆားဓါတ် ပမာဏ 2400mg သာစားသုံးသင့်ပေမယ့် ခေါက်ဆွဲပြုတ် တစ်ထုပ်မှာတော့ sodiumဆားဓါတ်ပမာဏ 800mg ပါဝင်ပါတယ်.. အမျှင်ဓါတ် ပါဝင်မှုနည်းတာကြောင့်ဝမ်းချုပ်တဲ့သူစားရင် ပိုပြီးဆိုးစေနိုင်ပါတယ်..


ကိုးရီးယားခေါက်ဆွဲ အထုပ်တွေ မှာ ကယ်လိုရီ ၅၀၀ ကနေ ၇၀၀ အထိပါနိုင် ပြီး ပုံမှန်ခေါက်ဆွဲအထုပ်တွေ မှာ ကယ်လိုရီ ၂၅၀ ကနေ ၄၀၀ အထိ ပါဝင်တာကြောင့်ကယ်လိုရီ အရမ်းများပါတယ်.. ကယ်လိုရီများပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဘာဓာတ်မှပါဝင်ခြင်းမရှိပါဘူး.. ဒါကြောင့် မဖြစ်မနေ ခေါက်ဆွဲခြောက်ပြုတ်စားတော့မယ် ဆိုရင် အသားတစ်မျိုးမျိုး ဒါမဟုတ် ကြက်ဥတို့၊ အသီးအရွက်တို့ ထည့်ပြုတ်ပြီး စားသုံးသင့်ပါတယ်..


#ခန္ဓာကိုယ်
#ကယ်လိုရီ
#အပူချိန်
#ကြက်ဥ
#ခေါက်ဆွဲ

Some text some message..