အပ်မှိုစားခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2023-05-18

အပ်မှိုကို စမ်းစားကြည့်ဖူးပါသလား။ အပ်မှိုကို အကင်တွေ၊ အထောင်းနဲ့ ဟင်းချက်တဲ့နေရာတွေမှာလည်း အသုံးများလာပါတယ်။ အပ်မှိုကို အရံဟင်းအဖြစ် အသုံးများပြီး ဂျပန်၊ ကိုးရီးယားနဲ့ တရုတ်တွေမှာ အများဆုံး စားကြပါတယ်။ စားရတာ အရသာရှိပြီး ချက်ပြုတ်ရလွယ်ကူတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါ ရရှိစေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ၎င်းကို ပုံမှန်စားသုံးပေးပါက ခန္ဓာကိုယ်ကို တိုက်ခိုက်တဲ့ ဘက်တီးရီးယားတွေရဲ့ အကျိုးသက်ရောက်မှုကို လျော့နည်းစေပါတယ်။ 

အပ်မှိုဆိုတာဘာလဲ 

အပ်မှိုဆိုတာ အခြားမှိုတွေနဲ့ အနည်းငယ်ကွဲပြားပါတယ်။ ကောက်ရိုးပုံသဏ္ဍာန်ရှိပြီး ရှည်လျားကာ ထိပ်တွင်သေးငယ်တဲ့ ထိပ်ဖူးလေးများပါရှိတဲ့ အဖြူရောင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အများအားဖြင့် ရနိုင်သော်လည်း အခြားနိုင်ငံတွေမှာလည်း စိုက်ပျိုးလျက်ရှိပါတယ်။ အရွယ်အစားအလွန်သေးငယ်ပေမယ့် အရသာရှိလှပါတယ်။


အပ်မှိုကို ဘယ်လိုစားမလဲ

အပ်မှိုကို ဟင်းချိုချက်ပြီး စားသောက်တာက အသင့်တော်ဆုံးဖြစ်ပေမယ့် သရေစာကဲ့သို့ အကင် (သို့) ကြော်စားနိုင်ပါတယ်။ အဖျား၊ ချောင်းဆိုး၊ အအေးမိ၊ ဗိုက်နာခြင်းကဲ့သို့သော ဖျားနာသူများအနေနဲ့ ဆေးဝါးအဖြစ် သုံးစွဲလို့ ရပါတယ်။ ဘယ်လိုဟင်းလျာတွေမှာမဆိုပေါင်းထည့်ပြီး စားသုံးပါက အရသာရှိလှပါတယ်။ ဒါကြောင့် အပ်မှိုကိုစားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။


(၁) ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝခြင်း

အပ်မှိုက အခြားဟင်းသီးဟင်းရွက်တွေနဲ့ မတူဘဲ ဗီတာမင် အေ၊ စီ၊ ဒီ၊ ဘီ6၊ သံဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ပရိုတင်းတို့ပါဝင်ပါတယ်။ အပ်မှိုကို မနက်စာ၊ နေ့လည်စာနဲ့ ညစာ အဖြစ် စားသုံးခြင်းက ခန္ဓာကိုယ်အတွင်းပိုင်းကို သန်မာစေပြီး ပြင်ပမှာ ရှိတဲ့ ဗိုင်းရပ်စ်ပိုးမွှားများ တိုက်ထုတ်နိုင်အောင်လည်း ကူညီပေးပါတယ်။ 


(၂) ကင်ဆာတိုက်ဖျက်ပေးနိုင်ခြင်း

ဒါကို လူတော်တော်များများက မသိကြပေမယ့် အပ်မှိုက ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ အရည်အသွေးတွေ အများကြီးပါဝင်နေပါတယ်။ အကျိတ်ကိုလည်း ကြီးထွားမလာအောင် ကာကွယ်ပေးပါတယ်။ 


(၃) ကိုယ်ခံစွမ်းအားကို မြှင်တင်ပေးခြင်း

ဂျပန်နိုင်ငံရဲ့ သက်တမ်းဟာ အခြားနိုင်ငံတွေထက် စားရင် အများကြီးကွာခြားပါတယ်။ သူတို့တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးကြတာကြောင့် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပြင်ပိုင်းကို သန်မာစေပေမယ့် အတွင်းပိုင်းသန်မာဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့  အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ အပ်မှိုမှာ အမိုင်နိုအက်ဆစ် valine နဲ့ lysine တို့ ပါဝင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ 


(၄) ကိုယ်အလေးချိန်ကျအောင် ကူညီပေးခြင်း

အသီးအရွက်က ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်သလို အပ်မှိုကလည်း ကျန်းမာပြီး ကိုယ်အလေးချိန် ကျအောင် ကူညီပေးနိုင်ပါတယ်။ ဂျပန်အမျိုးသမီးအများစုက သူ့တို့ကို သူတို့ လုံလုံလောက်လောက်မကျွေးနိုင်လို့ ပိန်တာမဟုတ်ပါဘူး။ သူတို့ခန္ဓာကိုယ်တွင်း ကျန်းမာအောင်လို့ မှန်ကန်တဲ့ စားသောက်နည်းတွေကြောင့် သွယ်လျလှပတာဖြစ်ပါတယ်။ အပ်မှိုမှာ linoleic acid ပါဝင်ပြီး လူတစ်ဦးချင်းစီရဲ့ အစာအိမ်အဆီတွေကို လျှော့ချပေးပါတယ်။ 


(၅) ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း

အပ်မှိုမှာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ပုံမှန်လှုပ်ရှားမှုဖြစ်အောင် ကူညီပေးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။  ရုပ်ပိုင်းဆိုင်ရာ ကျန်းမာလာရင် စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာလာစေနိုင်ပါတယ်။ 


(၆) ဦးနှောက်အတွက် အထူးအစားအစာ

အပ်မှိုက ဦးနှောက်အတွက် အထူးအစားအစာဖြစ်ပါတယ်။ မှတ်ဉာဏ်စွမ်းအားကို တိုးမြင့်စေပြီး မတူညီတဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ လုပ်ဆောင်မှုများကို အားပေးပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးကို အားပေးတဲ့အပြင် စိတ်ခွန်အားကိုလည်း တိုးတက်စေနိုင်ပါတယ်။ 


(၇) ဇီဝဖြစ်ပျက်မှုကို အားပေးခြင်း

အပ်မှိုကို ပုံမှန်စားသုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အားလုံးနီးပါးရတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေကို အားပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်အောင် ခွန်အားတွေကိုလည်း ပေးပါတယ်။ 


(၈) သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

အပ်မှိုက ခန္ဓာကိုယ်တွင်းရှိ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာဖြစ်ပါတယ်။ 


(၉) ဓာတ်မတည့်ခြင်းကို ကာကွယ်ပေးခြင်း

အပ်မှိုက မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ရာတွင် များစွာ အထောက်အကူဖြစ်ပါတယ်။ အရေပြားဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ် စတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ 

ဒါကြောင့် အပ်မှိုကို နေ့စဉ်စားသုံးပေးခြင်းက ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အပြင် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ စုံတာကြောင့် နေ့စဉ်စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ 

Ref: Enoki Mushroom


#ကျန်းမာရေး
#အာဟာရ
#အကျိုးကျေးဇူး
#အရသာ
#ဗီတာမင်

Some text some message..