
နေမကောင်းမဖြစ်အောင်၊ဖျားနာတာတွေမရှိအောင်အတွက်ကိုယ်ခံအားကအလွန်အရေးကြီးပါတယ်။ကိုယ်ခံအားကောင်းစေဖိုအာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်သင့်တယ်ဆိုပေမယ့်ပြီးပြည့်စုံမှုမရှိပါဘူး။ဒါကြောင့် အားဆေးတွေပေါ်လာခဲ့တာဖြစ်ပါတယ်။Vitamin မျိုးစုံပါတဲ့အားဆေးတွေကိုကလေးအရွယ်ကစပြီး သောက်သုံးရလေ့ရှိပါတယ်။

အဲ့ဒီလိုဗီတာမင်တွေသောက်တဲ့အခါမှာထိရောက်ဖိုဆိုရင် သူ့အချိန်နဲ့သူသောက်ဖိုအရေးကြီးပါတယ်။
အချိုကအိပ်ချိန်မှာ ခန္ဓာကိုယ်ကစုပ်ယူမှုအကောင်းဆုံးဖြစ်လိုအားဆေးတွေကို ညဖက်မှာသောက်သင့်တယ်လိုပြောပါတယ်။

ဒါပေမယ့်ပညာရှင်တွေရဲ့အဆိုအရအားဆေးတွေကို မနက်စောစောပိုင်းသောက်တာအကောင်းဆုံးနဲ့အထိရောက်ဆုံးလိုသိရပါတယ်။ဗီတာမင်အစုံပါတဲ့ အားဆေးတွေနဲ့ Vitamin B ကိုမနက်ပိုင်းသောက်တာအကောင်းဆုံးဖြစ်ပါတယ်။Vitamin B ဟာ ဇီဝကမ္မစနစ်နဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုလှုဆော်ပေးနိုင်လို မနက်ပိုင်းသောက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ပြီးတော့လည်းအားဆေးတော်တော်များများကိုအစာနဲ့တွဲသောက်တာပိုကောင်းပါလိမ့်မယ်။ ဒါမှဗိုက်အောက်တာ၊ အသာအိမ်ထိတာတွေမဖြစ်တော့ပဲ အစာအိမ်ရဲ့ အစာချေဖျက်မှုနဲ့ စုပ်ယူမှုနဲ့အတူ ဗီတာမင်တွေက လိုအပ်တဲ့နေရာကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အားဆေးတွေကို အစာမစားခင် ၁၅မိနစ်အလိုဒါမှမဟုတ် အစာနဲ့တွဲပြီးသောက်သင့်ပါတယ်။

ဒါကြောင့်အားဆေးသောက်မယ်ဆိုမနက်စောစောသောက်တာအကောင်းဆုံးဖြစ်ပြီးမမေ့ဖိုကိုလည်း ကိုယ့်ရဲ့အိပ်ယာဘေးက စားပွဲပေါ်မှာ ညကတည်းကတင်ထားတာအကောင်းဆုံးဖြစ်ပါတယ်။ဒါပေမယ့်ကိုယ်ခံအားကောင်းဖိုဆိုရင်တော့အားဆေးတစ်ခုတည်းကိုပဲအားကိုးလိုမရပဲအာဟာရရှိတဲ့အစားအစာတွေစားတာနဲ့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေလည်းလုပ်သင့်ပါတယ်ခဗျာ။