ကျန်းမာရေးကို အကျိုးပြုတဲ့ တက်ကီလာ
mmload.com
|
2023-06-07




(Tequila) တက်ကီလာဆိုတာ ခုခေတ် လူငယ်တွေအကြားမှာ ရေပန်းစားတဲ့ မက္ကဆီကန် အရက်အမျိုးအစားတစ်မျိုးပါ.. တက်ကီလာကိုကြိုက်နှစ်သက်လို့ သောက်သုံးကြတာမျိုးရှိသလို တစ်ချို့ကလည်း ကျန်းမာရေးအတွက် မှီဝဲကြတာတွေလည်း ရှိပါတယ်.. ဘယ်လို မှီဝဲရင် ကျန်းမာရေးအတွက်အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ကြရအောင်.. 


1)ကိုယ်အလေးချိန်ကျဖို့ အထောက်အကူပြုတယ် 

ဝိတ်ချနေသူတွေအတွက်တော့ သတင်းကောင်းပါပဲ.. တက်ကီလာဟာ ကိုယ်အလေးချိန်ကျဖို့အထောက်အကူပြုပါတယ်လို့ ဆိုပါတယ်.. အထူးသဖြင့် ခါးက အဆီပိုတွေကို ဖယ်ရှားဖို့အတွက်ဖြစ်ပါတယ်။ 


2)အစာချေဖျက်မှုစနစ်ကို အထောက်အကူပြုတယ်

တက်ကီလာက အစာကြေအောင် ကူညီနိုင်ပါတယ်.. အစာမစားခင်မှာ သောက်သုံးမယ်ဆိုရင် အစာချေစနစ်ကို အထောက်အကူပြုပါတယ်.. 


3)Probiotics (အကျိုးပြုဘက်တီးရီးယား) တွေပါဝင်ပါတယ်  

တက်ကီလာဟာ ဒိန်ချဉ်တို့ ကင်မ်ချီတို့လိုပါပဲ Probiotics (အကျိုးပြုဘက်တီးရီးယား) တွေပါဝင်ပါတယ်.. ဒါကြောင့်လည်း အစာချေစနစ်ကို အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်အလွန်အကျွံမသောက်ဖို့တော့ သတိပေးပါရစေ.. 


4)နွေးထွေးစေတယ် 

တက်ကီလာဟာ ပူတဲ့အရက်တစ်မျိုးပါ..အေးတဲ့ ဒေသတွေမှာ ရာသီဥတုဒါဏ်ကို ခံနိုင်စေဖို့ တက်ကီလာသောက်ကြပါတယ်..


5)အူမကြီးကို သန့်စင်စေတယ် 

 တက်ကီလာမှာပါဝင်တဲ့ Fructan ဟာ အူမကြီးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာခံစားနေရသူတွေအတွက်အကျိုးကျေးဇူးကောင်းတွေပေးနိုင်ပါတယ်.. ဒါ့အပြင် အူပြည်တည်နာ၊ ဖက်ခွက်နာ၊ ဝမ်းသွားရအဆင်မပြေတဲ့ ဝေဒနာရှင်တွေနဲ့ Crohn's ရောဂါ ခံစားနေရသူတွေအနေနဲ့လည်း မှီဝဲနေရတဲ့ ဆေးဝါးတွေ အူအတွင်းမှာ ပိုမိုအစွမ်းထက်အောင် ကူညီနိုင်ပါတယ်လို့ သိရပါတယ်.. 


#ကိုယ်အလေးချိန်
#အရက်
#ဘက်တီးရီးယား
#ဒိန်ချဉ်
#probiotics

Some text some message..