ကျန်းမာရေးအရ ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာ (၅) မျိုး
mmload.com
|
2023-06-19




အခုရာသီက ဒူးရင်အရမ်းပေါတဲ့အချိန်အခါကို ရောက်လာပြီဆိုတော့ ဒူးရင်းသီးသရဲလေးတွေအတွက် ဒူးရင်းသီးစားတဲ့အခါ သတိထားသင့်တာလေးတွေရှိပါတယ်။ ဒူးရင်းသီးက အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့ တွဲဖက် စားသုံး မိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ ကဲ ဘယ်အစားအစာလေးတွေဆိုတာ ကြည့်လိုက်ကြရအောင် ….

1.    နို့နဲ့နို့ထွက် ပစ္စည်းများ


သွေးတိုးရောဂါရှိသူတွေအနေနဲ့ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။အခန့် မသင့်ရင် သေစေနိုင်တဲ့အထိဖြစ်စေနိုင်တာကြောင့် သတိပြု ဆင်ခြင်သင့်ပါတယ်။

2.    ဂဏန်း


ဒူးရင်းသီးနဲ့ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာနဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

3.    အမဲသား၊မှို


အမဲသားတို့မှိုတို့လို အပူစာတွေနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီးအော့အန်ခြင်း ၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

4.    ကော်ဖီ


ကဖင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက် နှလုံးရပ်ခြင်း၊ အသက်ရှုကြပ်ခြင်း နဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

5.    အရက်၊ဘီယာ၊ ဝိုင်


ဒူးရင်းသီးစားသုံးပြီးတဲ့အခါနဲ့မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ တွဲဖက် စားသုံးမယ်ဆိုရင်တော့ ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်းနဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။


#ကျန်းမာရေး
#အရက်
#ဦးနှောက်
#ဒူးရင်းသီး
#ကော်ဖီ

Some text some message..