
တရားမဝင်တဲ့ မူးယစ်ဆေးဝါးတွေမှာ အမျိုးမျိုးသော အာနိသင်တွေရှိကြပါတယ်။ အာနိသင်ဘယ်လိုပဲ ကွဲပြားပါစေ။ အကျိုးဆက်ကတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာကို ဆိုးရွားစွာ ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ အကြောင်းပုံသဏ္ဍာန်ကွဲပြားပြီး တစ်ဦးချင်းအပေါ်မှာ သက်ရောက်စေနိုင်ပါတယ်။ အထူးသဖြင့် တရားမဝင်မူးယစ်ဆေးဝါး သို့မဟုတ် ရောစပ်ထားတဲ့ ဆေးဝါးတွေမှာ လူအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အာနိသင်တွေများစွာပါဝင်နေတာဖြစ်ပါတယ်။
K – Ketamine အမှုန့်ဟာ မက်သာဖက်တမင်း၊ ဟီးရိုးအင်းနဲ့ စိတ်ကျရောတိုက်ဖျက်ရေးဆေး သို့မဟုတ် အိပ်ဆေးတွေပါဝင်နေတာဖြစ်ပါတယ်။ ဒီအမှုန့်တွေကို လူငယ်အကြားမှာ သုံးစွဲနေကြတာဖြစ်ပြီး အစိုးရတွေအနေနဲ့လည်း ထိန်းချုပ်ဖို့ ခက်နေတယ်လို့ ဆိုပါတယ်။ ကနဦးအနေနဲ့ K – Ketamine ကို ဆေးဖက်ဆိုင်ရာတွေမှာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသုံးမပြုတော့ဘဲ အခြားသော လူကို မထိခိုက်စေမယ့် ဆေးတွေကို ပြောင်းလဲ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ရောစပ်ထားတဲ့ K – Ketamine ဆေးမှုန့်ကို ပထမဦးဆုံးသုံးစွဲမိချိန်မှာတော့ ရုတ်တရက်သေဆုံးသွားနိုင်ခြေတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ အချို့သော ဘားတွေမှာ K – Ketamine ကိုအသုံးပြုပြီး ကော့တေးအဖြစ် ရောင်းချနေတာကိုလည်း တွေ့မြင်ရမှာပါ။
K – Ketamine ဆိုတာ သိအောင်လုပ်ပါ
အထက်မှာ ဖော်ပြခဲ့သလို K – Ketamine ကို ဆေးဘက်ဆိုင်ရာတွေမှာ မေ့ဆေးစတင်ပေးနိုင်ဖို့ စိတ်ငြိမ်ဆေး သို့မဟုတ် မေ့ဆေးအဖြစ် အသုံးပြုခဲ့ကြတာပါ။ သူ့ရဲ့ အာနိသင်ဟာ နာကျင်မှုကို သက်သာစေတာဖြစ်ပါတယ်။ K – Ketamine ဟာ စွဲလမ်းမှု၊ နိုင်လိုမင်းထက်ပြုကျင့်လိုမှုအလားအလာ၊ သည်းခံနိုင်မှုတွေကို အလွန်ထိန်းချုပ်နိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ သဘောကတော့ ဒီဆေးဟာ ယဉ်ကျေးလာစေတာဖြစ်ပါတယ်။ ရမ်းကားလိုစိတ်မရှိစေတာကို ဆိုလိုတာပါ။
K – Ketamine သုံးထားပြီဆိုရင် အထီးကျန်ဆန်နေတာတွေ၊ စိတ်အေးလက်အေးနဲ့ အေးချမ်းမှုအပြည့်ရှိတဲ့ ဘဝကို ရရှိနေသလို ခံစားရမှာဖြစ်ပါတယ်။ အိပ်မက်ထဲကအတိုင်း အေးချမ်းနေမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပျော်ရွှင်စရာအပြည့်ပဲလို့ ခံစားမိစေမှာပါ။ K – Ketamine ရဲ့ အာနိသင်နောက်တစ်မျိုးကတော့ အမြင်နဲ့ အသံအာရုံတွေကို ခံစားနေနိုင်တာပဲ ဖြစ်ပါတယ်။ ဂီတသံတွေကို နားဝင်နေမှာဖြစ်ပြီး နစ်မျောနေမှာပဲ ဖြစ်ပါတယ်။

K – Ketamine ကို ယာယီအနေနဲ့ သုံးစွဲမယ်ဆိုရင် ကယောင်ခြောက်ချားဖြစ်ခြင်းနဲ့ လေဖြတ်ခြင်းတွေကို ခံစားရစေမှာပါ။ ရေရှည်သုံးစွဲမယ်ဆိုရင်တော့ ဦးနှောက်ပျက်စီးမှု၊ မှတ်ဉာဏ်နဲ့ အာရုံခံစနစ်တွေ ချို့ယွင်းလာစေမှာပဲ ဖြစ်ပါတယ်။ ဆိုးရွားမှုအနေနဲ့ မိမိနစ်မျောထားတဲ့အရာတစ်ခုအပေါ်မှာ စွဲလမ်းစိတ်ဖြစ်ပေါ်လာပြီး စိတ်ရောဂါဝေဒနာကို ခံစားရစေနိုင်ပါတယ်။

K – Ketamine Powdered
K – Ketamine အမှုန့်လို့ လူသိများတဲ့ မူးယစ်ဆေးဝါးဟာ အလွန်အမင်းစွဲလမ်းစေတဲ့ မူးယစ်ဆေးဝါးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာ ketamine, heroin and crystal methamphetamine or ice drug တို့ပါဝင်သလို anti-anxiety လို့ခေါ်တဲ့ စိတ်ကျရောဂါတွေမှာ သုံးတဲ့ clonazepam လည်း ပါဝင်နေပြန်ပါတယ်။ ဒီဆေးတွေအားလုံးကို နို့မှုန့်လိုဖြစ်အောင် ရောစပ်ဖန်တီးထားတာဖြစ်ပါတယ်။ ဒီဆေးဝါးတွေဟာ ပေါင်းစပ်ဆေးဝါးဖြစ်သလို ပေါင်းစပ်အကျိုးကိုလည်း သက်ရောက်စေမှာဖြစ်ပါတယ်။ အထူးသဖြင့် heroin ပါဝင်နေပြီး အလွန်အကျွံသုံးစွဲမယ်ဆိုရင် အသက်ရှုလမ်းကြောင်း ပိတ်ခြင်း (acute respiratory distress syndrome - ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ထိခိုက်နာကျင်မှု လက္ခဏာစု) ကို ဖြစ်ပေးစေမှာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ရုတ်တရက်သေဆုံးသွားနိုင်တာ ဖြစ်ပါတယ်။

K – Ketamine အန္တရာယ်
K – Ketamine ကို သုံးစွဲပြီးတဲ့နောက်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကို စတင်ခံစားရတတ်ပါတယ်။ အဲဒါတွေကတော့ အာရုံမှားမှု ပြင်းထန်ခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း၊ ကိုယ်ပိုင်အသိဉာဏ်ချို့ယွင်းလာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာခြင်း၊ နှုတ်ခမ်းပြာပြီး နှာခေါင်းသွေးယိုခြင်းစတာတွေကို ဖြစ်လာစေတာပါ။ ဆေးအလွန်အကျွံသုံးစွဲမိမယ်ဆိုရင်တော့ ရုတ်တရက်အသက်ရှုလမ်းကြောင်း ပိတ်သွားနိုင်တာဖြစ်ပါတယ်။ K – Ketamine ကို အရက်နဲ့ တွဲဖက်ပြီး သုံးစွဲမယ်ဆိုရင် သေဆုံးနိုင်ခြေဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ လက်ရှိထိုင်းနိုင်ငံမှာ သေဆုံးမှုအများစုရဲ့ ဆက်စပ်မှုဟာ K – Ketamine နဲ့ ပတ်သက်နေတာကို တွေ့ရှိနေတာဖြစ်ပါတယ်။ အသက်မသေဆုံးအောင် အချိန်မီကယ်တင်နိုင်ခဲ့ရင်တောင် သုံးစွဲသူတွေကို ပုံမှန်ဘဝပြန်ရရှိအောင် လုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
လက်ရှိလူငယ်တွေကြားမှာ ပြန့်နေတဲ့ K – Ketamine ဟာ အန္တရာယ်ရှိတယ်ဆိုတာကို ပြောပြလိုပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ ခံစားရမှုအပိုင်းတွေမှာ ဆေးသုံးစွဲမှု ပမာဏနဲ့ ဆေးသုံးစွဲမှုအချိန်တွေပေါ်မှာ မူတည်နေပါတယ်။ ဥပမာအနေနဲ့ heroin ရဲ့ အကျိုးဆက်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာကို ကြီးကြီးမားမားဒုက္ခပေးနိုင်တာဖြစ်ပါတယ်။ ဒါအပြင် K – Ketamine ဟာလည်း နှလုံးရောဂါ သို့မဟုတ် နှလုံးသွေးကြောပိတ်ခြင်းတွေကို အချိန်မရွေး ဖြစ်ပေးစေပြန်ပါတယ။် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာနဲ့ နှလုံးလမ်းကြောင်းဆိုင်ရာ ဝေဒနာတို့ကြောင့် သုံးစွဲသူအနေနဲ့ ချက်ချင်း ထိခိုက်မှုကို ဖြစ်ပေးစေမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လူငယ်သေဆုံးမှုအများစုဟာ အဆုတ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ နှလုံးထိခိုက်မှုတွေကြောင့် သေဆုံးနေတာဖြစ်တယ်လို့ တွေ့ရှိတာကြောင့် K – Ketamine သုံးစွဲသူတွေကို သတိထားနိုင်ဖို့ ဖော်ပြလိုက်တာဖြစ်ပါတယ်။ K – Ketamine ကို အသုံးပြုပြီး များစွာသော အရာတွေကို ထုတ်လုပ်နေတာကြောင့် ဘားတွေမှာ သတိထားသောက်သုံးနိုင်ဖို့လည်း တင်ပြလိုက်ပါတယ်။
Ref ; “K Powdered Milk” A New Ketamine-Based Drug Cocktail That Kills Lives