ဓမ္မတာလာနေစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လား..?
shwemom.com
|
2019-05-02

အမျိုးသမီးငယ်အများစုဟာ ကိုယ်ဝန်နဲ့ပတ်သက်ပြီး သိပ်ဗဟုသုတ မရှိကြပါဘူး။အချို့က ကိုယ်ဝန်မဆောင်ချင်ေ သးရင်ရာသီမလာတဲ့အချိန်မှာသာ လိင်ဆက်ဆံသင့်တယ်လို့အကြံပေးကြပြီး၊အချို့က ရာသီလာချိန်(သားဥမဆ င်းခင်အချိန်ထိ) လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်သေးဘူးလို့ ယူဆကြပါတယ်။အနည်းစုသောအမျိုးသမီးအချို့က လက်တွေ့ စမ်းသပ်မှုအဖြစ် ရာသီလာစမှာ လိင်ဆက်ဆံပြီး ကိုယ်ဝန်မရနိုင်ကြောင်းအခိုင်အမာ ငြင်းနေတာေ တွလည်း ရှိပါတယ်။ ဒီတော့အမျိုးသမီးတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေကို ဖြေပေးလိုက်ပါတယ်။

(၁) ရာသီလာချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေ နည်းသလား/များသလား … ?




Menstrual Cycleအရဆိုရင်တော့ ရာသီလာချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေအလွန်နည်းပါတယ်။အကြောင်းကတော့အမျိုးသမီးအများစုဟာ ရာသီလာပြီး 11 ရက်ကနေ 15 ရက်အတွင်းမှာသာ မျိုးအောင်တဲ့ သားဥတွေ ဆင်းလေ့ရှိလို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လစဉ်တစ်ရက်နေ့ ရာသီလာတဲ့အမျိုးသမီးဟာ ပျမ်းမျှအားဖြင့် လစဉ် 11 ရက်မှ 15ရက်အထိဟာ Fertile Time ဖြစ်ပါတယ်။ ချွင်းချက်ရှိသောအမျိုးသမီးတွေလည်း ရှိနိုင်ကောင်းပါတယ်။

(၂) ရာသီလာချိန်အကာအကွယ်အသုံးမပြုရင်ကော ကိုယ်ဝန်ရနိုင်ပါသလား … ?



ရာသီလာချိန် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေအလွန်နည်း-တယ်လို့သာ ဖြေထားခြင်းကို သိရှိစေချင်ပါတယ်။ မရ
နိုင်ဘူးလို့ ဖြေထားခြင်း မရှိပါ။ ဒါကြောင့်အကာအကွယ်မပါဘဲ (မည့်သည်အချိန်မှာ လိင်ဆက်ဆံသည်ဖြစ်စေ)အမျိုးသားရဲ့ သုတ်ပိုးနဲ့ မမျိုးဥတို့ တစ်နည်းနည်းနဲ့ တွေ့ဆုံတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ပါ တယ်။အ ကာအ ကွယ် မပါဘဲ လိင်ဆက်ဆံခြင်းအတွက် ကိုယ်ဝန်မရဖို့အာမခံတဲ့ရက်ရယ်လို့ လုံး၀ မရှိပါဘူး။

(၃) သားဥမကျွေတဲ့ရက်တွေမှာ ကိုယ်ဝန်ရနိုင်ချေရှိသလား …?







အမျိုးသားတွေရဲ့ သုတ်ပိုးဟာအမျိုးသမီးရဲ့သားအိမ်ခေါင်းထဲမှာ 7 ရက်လောက်အထိ တစ်ခါတလေအသက်ရှင်နိုင်ပါ
တယ်။  ဥပမာအားဖြင့် ဒီနေ့ သားဥမကြွေလို့ လိင်ဆက်ဆံလိုက်တယ်၊ ဒါပေမယ့် နောက်တစ်ရက်နှစ်ရက်မှာ သားဥက
ကြွေတယ်ဆိုရင်လည်းအမျိုးသားရဲ့ ရှင်ကျန်နေဆဲသုတ်ပိုးနဲ့အောင်မြင်တဲ့ မမျိုးဥ တွေ့တဲ့အခါ ကိုယ်ဝန်ရနိုင်ပါသေး
တယ်။ ဒီလို ဖြစ်စဉ်မျိုးဟာအလွန်တိုတောင်းတဲ့ ရာသီလာချိန်ကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိပါတယ်။

(၄) တားမြစ်ဆေးတွေမှာအန္တရာယ်ရှိသလား …? ကိုယ်ဝန်လိုချင်တဲ့အခါ တားမြစ်ဆေးကို ဘယ်လို ရပ်ထားသင့်သလဲ … ?







တားမြစ်ဆေးတွေမှာအန္တရာယ်ဆိုတာထက် ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများတော့ ရှိပါတယ်။ လုံး၀ ဥပါဒ်ကင်း စင်တဲ့ ဆေးရယ်လို့ မပေါ်သေးပါဘူး။ ပေါ်မှာလည်း မဟုတ်ပါဘူး။ သဘာဝအရ တားမြစ်ခြင်းမဟုတ်တဲ့အ တွက် မျှော်မှ န်းမထားတဲ့အန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- ကလေး ပေါင်မပြည့်ဘဲ မွေးဖွားတာ၊ ကိုယ်လက်အင်္ဂါမစုံတာတွေဟာ တားမြစ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ်ဝန် လိုချင်တဲ့အခါ တားမြစ်ဆေးကို ဘယ်လို ဖြတ်ရမလဲဆိုရင်အနည်းဆုံး သုံးလလောက် ဆေးကြိုဖြတ်ထားရပါ တယ်။ ပိုကောင်းတာကတော့ ငါးလမ ခြောက်လအထိ ဆေးလုံးဝမသုံးဘဲအကာအကွယ်ဖြင့်သာ လိင်ဆက်ဆံပါ။အဲဒီနောက်မှသာ မိမိသဘောကျ လိင်ဆက်ဆံပါ။


မဒီလေး (Shwemom)

source : metro.co.uk


#ကိုယ်ဝန်
#အကာအကွယ်
#ဥ
#အမျိုးသမီး
#သုတ်

Some text some message..