
လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံဟာ ထူးဆန်းလွန်းပါတယ်။ လူတိုင်းဟာ တူညီတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အ ပိုင်းတွေနဲ့ ဖွဲ့စည်းထားပေးမယ့် တစ်ချို့သောအရာတွေမှာအနည်းငယ် ကွဲပြားမှုတွေရှိနေပါတယ်။ လူတစ်ချို့မှာ လက်ပွား၊ ခြေပွားလေးတွေ ရှိနေတာကအကောင်းဆုံး ဥပမာပါ။အခုဖော်ပြပေးမှာကတော့ လူတစ်ချို့မှာ ထူးဆန်း စွာရှိနေတတ်တဲ့ မွေးရာပါ နားပေါက်အကြောင်းဖြစ်ပါတယ်။

Wekipedia
အဲလို မွေးရာပါ နားပေါက်ရဲ့ ဆေးပညာအခေါ်အဝေါ်က Preauricular Sinus ဖြစ်ပါတယ်။ နားပေါက်လေးတွေဟာ နားတစ်ဖက်ထဲတင် မဟုတ်ဘဲ နားနှစ်ဖက်လုံးမှာလည်း ပါဝင်နိုင်ပါတယ်။ နားပေါက် တွေဟာ မျိုးရိုးလိုက်ပြီး ပါလေ့တော့ မရှိပါဘူး။အမေရိကန် ဆေးပညာစာကြည့်တိုက်(US National Library of Medicine)ရဲ့ မှတ်တမ်းတွေအရတော့ ဆေးပညာသမိုင်းမှာ ပထမဦးဆုံး မွေးရာပါနားပေါက် ပါလာသူအဖြစ် Van Heusinger ကို (၁၈၆၄)ခုနှစ်က မှတ်တမ်းတင်ခဲ့ပါတယ်။ နည်းပညာမတိုးတက်သေးတဲ့ ရှေးယခင်ခေတ်တွေမှာလည်း သူ့ထက်စောပြီး မွေးရာပါနားပေါက် ပါလာတဲ့လူတွေ ရှိနိုင်ပါသေးတယ်။
နိုင်ငံတစ်ချို့မှာတော့ ဒီလို နားပေါက်ပါလာတဲ့ သူတွေဟာ ကံဆိုးမှုတွေ သယ်ယူလာတယ်ဆိုပြီးအယူရှိကြပါတယ်။ တစ်ချို့နိုင်ငံတွေမှာကျတော့ မွေးရာပါနားပေါက်ပါတဲ့ လူတွေကို ကံဆိုးမှာဆိုးလို့ နားကပ်ထပ်ပြီးတပ်ဖို့ ခွင့်မပြုပါဘူး။ တကယ်တော့ ဒီမွေးရာပါ နားပေါက်လေးတွေဟာ လူသားတွေရဲ့အတိတ်သမိုင်းကို ဖော်ပြနေတာပါ။
A POST SHARED BY ASK SPIREST (@ASKUSWHEN)
ON
ကမ္ဘာပေါ်က သက်ရှိအားလုံးရေထဲကနေအစပြုခဲ့တာဖြစ်တာကြောင့် သက်ရှိအားလုံးဟာ မျိုးရိုးဗီဇဖွဲ့စည်းပုံတွေ ဘယ်လောက်ပဲ ကွဲကွဲ ၊ တစ်နေရာရာမှာတော့ ငါးတွေနဲ့ တူလေ့ရှိပါတယ်။ ဒါကြောင့် ငါးတွေမှာ ပါးဟပ်တွေ ရှိနေသလို မျိုးရိုးဗီဇ DNA ထူးတဲ့လူတစ်ချို့မှာလည်း မွေးရာပါ နားပေါက်လေးတွေ ရှိနေတတ်ပါတယ်။ ဒီနားပေါက်လေးတွေဟာ ကျန်းမာရေးအတွက် ဘာအန္တရာယ်မှ မရှိပါဘူး။ တစ်ခုသတိထားရမှာကတော့ နားကွင်းတွေ၊ နားကပ်တွေကို မွေးရာပါနားပေါက်ထဲမှာ တပ်ဆင်တဲ့အခါ ထိခိုက်ဒဏ်ရာ မရဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ထိခိုက်ဒဏ်ရာရခဲ့ရင်အနာကျက်ဖို့ မလွယ်ဘဲ ဦးဏှောက်အာရုံကြောနဲ့ နီးကပ်နေတဲ့အတွက် ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူမှသာအဆင်ပြေနိုင်မှာဖြစ်ပါတယ်။
Source : Vt