ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေအသက်ရှူကြပ်လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။
hellosayarwon.com
|
2019-05-11


 

ကိုယ်ဝန်ဆောင် ဖူးတဲ့အမျိုးသမီးတော်တေ်ာများများသိကြမှာပါ။

ကိုယ်ဝန်ရင့် လာလေလေ ကိုယ်ခန္ဓာပေါ်က တစ်ချို့အရာတွေ ပြောင်းလဲလာလေလေဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်က

အဖြူဆင် းတာတွေ ခြေထောက်ဖောရောင်တာတွေ အပြင်အသက်ရှူရခက်တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

ဒီလိုအသက်ရှူရခက်တာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ စိုးရိမ်ရလား ။


ကိုယ်ဝန်ရင့် လာတဲ့အချိန်မှာအသက်ရှူရခက်တာ ပုံမှန် ဖြစ်နေကျအရာတစ်ခုပါ။
ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးကအသက်ရှူတဲ့နေရာက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြားအမြှေး diaphragm ကို သွားဖိတဲ့အခါအသက်ရှူုရခက်သလို ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့

ပရိုဂျက်စတုန်းဟော်မု န်းကြောင့်လည်းအသက်ရှူရ ကြပ်တတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ရင့်လာတဲ့အခါ ဖြစ်နေကျဆိုရမယ့် ပြဿနာတွေပါ။

ကိုယ်ဝန်ရင့်လာတဲ့အခါအသက်ရှူခက်တာ ပုံမှန် ပြဿာနာတစ်ခုဆိုပေမယ့် ခုပြောပြမယ့် ပြဿနာတွေရှိရင်တော့ စိုးရိမ်စရာရှိပါတယ်။


ပန်းနာရင်ကြ ပ်ရောဂါအစတည်းကရှိတဲ့သူတွေ ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေတာကြောင့် ကိုယ်ဝန်ရင့်လို့ ပုံမှန်အသက်ရှူကြပ်တာလား၊ ပန်းနာရင်ကြပ်ပြန်ထတာလားဆိုတာကို သေချာ ခွဲသိဖို့ ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။ သွေးအားနည်းခြင်း သွေးအားနည်းတယ်ဆိုတဲ့နေရာမှာ

သံဓာတ်ချို့တဲ့သွေးအားနည် းရောဂါကိုအဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာအများဆုံးဖြစ်တတ်ပြီးအသက်ရှူရခက်တာ၊ နုန်းနေတာ ၊ခေါင်းကိုက်ပြီး မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။ သံဓာတ်ဖြည့်သွေးအားနည်းနေတာကို သိဖို့ ဆရာဝန်က သွေးတွင်း

သံဓာတ် ပမာဏကို စစ်ဆေးမှာဖြစ်ပြီး နည်းနေတာသေချာရင် သံဓာတ်ဖြည့်အားဆေးတိုက်မှာ ဖြစ်ပါတယ်။ အသက်ရှူလိုက်တိုင်းအောင့်နေတာ ( ဒါမှမဟုတ် )အဆက်မပြတ်ချောင်းဆိုးတာ ။ ။ အသက်ကိုရှိုက်ရှူလိုက်တဲ့အခါ

ရင်ဘတ်အောင့် သွားတာ၊အသက်ရှူမဝလို့အသက်မြန်မြန်ရှူနေရတာ နဲ

့ သွေးခုန်နှုန် းတွေ မြန်လာတာ၊ ချောင်းအဆတ်မပြတ်ဆိုးနေတာမျိုးဆိုအဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿာနာ တွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့အမြန်ဆုံး တိုင်ပင်ပြီးအဖြေရှာ ကုသသင့်ပါတယ်။

ဒီလို ကိုယ်ဝန်ရင့်တဲအ့ခါအသက်ရှူရခက်တာက ပုံမှန်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုဆိုတော့ ဘယ်လို သက်သာအောင် နေရမလဲ ။ ။
အသက်ရှူရခက်တဲ့ ပြဿနာတစ်ခုဟာ ပုံမှန်လူတွေအတွက်တောင် နေထိုင်ရတာ သက်တောင့်သက်သာမရှိတာ ကိုယ်ဝန်ဆောင်တွေအတွက်ဆို ပိုဆိုးတာပေါ့ ။ဒါပေမယ့်လည်း သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေအများကြီးပါ။ ။ ကိုယ်ဟန်အနေအထားကိုပြင်ပါ။ ထိုင်နေရင်ပဲဖြစ်ဖြစ် မတ်တပ်ရပ်နေရင်ပဲဖြစ်ဖြစ် ရင်ဘတ်ကော့ထားတဲ့ ပုံစံမျိုးနဲ့ ကျောကို မတ်မတ်ထားပါ။ ဒါမှ ရင်ဘတ်ကျယ်သွားသလိုဖြစ်ပြီးအဆုတ်အလုပ်လုပ်ရတာ ပိုလွယ်ကူမှာပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

ယောဂ လိုမျိုးအငြိမ်တစ်လိုင်း လေ့ကျင့်ခန်းတွေ ကိုယ်ဝန်ဆောင်တွေ လုပ်ပေးလို့ရပါတယ်။ ယောဂလေ့ကျင့်ခန်းအချုပ်ကအသက်ရှူလေ့ကျင့်ခန်းနဲ့အကြောတွေ ပြေလျော့အောင်လုပ်တာဖြစ်တာကြောင့် ကိုယ်ဝန်သည်တွေရဲ့အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းနဲ့ ကိုယ်နဲ့သင့်တော်သလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ စိတ်ကိုအေးအေးထားပါ။ အသက်ရှူရကြပ်နေလို့ဆိုပြီးအရမ်းအစိုးရိမ်မလွန်ပါနဲ့။ ပိုပြီး

စိုးရိမ် လေလေအသက်ရှူရပိုကြပ်လေလေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ကိုအေးအေးထားပါ။အသက်ကိုဖြည်းဖြည်းချင်း လေ့ကျင့်ရှူပါ။ မွေးရမယ့်ရက် နီးလာလေလေအသက်ရှူရခက်တဲ့ ပြဿနာ တဖြည်းဖြည်း နည်းလာလေလေဖြစ်မှာပါ။ မွေးခါနီးတော့ ကလေးက မွေးလမ်းကြောင်းထဲ ဆင်းလာတဲ့အတွက်ကြောင့် ရင်ဝမ်းခြားကြွက်သားနဲ့အဆုတ်တို့အတွက် နေရာပြန်ရသွားပြီးအသက်ရှူရတာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ် ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  


#သံဓာတ်
#ကိုယ်ဝန်ဆောင်
#လေ့ကျင့်ခန်း
#လေ
#အဆုတ်

Some text some message..