အမျိုးသမီးတစ်ဦး သွေးဆုံးချိန်တွင် ခံစားရသော လက္ခဏာများနှင့် ခန္ဓာကိုယ်အပြောင်းအလဲများ ဒူးနာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိယားယံခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊အသားအရေပူခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆံပင်ပါးလာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊အသားအရေ ခြောက်သွေ့ခြင်း၊အိပ်မပျော်ခြင်း။ သွေးဆုံးခါနီးအချိန်များတွင် ပြောင်းလဲမူများသွေးဆုံးချိန်နီးကပ်လာတဲ့အခါ ခန္ဓာကိုယ်ပြောင်းလဲမှုဟာအမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ စောစီးစွာသွေးဆုံးတဲ့အမျိုးသမီးတွေကိုတော့အထူးပြုစု ကုသပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်သွေးဆုံးတဲ့အမျိုးသမီးများဆိုတာကတော့ သွေးဆုံးပြီး နှစ်အနည်းငယ်အတွင်း ရာသီသွေးဆင်းမှု ပုံမမှန်တာကလွဲလို့ ဘာမှပြောင်းလဲမှု မရှိတာကို ဆိုလိုပါတယ်။အချို့အမျိုးသမီးများကတော့အိပ်မပျော်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ခံစားရတဲ့ရောဂါ လက္ခဏာတွေရဲ့ ပြင်းထန်မှုဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ များသောအားဖြင့် ဒါတွေဟာ ပုံမှန်တဲ့အပြောင်းအလဲတွေ ဖြစ်တာမို့ ရောဂါအဖြစ်သတ်မှတ်လို့ မရနိုင်တော့ပါဘူး။အသားအရေပူခြင်းသွေးဆုံးချိန်မှာခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်တဲ့ ဦ နှောက်အစိတ်အပိုင်း ဟိုက်ပိုသားလ် မတ်စ်အတွင်းမှာ ပြောင်းလဲမှုဖြစ်ခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ ဟိုက်ပိုသားလ် မတ်စ်ကအမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာ နွေးနေတယ်လို့ မှားယွင်းကာအာရုံခံမိတာကြောင့်အေးအောင်ပြုလုပ်ပေးပါတယ်။အရေပြားအနီးပတ်ဝန်းကျင်ရှိ သွေးကြောတွေဟာ ကျယ်လာပြီး သွေးစီးဆင်းမှုများ လာပါတယ်။ ဒါ့ကြောင့် မျက်နှာကပဲ နီရဲနေပြီး လည်ပင်းကတော့ ဖြူရော်နေတတ်ပါတယ်။ ခန္ဓာကိုယ်အေးစေရန် ချွေးထွက်အောင်လည်း ပြုလုပ်ပေးပါတယ်။ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းမြန်လာနိုင်ပါတယ်။ တစ်ခါတလေ ချမ်းတုန်လာ တတ်ပါတယ်။အသားအရေပူခြင်းဟာအချိန်ကြာလာတာနဲ့အမျှ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဆေးကုသမှုအထူးအထွေ မလိုအပ်ပါဘူး။အိပ်မပျော်ခြင်း ၊မောပန်းခြင်းသွေးဆုံးချိန်တဝိုက်မှာအမျိုးသမီးအချို့ဟာအိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။အထူးသဖြင့် ညဘက်မှာ ဟော်မုန်း ပြောင်းလဲမှုများ ဖြစ်ပေါ်ကာအသားအရေ ပူခြင်းတွေ ဖြစ်ပေါ်ခံစားရတတ်တဲ့အတွက်အိပ်မပျော်ခြင်းဖြစ်ပါတယ်။အိပ်ရေးမဝတာကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတာ ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ခြင်းဟော်မုန်းပမာဏ မြင့်တက်လာခြင်းကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။ သွေးဆုံးချိန်ရောက်တဲ့အခါမှာတော့ ဟော်မုန်းများ လျော့နည်းသွားတဲ့အတွက် ခေါင်းကိုက်လည်း တဖြည်းဖြည်းပျောက်သွားမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်အရမ်းပြင်း ထန်မှပဲဆေးသောက်ဖို့ လိုအပ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းလာခြင်းသွေးဆုံးချိန်မှာ မှတ်ဉာဏ်သိပ်မကောင်း၊ မေ့တတ်လာတယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို သက် ပြေချက်တွေ သေသေချာချာမရှိပါဘူး။ စိတ်ဓာတ်ကျခြင်း ၊ စိတ်တိုဒေါသထွက်လွယ်ခြင်းသုတေသနပြုချက်များအရ သွေးဆုံးခြင်းဟာ စိတ်ကျရောဂါ၊ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှု၊ ပုံမမှန်သောအပြုအမူများ ဖြစ်ပေါ်ခံစားရတယ်လို့ တွေ့ရှိထားကြပါတယ်။ မျက်ရည်လွယ်ဝမ်းနည်းလွယ်ခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း၊ စိတ်မကောင်းဖြစ် ခြင်းတို့လည်း ခံစားရတတ်ပါတယ်။ သားဥအိမ်ဟော်မုန်းပမာဏ ကျဆင်းခြင်းဟာ ထိုဝေဒနာများခံစားရခြင်းနှင့် ဆက်စပ်နေတယ်လို့ ယူဆနိုင်ပါတယ်။ လိမ်ဆက်ဆံလိုစိတ် လျော့နည်းလာခြင်း လိင်ပိုင်းဆိုင်ရာခံစားချက်များဟာ သက်ရှိတို့ဘဝရဲ့ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။အမျိုးသမီးရော၊အမျိုးသားပါအသက်ကြီးလာတာနဲ့အမျှ လိင်ဆက်ဆံလိုစိတ် လျော့နည်းသွားတာပါပဲ။အမျိုးသမီးအများစုဟာ သွေးဆုံးပြီး နောက်ပိုင်း ကာလများတွင်လည်း လိင်ဆက်ဆံမှုဘဝ တက်ကြွမှုရှိနေကြပါသေးတယ်။ သွေးဆုံးပြီး နောက်ခံစားရနိုင်သော ကျန်းမာရေးပြသနာအချို့ နှလုံးရောဂါဟာအမျိုးသားများ ဖြစ်တတ်တဲ့ရောဂါလို့ပဲအမျိုးသမီးများက ယူဆထားကြပါတယ်။အမှန်တကယ်ကတော့ နှလုံးသွေးကြော ဆိုင်ရာရောဂါများဟာအမျိုးသမီးများရဲ့အသက်အ္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ သွေးဆုံးပြီးနောက်မှာ ဒီရောဂါဖြစ်နိုင်ခြေအလွန်မြင့်တက်သွားပါတယ်။အရိုးပါးရောဂါ သွေးဆုံးပြီးနောက်အရိုးတွေ ဟာ ကျွတ်ဆတ်လာတဲ့အတွက် ကျိုးအက်လွယ်လာကာအရိုးကျန်းမာရေး ပြဿနာများ ခံစားလာရနိုင်ပါတယ်။Credit : Luckymyotaw သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။