သွားတိုက်တဲ့အခါ ရှောင်ကြဉ်သင့်ပေမယ့် လူတွေ လုပ်လေ့လုပ်ထရှိတဲ့အမှားများ
shwemom.com
|
2019-05-17

သွားတိုက်တဲ့အလုပ်ကို လူတွေဟာ ငယ်ငယ်ကတည်းက လုပ်လာခဲ့ကြပေမယ့် တချို့လူတွေရဲ့ သွားတိုက်ပုံဟာ ယနေ့အချိန်အထိ လွဲမှားနေဆဲ ဖြစ်ပါတယ်။အောက်ဘက်မှာတော့ ရှောင်ကြဉ်သင့်တဲ့ လွဲမှားတဲ့ သွားတိုက်ပုံအယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ စာဖတ်သူလည်းအောက်မှာဖော်ပြထားတဲ့အချက်တွေထဲက တစ်ချက်မဟုတ် တစ်ချက်နဲ့ ငြိနေတဲ့အခါ ပြင်ဆင်နိုင်အောင်လို့ ဖြစ်ပါတယ်။

သွားတိုက်ကြမ်းခြင်း

Flickr – nishantcm

သွားတွေကို ခပ်ကြမ်းကြမ်းပွတ်ရင် သွားတွေပြောင်စင်သွားမယ်ဆိုတဲ့အယူအဆဟာ လွဲမှားတဲ့အယူအဆဖြစ်ပါတယ်။အမေရိကန်အိုဟိုင်းယိုးပြည်နယ်က သွားဆရာဝန်တစ်ဦးဖြစ်သူ မက်တ်မက်စီနာကတော့ သွားတွေကိုအရမ်းပွတ်တိုက်တာဟာ ဘာအကျိုးကျေးဇူးမှ ဖြစ်မလာပါဘူးလို့ ဆိုပါတယ်။ တကယ်လို့ သွားတွေကို ဖွဖွလေးတိုက်တဲ့အခါ လူတွေက သွားမပြောင်ဘူးလို့ စိတ်ထဲ ထင်ကြကြောင်းနဲ့ တကယ်တမ်းတော့ သွားကိုအရမ်းဖိတိုက်တာကအဓိကမကျပဲ သွားတိုက်ပုံကသာအဓိကကျကြောင်း ဆိုခဲ့ပါတယ်။

သွားတိုက်တံမလဲခြင်း

Flickr – Martin Abegglen

သွားတိုက်တံတွေကို (၃) လတစ်ကြိမ် လဲလှယ်ပေးသင့်ပါတယ်။ သွားတိုက်တံဟာအမွှေးတွေဖွာထွက်နေတာ၊အရောင်ပြောင်းနေတာ၊ ညစ်ပတ်နေတာတွေ ရှိနိုင်တာကြောင့်အနည်းဆုံး (၃) လတစ်ကြိမ်တော့အသစ်လဲလှယ်ပေးသင့်ပါတယ်။

သွားတိုက်တံအရွေးမှားခြင်း

Flickr – Judith Doyle

စတိုးဆိုင်မှာတော့ ရွေးချယ်စရာသွားတိုက်တံတွေဟာအများကြီး ရှိတာကြောင့် ပုံစံချင်းသိပ်မကွာဘူးထင်ရရင် ပိုဈေးသက်သာတဲ့ သွားတိုက်တံကိုပဲ ရွေးချယ်မိကြပါတယ်။ သွားဆရာဝန်တစ်ဦးဖြစ်တဲ့ ကင်ဘာလေဟမ်းမ်ကတော့ သွားတိုက်တံရွေးတဲ့အခါ သွားပွတ်တံရဲ့အမျှင်အရှည်၊ သွားပွတ်တံခေါင်းအရွယ်အစားနဲ့ သွားဖုံးတွေဆီ ဘယ်လိုရောက်မလဲဆိုတာ စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်း ဆိုပါတယ်။အဓိကကတော့ သွားတိုက်တံရွေးတဲ့အခါ နူးညံ့ပျော့ပြောင်းတဲ့အမျှင်တွေပါတဲ့ သွားတိုက်တံကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဘေးတိုက်သွားတိုက်ခြင်း

Flickr – Paul Huxley

သွားတိုက်တဲ့အခါ သွားတိုက်တံကို ရွေ့လျားပေးရတဲ့အနေအထားဟာ တကယ်တော့ ရိုးရှင်းလှပါတယ်။ သွားတွေကို သွားဖုံးနေရာကနေ စလို့အပေါ်အောက် ရွေ့လျားကာ သွားတိုက်ရမှာ ဖြစ်ပါတယ်။ ဘေးတိုက်ကြီးမတိုက်ရပါဘူး။ တကယ်လို့ ဘေးတိုက်တိုက်မယ်ဆိုရင်တော့ သွားတွေပြောင်စင်မှာ မဟုတ်တဲ့အပြင် သွားကို ပျက်စီးနိုင်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)




Ref: shared


#တိုက်
#သွား
#သွားပွတ်တံ
#သွားဆရာဝန်
#သွားဖုံး

Some text some message..