အအေးဒဏ်ကြောင့်အသားကျက်ပြီးလောင်သွားတဲ့အခါ
hellosayarwon.com
|
2019-05-22


ရေခဲ ဒါမှမဟုတ်အေးလွန်းတဲ့အရာတွေနဲ့အကြာကြီးထိကပ်ထားရာကနေ

အရေပြား က ကျက်ပြီး လောင်တဲ့ ဒဏ်ရာဖြစ်ပါတယ်။ ကိုက်ခဲမှုဒဏ်ကြောင့် ရေခဲဝတ်ကိုအဝတ်တစ်ထပ်မခံဘဲ ဒီအတိုင်းကပ်တာမျိုးမှာလည်း ဒီလို ဒဏ်ရာဖြစ်တတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။
တခြားသော နေလောင်ဒဏ်၊ မီးပူ၊

ရေနွေးပူလောင် ခံရတဲ့အခါအရေပြားမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။အစပိုင်းမှာအရေပြားက နီရဲနေရာကနေ နောက်ပိုင်းမှာအဖြူ သို့မဟုတ် မီးခိုးရောင် ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင်အရေပြားက
ထုံကျဉ်နေမယ်
ယားယံနေမယ်
အထဲကနေ စူးရှရှဖြစ်နေမယ်
နာကျင်မှုဝေဒနာ
အရည်ကြည်ဖုလေးတွေ ထွက်လာမယ်
ထိလိုက်တဲ့အခါအသားက ကျစ်နေသလို ဖြစ်နေမယ်
ပြောင်ချောကြီးလို ဖြစ်နေတာအစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်းတွေ
အေးလွန်းတဲ့အရာဝတ္ထုနဲ့အရေပြားကို တိုက်ရိုက်ထိတွေ့လိုက်တဲ့အခါ၊ လိုအပ်တာထက်အချိန်အကြာကြီး ထိနေမိတဲ့အခါမှာအသားကျက်ပြီး လောင်သွားနိုင်ပါတယ်။ ပုံမှန်ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ ရေခဲ သို့မဟုတ်

ရေခဲဝတ် ကပ်ပေးရတယ်ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ ပိုပြီးဆိုးသွားနိုင်ပါတယ်။အအေးဒဏ်ကြောင့်အသားကျက်ပြီးလောင်သွားတဲ့အခါအရေပြားဆဲလ်တွေထဲမှာ ရှိနေတဲ့ ရေကအေးခဲသွားမယ်။အဲ့ကနေ ရေအခဲလေးတွေ ဖြစ်ပြီးအရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ပျက်စီးစပြုနေတဲ့အရေပြားနားက သွေးကြောတွေက စတင်ညှစ်တဲ့အတွက် သွေးစီးဆင်းမှုနှေးသွားပြီး

အနာကျက် ဖို့ နှေးသွားနိုင်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ။
အေးလွန်းတဲ့ တိုင်းပြည်မှာ နေထိုင်နေသူတွေ၊ ရာသီဥတုနဲ့ ကိုက်ညီစွာ မဝတ်ဆင်တဲ့သူတွေ၊

ဆေးလိပ် အလွန်အကျွံသောက်တာ၊ သွေးစီးဆင်းမှုနှေးစေတဲ့ ဆေးဝါးတွေ သောက်သုံးနေရတာ၊

ဆီးချိုေ ရာဂါ၊ လက်ချောင်း၊ ခြေချောင်းထိပ် သွေးကြောတွေမှာ ဖြစ်တဲ့ရောဂါ၊အသက်ငယ်သေးတဲ့ ကလေးတွေနဲ့ လူကြီးအရွယ်တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

အသားကျက်ပြီး လောင်သွားတဲ့အခါ ဘာတွေလုပ်သင့်လဲ။
၁။အရေပြားပေါ်က ပူစပ်ပူလောင်ဖြစ်နေပြီ၊ ရေခဲနဲ့အသားနဲ့ ကပ်နေပြီ၊ ဒါမှမဟုတ် ကပ်ထားတာအရမ်းကြာနေပြီဆိုရင်အမြန်ဆုံး ခွာထုတ်ပစ်ရပါမယ်။ ၂။ ပြီးတာနဲ့ ကျက်သွားတဲ့အရေပြားကို ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့

ရေနွေး ထဲမှာ မိနစ် ၂၀ခန့် စိမ်ထားပေးပါ။ ၃။ ရေနွေးနဲ့ တစ်ခါစိမ်ပြီးတိုင်း မိနစ် ၂၀ခန့် နားပါ။ ပြီးမှ နောက်တစ်ကျော့ပြန်လုပ်ပါ။ ၄။ ရေနွေးဝတ် သို့မဟုတ် စောင်ထူထူလေးနဲ့အရေပြားကိုအုပ်ထားပေးပါ။အရမ်းမပူနေဖို့တော့ ဂရုစိုက်ပေးရပါမယ်။ ၅။ ကျက်သွားတဲ့အသားပေါ်မှာအရည်ကြည်ဖုပေါက်တာ၊အနာ၊ ဒဏ်ရာဖြစ်နေတယ်ဆိုရင် သေချာရေနဲ့ သန့်ရှင်းပေးပြီး ပလာစတာ၊ ပတ်တီးစည်းထားပေးပါ။ ဒါမှမဟုတ်အရေပြားနဲ့ မကပ်လောက်မယ့် ဂွမ်းနဲ့အုပ်ထားပေးပါ။ ၆။ နာကျင်တာ သက်သာစေဖို့အကိုက်အခဲပျောက်ဆေးကို ဆေးဆိုင်ကနေအလွယ်တကူ ဝယ်လို့ရပါတယ်။ ၇။အနာက နေသားကျသွားပြီ၊ ဖြည်းဖြည်းချင်း သက်သာလာပြီဆိုရင်

ရှားစောင်းလက်ပပ် အနှစ်လေးကို လိမ်းပေးလို့ ရပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသင့်လဲ။
အသားကျက်သွားတဲ့ နေရာမှာအဖြူကွက်ကြီး ဖြစ်နေတာ၊ ထုံကျဉ်နေတာ၊အနွေးဓာတ်ပေးပြီးတာတောင်အေးပြီးအသားက မာမာကြီးဖြစ်နေရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ ပိုကောင်းပါတယ်။အရေပြားထဲက တစ်သျှူးတွေ ထိခိုက်ပြီး ဒဏ်ဖြစ်သွားနိုင်လို့ပါ။ လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကိုတော့ ဆရာဝန်က ညွှန်ပေးပါလိမ့်မယ်။အရေပြားထဲ ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့အရေပြားအရောင်ပြောင်းသွားတာ၊ ပြည် သို့မဟုတ် စိမ်းဖန့်ဖန့်ရောင်အရည်တွေ ထွက်လာတာ၊အဖျားတက်တာဆိုရင်လည်း ဆရာဝန်နဲ့ ပြဖို့ လိုုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပါတယ်။  

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#အရေပြား
#ရေခဲ
#အသား
#ရေနွေး
#လက္ခဏာ

Some text some message..