မေမေတို့အားလုံးသိကြမှာပါ။ ကိုယ့်ကလေးက မနေ့ကမှ မွေးတယ် ဒီနေ့အသားဝါနေတယ်ဆိုတာမျိုးတွေ။ ကလေးအသားလေးက ပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင်တော့ သေချာပါတယ်။ သင့်ကလေးမှာ jaundice လို့ခေါ်တဲ့
အသားဝါ
တဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါက ကလေးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဖြစ်နေတော့အချိန်မီကုသလိုက်ရင် ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သူ့ဘာသာပြန်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆနေလိုက်လို့ကတော့ ကလးအသားဝါတဲ့ပြဿနာကနေ ကလေးညဏ်ရည်မမှီတော့တဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။အသားလေးဝါတာ ဒီလောက်တောင်ပြင်းထန်တတ်လား။အဲဒီမေးခွန်းရဲ့အဖြေကို သိဖို့ ဒါလေးကိုဖတ်ကြည့်စေချင်ပါတယ် ။
Jaundice (အသားဝါ) တယ်ဆိုတာဘာလဲ။ ။
ဆေးပညာမှာခေါ်တဲ့ Jaundice ဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလိုအသားဝါခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာ
bilirubin
တွေများနေတာကြောင့်ပဲဖြစ်ပါတယ်။
Bilirubin ဆိုတာဘာလဲ ။ ။
ပုံမှန်ဆို သွေးတွင်းမှာရှိတဲ
့သွေးနီဥ
ဆဲလ်လေးတွေက သူ့သက်တမ်း ရက်ပေါင်း ၁၂၀ ကုန်တာနဲ့အလိုလို ပေါက်ကွဲပျက်စီးပါတယ်။ Bilirubin ဆိုတာအဲဒီ သွေးနီဥဆဲလ်လေးတွေ ပေါက်ကွဲရာက ထွက်လာတဲ့အဝါရောင်ခြယ် ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလို ထွက်လာတဲ့ Bilirubin တွေကို
အသည်
းက ခြေဖျက်ပေးပြီး သွေးကတစ်ဆင့်အူထဲပို့ကာ ဝမ်းနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။
မွေးကင်းစကလေးတွေက ဘာ့ကြောင့်အသားဝါတတ်တာလဲ ။ ။
မွေးကင်းစကလေးတွေရဲ့အသည်းက လူကြီးတွေလို ကောင်းကောင်းအလုပ်မလုပ်သေးနိုင်တာကြောင့် သွေးတွင်းမှာ
Bilirubin
တွေစုပုံလာပြီး ကလေးတွေအသားဝါရတာဖြစ်ပါတယ်။ ရက်ကြာလာတဲ့အမျှ ကလေးရဲ့အသည်းက ပုံမှန်လည်ပတ်နိုင်လာတာကြောင့်အသားဝါတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆေးကုသမှု ခံယူဖို့လိုအပ်တဲ့ တစ်ချို့
အသားဝါ
တဲ့ ပြဿနာတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ကလေးအသားဝါပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆသင့်ပါဘူး။
ကလေးတွေမှာ Jaundiceအသားဝါခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ ။ ။
Jaundice မှာ physiological ( ပုံမှန်ဖြစ်နေကျ) နဲ့ pathological ( ရောဂါအခံတစ်ခုခုကြော့င်) jaundice ဆိုပြီး နှစ်မျိုးရှိပါတယ်။ physiological jaundice ဖြစ်ရတဲ့အကြောင်းကတော့ ကလေးရဲ့ေ
သွးနီဥ
ဆဲလ်တွေဟာ လူကြီးတွေထက်ပိုများနေတတ်ပြီး သက်တမ်းကလည်း တိုတဲ့အတွက် သူတို့ ပေါက်ကွဲရာကနေ bilirubin တွေ ထွက်လာတာကြောင့်ပါ။ physiological jaundice ကို မွေးပြီး ၂ ရက်လောက်မှ စတွေ့ရတတ်ပြီး ကလေးအသက် ၂ပတ်လောက်ကြာရင် ပြန်ကောင်းသွားလေ့ရှိပါတယ်။
ဘယ်လို ကလေးတွေကအသားဝါတဲ့ ပြဿနာပိုဖြစ်နိုင်သလဲ ။ ။
နေ့မစေ့ လမေ
စ့မွေးတဲ့ကလေးတွေ -အသည်းက bilirubin ထုတ်ဖို့အဆင့်သင့်မဖြစ်သေး ။
မိခင်နို
့ကောင်းကောင်းမစို့ရတဲ့ကလေးတွေ မိခင်နဲ့ ကလေး
သွေးအုပ်စု
မတူတဲ့အခါ antigen နဲ့ antibodies တွေတိုက်ပြီး သွေးနီဥတွေ ပျက်စီးရာကနေ bilirubin တွေထွက်လာပြီး အသားဝါတတ်ပါတယ်။ အပေါင်းသွေး
အနှုတ်သွေ
း ကွဲပြားနေတာကလည်းအသားဝါစေတဲ့အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။ hereditary spherocytosis နဲ့
G6PD deficiency
. တို့လို မျိုးရိုးဗီဇ ပြဿနာတွေဟာလည်း ကလေးတွေမှာအသားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအချက်တွေပါ။ (polycythemia) လို့ခေါ်တဲ့ သွေးနီဥဆဲလ်တွေများနေတဲ့ကလေးတွေ နဲ့ ညှပ်ဆွဲ၊ လေစုပ်မွေးတာကြောင့် ခေါင်းမှာ သွေးခြည်ဥ (cephalohematoma) ပြီးမွေးလာတဲ့ကလေးတွေ ဟာလည်းအသားဝါတဲ့ ပြဿနာခံစားရလေ့ရှိတဲ့သူတွေပါ။
Jaundice ရဲ့ လက္ခဏာတွေကဘာတွေလဲ ။ ။
Jaundice ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့အသားတွေက ဝါနေပါလိမ့်မယ်။ စစချင်းမှာ မျက်နှာကစပြီး ရင်ဘတ်၊ ဗိုက်နဲ့ ခြေထောက်ဆီကို တဖြည်းဖြည်းအဝါပြန့်သွားပါလိမ့်မယ်။ ကလေးရဲ့ မျက်လုံးအဖြူသားနေရာမှာလည်း ဝါနေတတ်ပါတယ်။ သွေးတွင်းမှာ
bilirubin
အများကြီးရှိပြီး ဝါထိန်နေတဲ့ကလေးတစ်ယောက်ဟာ တစ်ချိန်လုံးအိပ်ချင်နေတတ်ပြီး၊ နုန်းနေမယ်၊ ကိုယ်လုံးကလည်း ပျော့ဖတ်နေတတ်ပြီးအစားကျွေးရလည်း ခက်နေပါလိမ့်မယ်။အသားမဲတဲ့ကလေးတွေမှာလို ဒီလို
အသားဝါ
တာဟာ မသိသာဘဲဖြစ်နေတတ်ပါတယ်။ ဒါေ့ကြာင့် သေချာချင်ရင်အသားမဲတဲ့ကလေးတွေရဲ့ နဖူးနဲ့ နှာခေါင်းလေးကို လက်လေးနဲ့အသာလေးဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့အခါမှာ ဖိထားတဲ့ နေရာမှာ ဝါကျန်ခဲ့နေရင် သင့်ကလေးမှာ Jaundice ဖြစ်နေပါပြီ ။
ဘယ်လိုအချိန်ဆို ဆရာဝန်သွားပြသင့်လဲ ။ ။
အသားဝါတဲ့အပြင် ကလေးက ကိုယ်ပူမယ်
နို့လည်း ကောင်းကောင်းမစို့တော့ဘဲ
တစ်ချိန်လုံး မှေးနေတတ်ပြီး လန်းဆန်းမှုလည်းမရှိတော့ဘူး
ဖြစ်နေတဲ့အသားဝါတာကလည်း တဖြည်းဖြည်းပိုပိုဆိုလားပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။
Jaundice ဖြစ်နေကြောင်း ဘယ်လိုစမ်းသပ်သိရှိမှာလဲ ။ ။
ကလေးကအသားဝါနေမယ် သွေးတွင်း bilirubin ပမာဏကလည်း များနေမယ် ဆိုရင် ကလေးက Jaundice ဖြစ်နေပါပြီ။ သွေးထဲမှာ bilirubinအရမ်းများပြီး ဦးနှောက်ထဲ ရောက်သွားတဲ့အခါ ကလေး ဉာဏ်ရည်ကိုထိခိုက်သွားစေတာကြောင့်အသားဝါတဲ့ ပြဿနာဟာ မပေါ့ဆသင့်တဲ့အရာတစ်ခုပါ။
အသားဝါတဲ့ Jaundice ပြဿနာကို ဘယ်လိုကုသနိုင်လဲ ။ ။
ကုသတဲ့နည်းတွေကတော့အသားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း၊ သွေးတွင်း bilirubin ပမာဏနဲ့ ကလေးအသက်ပေါ်မူတည်ပြီးကွဲပြားလေ့ရှိပါတယ်။
ပုံမှန်ဖြစ်တတ်တဲ့အသားဝါတဲ့ ပြဿနာကတော့ ကလေးအသက် ၂ ပတ်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတဲ့အတွက် ထူးထူးခြားခြား ဆေးကုသမှုတွေ မလိုပါဘူး။ ကလေးကို
မိခင်နို
့များများတိုက်သင့်ပြီး မိခင်နို့မထွက်တဲ့ကိစ္စတွေမှာဆို ဆရာဝန်တွေကအခြားဖြည့်စွက်အာဟာရ
နို့မှုန်
့တွေ တိုက်ဖို့ ညွန်ကြားပါလိမ့်မယ်။ ပြင်းထန်တဲ့အသားဝါတဲ့ ပြဿနာတွေမှာတော့ ကုသမှုကို တတ်နိုင်သမျှ စောစာခံယူဖို့ လိုအပ်ပါတယ်။
အရည်များများဝင်အောင်တိုက်ပါ။ - ရေဓာတ်ခမ်းခြောက်ခြင်းက bilirubin ပမာဏကို ပိုမြင့်တက်စေပါတယ်။
ကလေးကို မီးပြခြင်း - ဖန်ပေါင်းချောင်ထဲမှာ ကလေးကိုထည့်ထားပြီးအဝတ်နည်းနည်းလေးပဲပေးဝတ်ထားကာအလင်းရောင်နဲ့ ကလေးအသားကို များများထိစေတဲ့ ကုသနည်းပါ။ ဒီနည်းက သွေးထဲမှာရှိနေတဲ့ bilirubin ကို ပိုပြီးစွန့်ထုတ်ရလွယ်တဲ့ ပုံစံအဖြစ်ပြောင်းစေတာကြောင့် သွေးထဲက bilirubin ပမာဏတွေ မြန်မြန် လျော့ကျသွားမှာ ဖြစ်ပါတယ်။
သွေးလဲခြင်း - ဒါကတော့ မီးပြတာနဲ့ မသက်သာတဲ့ကလေးတွေကို ကုသတဲ့နည်းဖြစ်ပါတယ်။ bilirubin များနေတဲ့ကလေးတွေကို ဖောက်ထုတ်ပြီးအခြားသွေးတွေ ပြန်ထည့်ပေးတဲ့ ကုသနည်းပါ။ သွေးလှယ်လိုက်တဲ့ သဘောပေါ့။
intravenous
immunoglobulin (IVIg) သွင်းခြင်း - ဒါကတော့ မိခင်နဲ့ ကလေး
သွေးအုပ်စုြ
ခင်း မတူလို့ ဖြစ်တဲ့အသားဝါခြင်းကို ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်။ immunoglobulin ကို ကလေးသွေးကြောထဲထည့်လိုက်ပြီး antigens antibodiesအချင်းချင်း တိုက်တာကို လျှော့ချပေးတဲ့ သဘောပါ။ ဒ့ါကြောင့် ကိုယ့်ကလေးက မွေးပြီး သိပ်မကြာခင်အသားဝါလာပြီ၊ ၂ပတ်ကျော်တဲ့အထိလည်း မပျောက်ဘူး ဆိုရင်တော့ ကလေးရဲ့ သည်းခြေလမ်းကြောင်း၊ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာနဲ့အခြား ပြဿနာတွေဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။