တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။
hellosayarwon.com
|
2019-05-24


 

ကိုယ်ဝန် မရအောင် တားတဲ့

သန္ဓေတားနည် း တွေထဲမှာ 

သန္ဓေတားသောက်ဆေ းက လူသုံးအများဆုံး ၊ အလွယ်ကူဆုံးနဲ့အဆင်ပြေဆုံးလို့ ဆိုလို့ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့အလျောက်

သန္ဓေတားဆေးသောက်ဆေး နဲ့ ပက်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်းတစ်ခုရှိပါတယ်။ ဒါက တားဆေးရပ်ပြီးပြီချင်း ကိုယ်ဝန်ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ ။ ။

တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလား ။ ။
တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့အဖြေက တ

ားဆေး ကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။
တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့
ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ ။ ။
သောက်နေတဲ့ တားဆေးကဒ်အလယ်လောက်ရောက်တဲ့အချိန်မှာ ဆက်မသောက်ပဲ ရပ်လိုက်ရင်

ကိုယ်ဝန်တန်းရနို င်ချေပိုများပါတယ်။

တားဆေးက ဒ်ကုန်သွားတဲ့အထိသောက်ပြီးမှ တားဆေးကို ရပ်လိုက်ရင်တော့

ရာသီစက်ဝန် း ပုံမှန်ပြန်ဖြစ်အောင် စောင့်ရဦးမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ လအနည်းငယ်လောက် စောင့်ရတတ်ပါတယ်။

တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲ။ ။
တားဆေးကို ခဏလေးသောက်ပြီး ရပ်လိုက်ရင် ကလေးတန်းရဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမယ့် တားဆေးကို တစ်နေ့တစ်လုံး မှန်မှန် ၁ နှစ်လောက် စွဲသောက်ပြီးမှ

ကိုယ်ဝန်ယူ ဖို့အတွက် ဆေးရပ်လိုက်ရင် ဟော်မုန်းတွေ ရဲ့အရှိန်တွေကျန်နေသေးတာကြောင့် ဆေးရပ်ရပ်ချင်း ကိုယ်ဝန်တန်းမရတတ်ပါဘူး။

ဟော်မျိုး ဘယ်နှစ်မျိုးပါတဲ့အားဆေးကို သောက်နေတာလဲ ။ ။
တားဆေးမှာ ပေါင်းစပ်ဟော်မုန်း (အီစတိုဂျင် + ပရိုဂျက်စတုန်း ) နဲ့ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးဆိုပြီးအမျိုးအစားနှစ်ခုရှိပါတယ်။ ဆေးရပ်ပြီးပြီးချင်း

ကိုယ်ဝန် တန်းရဖို့ ကိစ္စကလည်း ကိုယ်သောက်နေတာ ဘာအားဆေးလဲဆိုတဲ့အပေါ်အများကြီးမူတည်ပါတယ်။

ပေါင်းစပ်ဟော်မုန်းပါဝင်တဲ့ တားဆေး ။ ။
ဒါက (

အီစတိုဂျင် + ပရိုဂျက်စတုန်း ) ဟော်မုန်းနှစ်ခု ပေါင်းစပ်ထားတဲ့ တားဆေးဖြစ်ပါတယ်။ သူတို့ဟာ

မမျိုးဥ အိမ်ကနေမျိုးဥကြွေခြင်းကို တားဆီးပေးတဲ့အပြင်

သားအိမ် အချွဲတွေကို ထူလိုက်စေခြင်းဖြင့် သုက်ကောင်လေးတွေ မမျိုးဥ ဆီ မရောက်အောင် တားဆီးပေးပါတယ်။ ပေါင်းစပ်ဟော်မုန်းအများစုက ဟောမုန်းပါတာ ၃ တန်းထည့်ထားပြီးနောက်ဆုံးအတန်းလေးကတော့ ဟော်မုန်းမထည့်ထားတဲ့ ဆေးလုံးအတန်းလေးပါ။ ဒီလိုမျိုး ပေါင်းစပ်ဟော်မုန်းဆေးကပ်ကို သောက်နေတဲ့သူတွေ ကျတော့ ဆေးကဒ်ကုန်သွားလို့ရပ်လိုက်ပြီးနောက် ရာသီ တစ်ခါလောက်လာတာနဲ့ တစ်လအတွင်း ကိုယ်ဝန်တန်းရတတ်ပါတယ် ။ ။ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးမှာကျ ဟော်မုန်းမပါတဲ့ဆေးလုံးတန်း မပါတဲ့အပြင်အီစတိုဂျင်ဟော်မုန်းလည်း မပါတဲ့အတွက် ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့က ပေါင်းစပ်ဟော်မုန်း တားဆေးတွေထက်ဆာရင် ပိုလွယ်ကူပါတယ်။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။            


#ကိုယ်ဝန်
#ဆေး
#ပရိုဂျက်
#ရပ်
#တန်း

Some text some message..