အလေ့ကျပေါက်တဲ့ သကြားသီးလေးက ဒီလိုဆေးဖက်ဝင်ပါတယ်
hellosayarwon.com
|
2019-05-24


ဒီသကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီးမဟုတ်ပါဘူး။အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။အသီးလေးတွေက သီးစမှာအစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါအနီရောင် လေးတွေဖြစ်လာပါတယ်။အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။

သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး


ဘက်တီးရီးယားတွေ ကို တိုက်ဖျက်ပေးနိုင်တယ် သကြားသီးက

ခန္ဓာကိုယ် ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှု ကို သက်သာစေတယ် သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးကအရောင်ကျဆေးတွေနီးပါး ထိရောက်မှုရှိ ပါတယ်။

အဖျား ကိုလည်း သက်သာစေနိုင်ပါတယ်။

ဂေါက်ရောဂါ ကို သက်သာစေနိုင်ပါတယ် ဂေါက်ရောဂါဆိုတာကအဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။

အဆစ် ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။ ဂေါက်ရောဂါကအမျိုးသားတွေမှာအဖြစ်များပြီးအဆစ်တွေ၊အရွတ်တွေနဲ့အခြား

တစ်ရှုးတွေ ကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင်အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

ဦးနှောက် ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ် ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင်အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့်

သိမြင်မှုစွမ်းရည် ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကင်ဆာ တိုက်ဖျက်ပေးနိုင်တယ် သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တေ်ာလေးအသုံးဝင်ပါ တယ်။အသီးတင်မကဘဲ သကြာသီးပင်ရဲ့အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့အာနိသင်ရှိနေတာပါ။

ရင်သားကင်ဆာ ကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးကအထောက်အကူပြုပေးပါတယ်။

ယူရစ်အက်ဆစ် ကို လျှော့ချပေးတယ် သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင်  ကာကွယ်ရာမှာအထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့

ဓာတ်တိုးဆန့်ကျင်ပစ္စည် းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက  ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။

ကင်ဆာကျိတ် ကို လျော့ပါးစေတယ် သကြားသီးမှာပါတဲ့

ဖလေဗာနွိုက် က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့အာနိသင်ရှိတာပါ။

အစာအိမ်ဝေဒနာ ကို သက်သာစေနိုင်တယ် သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းကအစာအိမ်ထဲမှာ လေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

ဆီးချို သက်သာစေတယ် သကြားသီးက ချိုတယ်ဆိုပေမယ့်

သွေးတွင်းသကြားဓာတ် ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။

ရာသီလာစဉ်ကိုက်ခဲတာ ကို သက်သာစေနိုင်တယ် သကြားသီးရော သကြားသီးပင်ရဲ့အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အမျှင်ဓာတ် ရရှိစေနိုင်တယ် သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့

ကိုလက်စထရော ကိုကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

အစာအိမ်အနာ ကို သက်သာစေနိုင်တယ် အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးကအစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့်အစာအိမ်ထဲကအနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ် သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့်

ကိုယ်ခံအား ကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက်အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။ သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့်

အအေးမိ ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ် သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက် သက်သာစေတယ် သကြားသီးရောအရွက်ကပါအအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ်အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#သကြား
#သီး
#အစာအိမ်
#သီးပင်
#ဂေါက်

Some text some message..