Fish bone in the throat လည်ချောင်းထဲ ငါးရိုးစူးရင်
healthcare.com.mm
|
2019-06-01


လည်ချောင်းထဲ ငါးရိုးစူးရင် နာမယ်၊အနေရခက်မယ်၊ တံတွေး များလာမယ်။အမြိုရခက်မယ်။ ကိုယ့်ဖာသာ လက်နဲ့ထုတ်လေ ပိုဆိုးလေဖြစ်တတ်တယ်။ ENT clinics နား-နှာခေါင်း-လည်ချောင်း ဆေးခန်းတွေမှာ မကြာခဏ တွေ့နေရတယ်။ ဖြစ်တဲ့သူကို ရေအရင်သောက်ခိုင်းပါ။ ရေမြိုနိုင်ရင် ပေါင်မုံ့-ထမင်း နဲနဲစား-မြိုကြည့်ပါ။ ဒါနဲ့လဲ ရသွားတတ်တယ်။ လူနာကိုအထိုင်ခိုင်းပြီး Tongue depressor လျှာကိုဖိကြည့်ရတဲ့ ကရိယာသုံးပြီး ရှာကြည့်ပါ။အရိုးတွေ့နိုင်တယ်။ Abrasions ပွန်းပဲ့နေတာ ရှိရင်လဲမြင်နိုင်မယ်။ ဆရာဝန်ကနေ Headlamp mirror ခေါင်းတပ်မှန်သုံးပြီး Hypopharynxအာခေါင်နေရာကို စစ်ဆေးမယ်။ Base of the tongue လျှာရဲ့အခြေ၊ Tonsilsအာသီးတွေနဲ့ Vallecula နေရာကိုအသေအခြာ စစ်ဆေးမယ်။  လျှာကို ထုတ်နိုင်သလောက် ပတ္တီးစ (အဝတ်စ) သုံးပြီး ဆွဲထုတ်ရမယ်။အောက် ရှေ့သွားတွေနဲ့ မထိခိုက်စေနဲ့။ လိုအပ်ရင် Soft palateအာခေါင်ပြော့ နဲ့ Posterior pharynxနောက်ပိုင်းနေရာတွေကို (10% Lidocaine spray) ထုံဆေး ပန်းဆေး ပေးပါ။ Xylocaine viscous ထုံဆေးကို ပလုပ်ကျင်းခိုင်းတာလဲ လုပ်ခိုင်းနိုင်တယ်။ သတိထားဘို့က ထုံဆေး သုံးလို့ မနာတော့ပေမဲ့ မရှိတော့တာ ဖြစ်ချင်မှဖြစ်တယ်။ လိုအပ်ရင် Soft tissue lateral x ray of the neck ဓါတ်မှန်ရိုက်ရမယ်။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်ချင်မှပေါ်တယ်။ ငါးရိုးတို့ Aluminum pop topsအလူမီနီယမ် ပုလင်းပိတ်အစတို့က ဓါတ်မှန်မှာ မပေါ်ဘူး။ ဒါပေမဲ့ ဆက်တွဲဖြစ်တာမျိုးရှိရင် မြင်နိုင်တယ်။ Retropharyngeal abscessအနာဖြစ်တာ နဲ့ Severe cervical spondylosis လည်ပင်းရိုး ကျီပေါင်းတက် တာတို့ကို ဆိုလိုတယ်။  Lateral soft-tissue x rays ရိုက်တာကအခွဲရခက်တာမျိုးတွေ ရှိနိုင်တယ်။ Ligamentsအရွတ်၊ Cartilageအရိုးနုတို့နဲ့ မှားတတ်တယ်။ Plain x ray ရိုးရိုးဓါတ်မှန်မှာ Calcification of Laryngeal and Hyoid cartilagesအရိုးနုတွေက ထုံးဓါတ်ပြောင်းလဲတာနဲ့ လွဲတတ်တယ်။ ဓါတ်မှန်ရိုက်ရင် လည်ပင်းရိုး (၇ ရိုး)အားလုံးကို မြင်ရအောင် ရိုက်သင့်တယ်။ Barium swallow-Contrast study ဆေးရည် မျိုချပြီးမှ ရိုက်တဲ့ဓါတ်မှန် လုပ်ရတာလဲ ရှိတယ်။ ငါးအမျိုးအစား မတူရင် ငါးရိုးကို ဓါတ်မှန်မှာ မြင်ရတာ မတူကြဘူး။ ကြက်ရိုးက လူ့လက်ချောင်းနဲ့ ဆင်တယ်။ Trout နဲ့ Mackerel ငါးတွေက သိပ်မြင်သာဘူး။ Salmon ငါးက မြင်သာတယ်။ ငါးရိုးတွေကို ချက်-ကြော်ပေမဲ့ ဓါတ်မှန်မှာမြင်ရတာ ပြောင်းမသွားတတ်ဘူး။အစိမ်းနဲ့အတူတူဘဲ မြင်ရတယ်။ ၇၅% ကို မြင်ရတယ်။ Base of the tongue လျှာအောက်ခြေ နဲ့ Hypopharynx နေရာတွေ မှာဖြစ်နေရင် Mirror မှန်ဖြစ်ဖြစ် Indirect laryngoscope ကရိယာကိုဖြစ်ဖြစ် သုံးရတယ်။ Fiber optic nasopharyngoscopy ကရိယာရှိရင်တော့အကောင်းဆုံး ဖြစ်မယ်။ Endoscopy လည်ချောင်းထဲ ကရိယာထည့်ကြည့်တာလဲ လုပ်နိုင်တယ်။ Rigid laryngoscopy, Esophagoscopy နဲ့ Bronchoscopy ဆိုတာတွေကိုတော့ မေ့ဆေးနဲ့လုပ်ရတယ်။ • ငါးရိုးက သိပ်ငယ်ရင် မြင်ရဘို့ ခဲရင်းတယ်။ • တွေ့ရရင် Tilley forceps ညှပ်နဲ့ ဆွဲနုတ်ပါ။ • တချို့လူနာတွေကိုသာ Antibiotic ဆေးပေးဘို့လိုတယ်။ ရှာကြည့်တာလဲမမြင်၊ ဓါတ်မှန်မှာလဲ မတွေ့၊ ဒါပေမဲ့ လူနာက ကိုယ်ပူတာ နဲ့ နာတာပါရောဖြစ်နေရင် Broad spectrum antibiotic ဆေးပေးသင့်တယ်။ • ထိခိုက်သွားတဲဒဏ်ကြောင့် နာနေတာမျိုးက တကယ်အရိုးမရှိပေမဲ့လဲ ဖြစ်နိုင် တယ်။ နောက်ရက်ဆို ကောင်းသွားမယ်။ မကောင်းရင်တော့ Endoscopy ထပ်လုပ် ရမယ်။ • ငါးရိုးက ရက်နဲနဲလောက်ကြာရင် Cervical esophagusအစာမျိုပြွန်ကို ဖေါက်သွားနိုင် တယ်။ • Batteries ဓါတ်ခဲတစ်ဆို့နေတာမျိုးကို သတိထားရမယ်။အထဲက Alkali ကြောင့် Liquefactive necrosis တစ်ရှူးတွေ သေစေနိုင်တယ်။ • Tetracycline ဆေးတောင့်ကိုမျိုရင် တစ်မနေအောင် သတိထားပါ။ Irritating ulcerအနာဖြစ်စေတတ်တယ်။ •အရပ်နည်းတွေလဲ ကြားဘူး၊ လုပ်ဘူးကြမှာပါ။ တချို့က ထမင်းပူပူကိုအဆုပ်ကလေး လုပ်ပြီး မဝါးဘဲ မျိုစေတယ်။ သူများနိုင်ငံတွေမှာ ပေါင်မုံ့၊ (ခရက်ကာ)၊ Oat (အုတ်)အစားခိုင်းတယ်။ • လိမ်မော်ရည်သောက်ခိုင်းတာက Citric acid ပါလို့အရိုးကို ပျော်စေမယ်။ • ငါးရိုးမဟုတ်ဘဲ တခြားလည်ချောင်းရောဂါရှိနေတာလဲ သတိထားရမယ်။ ၂ဝ% မှာ ငါးရိုးမဟုတ်တာ တွေ့ရတယ်။ Credit : Dr. တင့်ဆွေ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#ဓါတ်
#ရိုး
#ကရိယာ
#မှန်
#ထုံဆေး

Some text some message..