General Anaesthetic (မေ့ဆေးပေးခြင်း)
hellosayarwon.com
|
2019-06-03
မေ့ဆေးဆိုတာ ဘာလဲ။
သင့်ကို လုံးဝသတိလစ်မေ့မြောသွားအောင် ဒါမှမဟုတ် ထုံနေအောင်လုပ်ပေးနိုင်တဲ့ ဆေး ဒါမှမဟုတ်အရာဝတ္ထုတွေကို မေ့ဆေးထုံဆေးလို့ခေါ်ပြီးအမျိုးအစားနဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။ မေ့ဆေးပေးလိုက်ပြီဆိုရင်တော့ လူနာဟာ ခံစားသိရှိမှု လုံးဝပျောက်ကွယ်သွားမှာဖြစ်ပြီး သတိလစ်မေ့မြောသွားမှာပါ။ဒါမှသာ ခွဲစိတ်နေတာတွေကို မသိမှာ ဖြစ်ပါတယ်။ မေ့ဆေး၊ထုံဆေးအမျိုးအစားအားလုံးဟာအာရုံကြောတွေရဲ့ သတင်းအချက်အလက် လွှင့်ထုတ်မှုတွေကို တားဆီးနှောင့်ယှက်ပြီးအာနိသင်ပြတယ်ဆိုတာအားလုံးသိရှိပြီး ဖြစ်ပါတယ်။ဆိုလိုတာက မေ့ဆေး၊ထုံဆေးပေးထားချိန်မှာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ လှုံ့ဆော်နှိုးဆွမှုတွေကို ဦးနှောက်က မသိရှိ၊မတုံ့ပြန်နိုင်ဖူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။မေ့ဆေးကို မေ့ဆေးဆရာဝန်ကသာ ကိုင်တွယ်သုံးစွဲသင့်ပြီး ထိုးဆေး ဒါမှမဟုတ်အငွေ့အဖြစ် ပေးနိုင်ပါတယ်။  

ဘာလို့မေ့ဆေးပေးရတာလဲ။
အချို့သော ခွဲစိတ်မှုတွေကို ပြုလုပ်တဲ့အခါ မေ့ဆေးပေးရပါတယ်။ဒါမှသာ ပိုပြီးလုံခြုံစိတ်ချရသလို လူနာအနေနဲ့လည်း ဆရာဝန် ဘာလုပ်နေလဲဆိုတာ မသိနိုင်တော့တဲ့အတွက် ပိုပြီးသက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။အထူးသဖြင့်အချိန်ကြာမြင့်စွာ ခွဲစိတ်ရမယ့် ခွဲစိတ်မှုမျိုးနဲ့အတော်လေးနာကျင်နိုင်တဲ့ ခွဲစိတ်မှုတွေမှာ မေ့ဆေးကိုအသုံးပြုရပါတယ်။ဥပမာ သည်းခြေဖယ်ထုတ်ခြင်း၊အူကျတာကို ခွဲစိတ်ပြုပြင်ခြင်း၊အဆီစုပ်ထုတ်ခြင်း ဒါမှမဟုတ် သားအိမ်ထုတ်ခြင်း စတဲ့ ခွဲစိတ်မှုတွေပဲ ဖြစ်ပါတယ်။  

မေ့ဆေးက ဘာအန္တရာယ်တွေ ရှိသလဲ။
ကျန်းမာနေတဲ့သူအများစုအတွက် မေ့ဆေးက ဘာပြဿနာမှ မရှိပါဘူး။ယေဘုယျအားဖြင့် မေ့ဆေးကြောင့် ပြဿနာဖြစ်တာထက်အခုပြုလုပ်တဲ့ ခွဲစိတ်မှု နဲ့ သင့်ရဲ့ နဂိုမူလ ကျန်းမာရေးအခြေအနေတွေကြောင့် ပြဿနာဖြစ်တာ ပိုများပါတယ်။ မေ့ဆေးပေးထားသူ ၁၀၀၀မှာ တယောက်နှစ်ယောက်လောက်ဟာ မေ့ဆေးပေးပြီးတဲ့အချိန်မှာ ခဏပြန်လည်နိုးလာတတ်တယ်လို့ သိရပြီး ဒါဟာ ခန့်မှန်းခြေကိန်းဂဏန်းမျှသာ ဖြစ်ပါတယ်။ဒီလိုနိုးလာရင် နာကျင်မှုကို မခံစားရပေမယ့် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်လုပ်ကိုင်နေတာတွေကို သိနေပါလိမ့်မယ်။ ရှားရှားပါးပါးဖြစ်ပေါ်လာတတ်တဲ့ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးပြဿနာတွေက · ဆေးထိုးတဲ့ နေရာမှာ ထိခိုက်ဒါဏ်ရာဖြစ်ခြင်း။ · ကူးစက်ပိုးဝင်ခြင်း။ ·အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွါးခြင်း။ ·အာရုံကြောများ ယာယီထိခိုက်ခြင်း။ · ဓာတ်မတည့်ခြင်း ပြဿနာများ ခံစားရခြင်း (ဥပမာ ရင်ကျပ်ပန်းနာထခြင်း)။ · ခွဲစိတ်နေချိန်မှာ နာကျင်မှုကို ခံစားနေရခြင်း၊သိနေခြင်း။ · ပါးစပ်၊သွား၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ကို ထိခိုက်မိခြင်း။   ·အသံကြိုးများ သို့မဟုတ်အသံအိုးကို ထိခိုက်မိခြင်း။ ·အဆုတ်ထိခိုက်ခြင်း။ · ရုတ်တရက် နှလုံးရောဂါထခြင်း။ · ဦးနှောက်ထိခိုက်ခြင်း။ · လေဖြတ်ခြင်း။ · ကျောက်ကပ်ပျက်စီးခြင်း။ ·အသည်းပျက်စီးခြင်း။ ·အောက်ပိုင်းသေခြင်း။ · ခြေလက်အပါအဝင် တကိုယ်လုံး လှုပ်မရတော့ခြင်း။ မေ့ဆေးမပေးခင်မှာ ၎င်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သေချာစွာ သိရှိနားလည်ထားဖို့အရေးကြီးပါတယ်။တကယ်လို့ မရှင်းလင်းတာ၊သိချင်တာတွေရှိရင် သင့်ခွဲစိတ်ဆရာဝန်ကိုအချိန်မရွေးမေးမြန်းနိုင်ပါတယ်။  

မေ့ဆေးမပေးခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။
သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓာတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကိုအသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမခံယူခင်အချိန်ဘယ်လောက်အလိုမှာအစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကိုအတိအကျ ဂရုတစိုက်လိုက်နာပါ။ခွဲစိတ်မှုမခံယူခင်အစားအသောက်စားလို့ရမရအပါအဝင်အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။  

မေ့ဆေးဘယ်လိုပေးသလဲ။
မေ့ဆေးဆရာဝန်က တာဝန်ယူလုပ်ကိုင်ပြီး မေ့ဆေးပေးမှာ ဖြစ်ကာ ထိုးဆေး ဒါမှမဟုတ်အငွေ့အဖြစ် ပေးနိုင်ပါတယ်။ · ထိုးဆေး --- သွေးကြောထဲထိုးသွင်းထားတဲ့ cannula လို့ခေါ်တဲ့ ပလတ်စတစ်ပိုက် ပါးပါးလေးထဲကနေတဆင့် မေ့ဆေးကို သင့်သွေးကြောထဲ ထိုးသွင်းမှာ ဖြစ်ပါတယ်။ ·အငွေ့ --- မျက်နှာအုပ်တဲ့  mask ကနေတဆင့်အငွေ့လွှတ်ပြီး ရှုခိုင်းမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်နေစဉ်ကာလတလျှောက်လုံး သင့်ဘေးနားမှာ မေ့ဆေးဆရာဝန် ရှိနေမှာဖြစ်ပြီး သင်ကောင်းစွာ သတိလစ်နေခြင်းရှိမရှိကို တချိန်လုံး ဂရုတစိုက် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ခွဲစိတ်မှုပြီးသွားတဲ့အချိန်မှာ မေ့ဆေးကို ပြယ်သွားအောင် လုပ်လိုက်မှာဖြစ်တဲ့အတွက် သင်ဖြည်းဖြည်းချင်း ပြန်လည်သတိရလာမှာ ဖြစ်ပါတယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင်အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။  

မေ့ဆေးပြယ်သွားပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မှာလဲ။
မေ့ဆေးစတင်ပြယ်တဲ့အချိန်မှာ သင့်အနေနဲ့ စိတ်ရှုပ်ထွေးခြင်း၊အချိန်၊နေရာနဲ့ လူတွေကို မသိခြင်း ဒါမှမဟုတ် ကောင်းစွာ စဉ်းစားတွေးတောနိုင်မှု မရှိခြင်း စတာတွေကို ခံစားရမှာဖြစ်ပါတယ်။ဒါဟာ ပုံမှန်ပဲဖြစ်လို့ မစိုးရိမ်ပါနဲ့။မေ့ဆေးရဲ့အာနိသင် လုံးဝကွယ်ပျောက်သွားဖို့အချိန်နည်းနည်းတော့ ကြာပါလိမ့်မယ်။ လက်တွန်းလှည်း ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်ဝှီးချဲလ်ကိုအသုံးပြုပြီး သင့်ကိုအထူးခန်းထဲ ခေါ်ဆောင်သွားမှာဖြစ်ကာအထူးလေ့ကျင့်ထားတဲ့ ကျွမ်းကျင်ဆေးပညာရှင်တွေက ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်မှာပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။  


#မေ့ဆေး
#ဆရာဝန်
#ထုံဆေး
#ထိခိုက်ခြင်း
#ထိခိုက်မိခြင်း

Some text some message..