ခြေထောက်
သို့မဟုတ် ခြေကျင်းဝတ်မှာ ရောင်နေလား၊ ခြေထောက်တွေနာကျင်ပြီး လေးလံနေလား၊ မတ်တတ်ရပ်လိုက်ရင် ပိုနာကျင်နေလား၊ တံကောက်ကွေးနားက သွေးပြန်ကြောတွေ ရှုပ်ယှက်ခတ်ပြီးထင်းနေလား၊အရောင်တွေပြောင်းနေလား ။ ဒါဆို
သွေးပြန်ကြော
မှာ ပြဿနာတစ်ခုခုတော့ရှိနေပါပြီ။ လူကအချိန်ကြာကြာထိုင်လို့မရ၊ ကြာကြာရပ်လို့မရအောင် နာကျင်ရတာ၊တံကောက်ကွေးမှာ တင်းတင်းကြီးဖြစ်နေတာ၊ သွေးပြန်ကြောတွေနားတဝိုက် ယားယံတဲ့ ပူတဲ့ခံစားမှုတွေ ဖြစ်လာတာ၊
အရေပြား
မှာပါအရောင်ပြောင်းလာပြီးအနာတွေဖြစ်လာတာတွေလည်း ရှိလာနိုင်ပါတယ်။ သွေးပြန်ကြောရောဂါဆိုတာ
ခန္ဓာကိုယ်
မှာရှိတဲ့သွေးပြန်ကြောတွေကို ထိခိုက်နေတဲ့ရောဂါတွေအမျိုးျမျိုးဖြစ်နိုင်ပါတယ်။အဲဒီထဲမှာ
သွေးကြောထုံးရောဂါ
လို့ခေါ်ကြတဲ့ varicose veins ၊ ပင့်ကူသွေးပြန်ကြောလို့ခေါ်ကြတဲ့ spider veins ၊ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ venous insufficiency စတာတွေပါဝင်ပါတယ်။အစပိုင်းမှာ ကြည့်ရဆိုးတဲ့ သွေးကြောဖောင်းတာတွေမြင်နေရရုံဆိုပေမယ့် သွေးပြန်ကြောရောဂါတွေက ပြင်းထန်လာပြီဆိုရင် နာကျင်မှု၊ရောင်ရမ်းမှုတွေပိုဆိုးလာပြီး သွေးယိုတာ၊အနာတွေဖြစ်လာတာ၊ သွေးခဲပိတ်ဆို့တာအထိ ဖြစ်လာနိုင်ပြီးအသက်အန္တရာယ်ရှိလာနိုင်ပါတယ်။
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါအဖြစ်များစေတဲ့အကြောင်းရင်းတချို့
ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် သွေးဆုံးချိန်လိုမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်တာတွေ၊အသက်အရွယ်၊အထိုင်များတဲ့ နေထိုင်မှုပုံစံ၊ မိသားစုမျိုးရိုး၊ ကိုယ်အလေးချိန်များနေတာ နဲ့ ခြေထောက်ထိခိုက်ဖူးတာ၊ ခွဲစိတ်ဖူးတာတွေကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါဖြစ်စေနိုင်တဲ့အန္တရာယ်အချက်တွေဖြစ်ပါတယ်။ ခြေထောက်ချိတ်မထိုင်ဖို့၊ ဒေါက်မြင့်ဖိနပ်မစီးဖို့အကြံပေးတတ်ကြတာလည်းမှန်ပါတယ်။ ဒီလိုနေထိုင်တဲ့အခါ သွေးပြန်ကြောတွေအပေါ် ဖိအားပိုများလာစေပြီး
သွေးလည်ပတ်မှု
ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။
ဒီလိုမဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်မလဲ
အသက်အရွယ်ကြောင့်ဖြစ်တာရယ်၊ မိသားစုမျိုးရိုးကြောင့်ရယ်ကလွဲပြီး သွေးပြန်ကြောရောဂါနဲ့ပတ်သက်ပြီး ကိုယ့်အနေနဲ့တတ်နိုင်တာက
နေထိုင်မှုပုံစံ
မှာ ဂရုစိုက်ဆင်ခြင်ဖို့ပါပဲ။ သွေးလည်ပတ်မှုကောင်းပြီး ရောဂါကင်းရှင်းကျန်းမာတဲ့
ခန္ဓာကိုယ်
ကိုပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို တစ်ချက်တော့ကြည့်လိုက်ပါဦး။ (၁)အချိန်အကြာကြီးမထိုင်နဲ့၊ မရပ်နေနဲ့ လှုပ်ရှားမှုလေးရှိမှ သွေးပြန်ကြောတွေက ခြေထောက်ကသွေးကို
နှလုံး
ဆီပြန်ပို့လွှတ်နိုင်ဖို့အထောက်အကူပြုနိုင်မှာပါ။အနေအထားပုံစံတစ်ခုတည်းမှာအကြာကြီးမလှုပ်မရှားငြိမ်နေမယ်ဆို သွေးပြန်ကြောတွေအပေါ် ဖိအားသက်ရောက်စေပြီး
ခြေကျင်းဝတ်
၊ခြေထောက်နဲ့ တံကောက်ကွေးနေရာတွေမှာ ရောင်ရမ်း၊နာကျင်ရပါလိမ့်မယ်။အထိုင်များတဲ့အလုပ်လုပ်ရသူတွေအနေနဲ့ ခဏလောက်ဖြစ်ဖြစ် ထပြီးလမ်းလျှောက်ပေးတာ၊ ခြေထောက်ကိုဆန့်တန်းလှုပ်ရှားပေးတာ၊ ထိုင်ခုံမှာပဲ စက်ဘီးနင်းသလို ခြေထောက်လှုပ်ရှားပေးတာမျိုးက သွေးလည်ပတ်မှုကောင်းစေပါတယ်။ (၂) ခြေထောက်ကို မြှင့်ထားပါ သွေးလည်ပတ်မှုကောင်းစေဖို့ တစ်နေ့ သုံးကြိမ်လောက်တော့ ခြေထောက်ကို ၁၅မိနစ်စီ မြင့်အောင်ထားပေးပါ။ ဥပမာ - ခြေထောက်အောက်မှာ ခေါင်းအုံးသုံးလုံးလောက်ဆင့်ပြီး ပက်လက်လှဲအိပ်နေတာမျိုး။ (၃)
ကိုယ်လက်လေ့ကျင့်ခန်း
ပုံမှန်လုပ်ပေးပါ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ တင်းနစ်ကစားတာ တို့လို သိပ်မပြင်းထန်တဲ့ လှုပ်ရှားမှုမျိုး တစ်ပတ်ကိုအနည်းဆုံး မိနစ် ၁၅၀ လောက် လုပ်ပေးပါ။ (၄)
ရေဓာတ်ြ
ပည့်အောင်နေပါ ရေဓာတ်ပြည့်ဝတဲ့ခန္ဓာကိုယ်ဟာ ကျန်းမာရေးအတွက်အဓိကကျပါတယ်။ ရေဓာတ်ပြည့်ဝနေတဲ့အခါ သွေးကကျဲလာပြီး လည်ပတ်မှုပိုကောင်းပါတယ်။ သွေးကပျစ်ခဲနေတယ်ဆိုတာ ခန္ဓာကိုယ်မှာရေဓာတ်နည်းနေတဲ့လက္ခဏာတစ်ခုဖြစ်ပြီး သွေးပြန်ကြောတွေမှာ သွေးခဲပိတ်ဆို့မှုဖြစ်လာနိုင်ခြေပိုများစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကိုရေ ၈ ခွက်သောက်ပေးဖို့က နှလုံးကျန်းမာရေး၊ သွေးပြန်ကြောကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ (၅)
ကိုယ်အလေးချိန်
ထိန်းပါ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပြီး ကျန်းမာအောင်စားပါ။ ဝနေပြီဆိုရင် ကိုယ်အလေးချိန်လျှော့လိုက်မှသာ သွေးပြန်ကြောတွေကို ဖိအားသက်ရောက်မှုသက်သာစေမှာပါ။ စားတဲ့အခါလည်းအငန်များတာစားမိရင် ရောင်ရမ်းမှုပိုဆိုးလာနိုင်တယ်ဆိုတာလေး သတိထားသင့်ပါတယ်။ (၆)အဝတ်အစား ကျပ်ကျပ်တွေမဝတ်ပါနဲ့ ခါး၊ပေါင်ရင်းနဲ့ခြေထောက်မှာ သိပ်ကျပ်နေတဲ့အဝတ်အစားတွေက သွေးကြောထုံးခြင်းလိုမျိုး သွေးပြန်ကြောရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုအနှောင့်အယှက်ပေးနိုင်တဲ့အတွက်အရမ်းမကျပ်တာတွေပဲဝတ်ပါ။ (၇) စကားပြောရင်း
လမ်းလျှောက်ပါ
ကိုယ်ကအထိုင်များနေပေမယ့် ဖုန်းထပြောတဲ့အခါ လမ်းလျှောက်ရင်းပြောတာ၊အနီးက လုပ်ဖော်ကိုင်ဖက်ကို စကားလှမ်းပြောတဲ့အခါ သူ့ဆီထပြီး သွားပြောလိုက်တာက လမ်းလျှောက်လှုပ်ရှားမှုဖြစ်စေပါတယ်။ ကိုယ်ကလှုပ်ရှားလိုက်တာ၊ ကြွက်သားတွေသုံးလိုက်တာနဲ့ သွေးလည်ပတ်မှုကောင်းလာပြီးသွေးပြန်ကြောရောဂါဖြစ်နိုင်ခြေလျော့နည်းစေပါလိမ့်မယ်။ (၈)
ခြေထောက်ကို ချိတ်
မထိုင်ပါနဲ့ ခြေထောက်နှ်စ်ချောင်းကို ချိတ်ပြီးထိုင်တာက စတိုင်ကျပေမယ့် သွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ (၉)
ဒေါက်မြင့်ဖိနပ်
အမြဲမစီးပါနဲ့ ဒေါက်ဖိနပ်လေးနဲ့ ကြော့မော့တဲ့အလှကို ဖက်ရှင်ကျကျဝတ်စားချင်ကြပေမယ့် နေ့စဉ်ဘဝမှာအမြဲတော့အဆင်မပြေလောက်ပါဘူး။ နေ့တိုင်း တစ်လက်မခွဲရှိတဲ့ ဒေါက်မြင့်ဖိနပ်ကိုစီးပြီးသွားလာနေမယ်ဆိုရင် တံကောက်ကွေးကြွက်သားတွေက သွေးလည်ပတ်မှုကောင်းအောင် မကူညီနိုင်တော့ပါဘူး။ဒါ့ကြောင့် ရံဖန်ရံခါလောက်ပဲ စီးပါ။ (၁၀)
ဆေးလိပ်ြ
ဖတ်ပါ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးပြဿနာတွေအများကြီးကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်နွှယ်နေတဲ့ သွေးတိုးက သွေးပြန်ကြောထုံးခြင်းကို ဖြစ်စေတယ်လို့ သုတေသနတွေက လေ့လာတွေ့ရှိထားပါတယ်။ ဆေးလိပ်သောက်ခြင်းက နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဖြစ်လာခဲ့ရင်ရော...
ကြိုတင်ကာကွယ်နိုင်ဖို့ ဒီလိုဆင်ခြင်နေထိုင်မယ်ဆိုပေမယ့် တကယ်လို့များ လက္ခဏာတွေလည်းတွေ့နေရပြီး ကိုယ့်မှာ ဒီရောဂါတွေဖြစ်နေပြီဆိုရင်ရော။ မပူပါနဲ့။အမြန်သက်သာစေမယ့် ကုသမှုတွေရှိပါတယ်။ ဥပမာ သွေးပြန်ကြောရောင်ရမ်းမှုတွေကို သက်သာစေပြီး သွေးပြန်ကြောရဲ့လုပ်ဆောင်ချက်တွေကိုပုံမှန်ဖြစ်အောင် ပြန်လည်တည်ဆောက်ပေးဖို့ ဆရာဝန်ညွှန်ကြားတဲ့ သောက်ဆေးတွေ သောက်တာမျိုးပေါ့။ ဆေးဆိုင်တွေမှာအလွယ်တကူဝယ်သောက်တာထက် နားလည်တတ်ကျွမ်းသူနဲ့ သေချာတိုင်ပင်ပြီးမှ သောက်တာ ပိုကောင်းပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။