စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး
hellosayarwon.com
|
2019-06-12

နား က ဘယ်လောက်ထိအသုံးဝင်လဲ မှန်းကြည့်ပါလား။

အကြားအာရုံ မရှိရင် ဘယ်လောက်ခက်လဲဆိုတာကို ခံစားဖူးကြည့်ရင် လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ရုပ်ရှင်ကိုအသံပိတ်ပြီး ခဏလောက်ကြည့်လိုက်ပါ။ ဘာမှ မကြားရဘဲနေရတဲ့ခံစားချက်ကတော်တော်လေးဆိုးတာနားလည်သွားပါလိမ့်မယ်။ ပါးစပ်လှုပ်တာကို ကြည့်ရုံနဲ့အရာရာကို နားလည်ဖို့က တော်တေ်ာလေးတော့ခက်တယ်။ ဒီတော့အကြားအာရုံက ဂရုစိုက်သင့်တယ်၊လို့ မထင်မိဘူးလား။

အကြားအာရုံက ဒီလောက်အထိအရေးပါတာပါ
အကြားအာရုံကြောင့် စကားပြောတတ်လာရတာပါ။အကြားအာရုံချို့တဲ့မှုကအပြောစွမ်းရည်ကိုပါထိခိုက်စေနိုင်ပါတယ်။အကြားအာရုံကောင်းမှပဲ နေ့စဉ်ဘဝမှာအခက်အခဲမရှိရှင်သန်နေထိုင်နိုင်မှာပါ။အကြားအာရုံကြောင့်ပဲအဆင်ပြေနေတာတွေအများကြီးပါ။အကြားအာရုံချို့ယွင်းနေသူတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝမှာအကောင်းဆုံးလည်ပတ်နိုင်စေဖို့ခက်ခဲမှာပါ။ ဒီတော့အကြားအာရုံကို ထိခိုက်အောင်လုပ်မိနေတာတွေရှိရင် ပြင်ဆင်နိုင်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့် သတိပေးပါရစေ။

ဒါတွေကြောင့်အကြားအာရုံထိခိုက်နိုင်ပါတယ်
အကြားအာရုံကလည်း ဂရုစိုက်ဖို့ လိုတဲ့အချက်တွေထဲကတစ်ခုပါ။
ကျယ်လောင်လွန်းတဲ့အသံတွေ
ဆူညံသံတွေ

သီချင်း အကျယ်ကြီးနားထောင်တာ

နားထဲကိုရေဝင်တာ
နားထဲကို ပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာ
နားကလော်တာ
နားသန့်ရှင်းရေးလုပ်တာတွေကြောင့် နားထိခိုက်နိုင်ပါတယ်။

နားကို ဒီလိုဂရုစိုက်ပါ
အကြားအာရုံကို ထိန်းသိမ်းဖို့ဆိုရင် နားကို ဒီလိုဂရုစိုက်ဖို့လိုမှာပါ။ နားသန့်ရှင်းတဲ့အခါ
နားကိုအလွန်အကျွံသန့်စင်တာမျိုးရှောင်ပါ။ နားအတွင်ပိုင်းထဲကို တုတ်ချောင်း၊ ချွန်ထက်တဲ့အရာတွေနဲ့ ထိုးကလော်တာမျိုးရှောင်ပါ။ ဒီလိုလုပ်တာကအခန့်မသင့်ရင်

နားစည် ကို ထိခိုက်စေနိုင်ပါတယ်။
နားဖာချေးက နားအတွင်းပိုင်းကို သန့်စင်ပေးတဲ့ သဘာဝစနစ်တစ်ခုပါ။ ဒါကြောင့် နားဖာချေးတွေကို တစ်စမကျန်ထုတ်ပစ်တာမျိုးမလုပ်ပါနဲ့။
နားထဲကနာတယ်၊အရမ်းကိုယားနေမယ်ဆိုရင်စိတ်ထင်တိုင်း ကလော်တာမျိုး၊ နားထဲကို တစ်ခုခုထည့်တာမျိုး (အရွက်အရည်တွေညှစ်ပြီးထည့်တာမျိုး) မလုပ်သင့်ပါဘူး။ ဆရာဝန်နဲ့သွားပြပေးပါ။ သီချင်းတွေကို

နားကြပ် တပ်ပြီးအသံကျယ်ကြီးနားထောင်တာမျိုး မလုပ်ပါနဲ့။
နားကနေ ပြည်၊ ဒါမှမဟုတ်အရည်တွေထွက်နေရင် ဆရာဝန်နဲ့ချက်ချင်းပြပေးပါ။
အသံဆူညံတဲ့အားကစားပွဲတွေကို သွားရောက်အားပေးမယ်ဆိုရင် နားကို ဂွမ်းဆို့သွားပါ။ ခပ်ဖွဖွလေးဆိုရင်အဆင်ပြေပါတယ်။

ရေကူး တဲ့အခါမျိုး၊ သြင်္ကန်ထွက်လည်တဲ့အခါမျိုး နဲ့ ခေါင်းလျှော်တဲ့အခါမျိုးမှာ နားကို နားဆို့လေးနဲ့ ဆို့ထားပေးပါ။ မတော်တဆရေဝင်တာကြောင့် နားထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။

နှာစေး တဲ့အခါ နှာခေါင်းနှစ်ဖက်စလုံးကို ပိတ်ပြီး နှပ်ညှစ်တာမျိုးမလုပ်ပါနဲ့။ နားစည်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အအေးမိတာကြောင့် နှာစေးနှာပိတ်ဖြစ်တဲ့အခါ

အဖျား တာရှည်မခံပါနဲ့။ လိုအပ်တဲ့ ကုသမှုကိုအမြန်ဆုံးခံယူပေးပါ။ ဒါမှနားထဲကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်မှာပါ။ နေ့စဉ်ရေချိုးပြီးတိုင်း နားထဲရေဝင်နေခဲ့ရင် ဂွမ်းစလေးနဲ့ နားထဲကရေတွေကိုဖယ်ထုတ်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ နားကို ဂွမ်းလေးဆို့တာမျိုးလုပ်ပါ။ နားထဲကို မတော်တဆတစ်ခုခုဝင်သွားခဲ့ရင်လည်း တတ်ကျွမ်းနားလည်သူထံကနေအကူအညီယူပါ။ နားထဲကိုအရွက်ကြိတ်ရည်တွေထည့်တာမျိုးရှောင်ပါ။

အုန်းဆီ စစ်စစ်ကိုတော့ နားထဲကို ထည့်ပေးလို့ရပါတယ်။အရေးကြီးတဲ့အကြားအာရုံကို သေချာလေးဂရုစိုက်လို့ ချစ်ခင်ရသူတွေရဲ့အသံနဲ့ သဘာဝကကြည်နူးစရာကောင်းတဲ့အသံလေးတွေကို ခံစားနိုင်ကြပါစေကြောင်း.........

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#နား
#အာရုံ
#အကြား
#ဂွမ်း
#နားဖာချေး

Some text some message..